Friday 9 October 2009

တပ်ချုပ်ကြီး ခရီးစဉ်အတွင်း လုပ်ကြံမှု ရှိနိုင်ကြောင်း သတင်းများထွက်ရှိ။



နေပြည်တော်တွင် ကျင်းပနေတဲ့၊ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံအပြီး၊ ထုံးစံအတိုင်းယတြာ ချေရန်အတွက်၊ ဧရာဝတီတိုင်းအတွင်းရှိ၊ နာဂစ် လေဘေးသင့် ဒေသတွေဆီ သွားရောက်ရန်၊ ဗေဒင်ဆရာ ဘိုးတော် မောင်မောင်က တပည့် ဖြစ်သူ တပ်ချုပ်ကြီး သန်းရွှေကို၊ ညွှန်ကြားချက် ပေးထားကြောင်း၊ သိရှိရပါတယ်။

အဲဒီ့ခရီးစဉ်အတွင်း၊ တပ်ချုပ်ကြီးသန်းရွှေကို၊ လုပ်ကြံရန် သတင်းများ ရရှိထားတာကြောင့်၊ ဧရာဝတီတိုင်းကို တာဝန်ယူထားတဲ့၊
ကစထမှူး ဗိုလ်ချုပ်ကိုကိုတယောက် တပ်ချုပ်ကြီးသွားမဲ့ ခရီးစဉ်တလျှောက် လုံခြုံရေးအတွက်၊ တင်းကြပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နေကြောင်း၊ ကားနဲ့သွားမဲ့ ခရီးလမ်းတွေကို ကိုယ်တိုင် လိုက်လံစစ်ဆေးနေကြောင်း၊ သတင်းများရရှိပါတယ်။

နာဂစ်လေဘေးသင့်ဒေသတွေကို၊ သွားရောက်ကြည့်ရှုယတြာချေပြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေသို့ ဆက်လက် သွားရောက် အနားယူမှာဖြစ်တယ်လို့ နေပြည်တော် စစ်ရုံးချုပ်မှ သတင်းရရှိပါတယ်။ ငွေဆောင် ပင်လယ်ကမ်းခြေရှိ၊ စင်ထရယ်ဟိုတယ်မှာ အနားယူဘို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ဘိုးတော် မောင်မောင်ရဲ့ ကြောင်တောင်တောင် အာရုံခံစားသိရှိချက်အရ၊ နေပြည်တော်ကြတ်ပြေး ဒေသတဝိုက်၊ မကြာမှီပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှာဖြစ်လို့၊ ဖခင်ဖြစ်သူ တပ်ချုပ်ကြီးသန်းရွှေကို၊ ယခု လိုယတြာချေရန်၊ ဒီခရီးစဉ်ကိုလွန်ခဲ့တဲ့၊ နှစ်ပါတ်က စီစဉ်ရေးဆွဲထားကြောင်း သိရှိရပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။
http://ko-htike.blogspot.com/
photo:http://jinghpawkasa.blogspot.com
မှကူးယူဖေါ်ပြသည်။

4 comments :

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ said...

အဘကို လုပ်ကြံမယ်ဟုတ်လား ပျင်းတောင် ပျင်းသေးတယ် ဟို အိုဘားမား သမ္မတဖြစ်တာ တစ်နှစ်တောင် မရှိသေးဘူး နိုဘယ်ရတယ် အဘ ကကြာပြီ ဘာမှလည်းမရဘူး အဘလုပ်နေတာ ငြိမ်းချမ်းရေးဘဲ ဥပဒေဘောင်အတွင်းကဘဲ လူသတ်တယ် အဘလုပ်တဲ့ စွမ်းဆောင်မှု အရှိဆုံး ငြိမ်းချမ်းရေးစွမ်းဆောင်မှုက ဟိုကောင်မလေးကို ချုပ်ထားတာဘဲ အပြင်မှာဆို ရုတ်ရုတ်ဖြစ်မှာစိုးလို့ ချုပ်ထားတာ အပြင်မှာ ဘယ်လောက်ငြိမ်းချမ်းသလဲ ဟားဟား

min said...

သူတရားကိုသူစီရင်သွားပါလိမ့်မယ်.မကောင်းတဲ့လူဟာ
မကောင်းတဲ့လမ်းကိုဘဲသွားမှာ.သူ့ရဲ့အတိတ်ဘဝက
ပြုခဲ့တဲ့ကောင်းမှု့ကံမကုန်သေးလို့သူဒုက္ခမရောက်သေး
တာပါ.ဒီကံကုန်သွားရင်ဒီဘဝမှာသူပြုခဲ့တဲ့ သူပြုနေတဲ့
အကုသိုလ်ကံတွေကသူ့ကိုအကျိုးပေးဖို့စောင့်နေတာအ
သေအချာပါဘဲ.သူ့မှာအကုသိုလ်တရားဘယ်လောက်
ကြီးမားနေသလဲဆိုတာသူ့ရဲ့ရုပ်လက္ခဏာကြည့်ကြပါ
ဘီလူးရုပ်ပေါက်နေတာတွေ့ကြပါလိမ့်မယ်.ပြည်သူတွေ
ရဲ့သွေးတွေချွေးတွေမျက်ရည်စတွေနဲ့ပေကျံနေတဲ့ထ
ထမင်းလုပ်တွေကိုသူနေ့တိုင်းမြိုချနေတာပါ.အဲဒါကိုမှအ
ရသာတွေ့နေတဲ့သူ့ရဲ့ဖြစ်ရပ်ဟာအကုသိုလ်တရားဘယ်
လောက်ကြီးမားနေတယ်ဆိုတာသူနဲ့သူ့မိသားစုမသိရှာ
ပေမဲ့ဗုဒ္ဓဘာသာဝင်စစ်စစ်တွေကတော့အားလုံးသိကြပါ
တယ်.သူ့လိုဘဲဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာကိုဗန်းပြ
ပြီးလုပ်စားနေကြတဲ့လူများလည်းခွေးဘီလူးသန်းရွှေလို
ဘဝမျိုးမဖြစ်အောင်အထူးသတိပြုကြပါလို့မေတ္တာရပ်ခံပါ
တယ်.စပါးနယ်တဲ့နွားကောက်ရိုးစားတယ်ဆိုတာဟိုက
တိရိစ္ဆာန်လူမဟုတ်ဘူး.လူတွေလုပ်တဲ့အလုပ်နဲ့တိရိစ္ဆန်
တွေလုပ်တဲ့အလုပ်မတူဘူးဆိုတာလေးတော့မမေ့ကြပါနဲ့
လို့နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ကျနော်ရေးတာရိုင်း
သွားပါတယ် နားလည်ပေးကြပါတစ်ချို့ တစ်ချို့သောလူ
အမည်ခံထားတဲ့.......တွေကရိုင်းရိုင်းလေးပြေပေးမှနား
လည်တတ်ကြပါတယ်။

Anonymous said...

သူတရားကိုသူစီရင်သွားပါလိမ့်မယ်တို့။
မကောင်းတဲ့လူဟာမကောင်းတဲ့လမ်းကိုဘဲသွားမှာတို့။
သူ့ရဲ့အတိတ်ဘဝကပြုခဲ့တဲ့ကောင်းမှု့ကံမကုန်သေးလို့သူဒုက္ခမရောက်သေးတာပါတို့။
ဒီကံကုန်သွားရင်ဒီဘဝမှာသူပြုခဲ့တဲ့ သူပြုနေတဲ့
အကုသိုလ်ကံတွေကသူ့ကိုအကျိုးပေးဖို့စောင့်နေတာအ
သေအချာပါဘဲတို့။
အဲဒီအပြောတွေ ဗမာတွေ တော်ဖို့သင့်ပြီဗျာ။
အဲဒီလိုနဲ့ ခံလာရတာ နှစ် မနည်းတော့ဘူး၊ ဟိုမှာ ဘုန်းလည်းကြီး အသက်လည်းရှည်။ ဘာမှလည်းမဖြစ်။
မဖြစ်တဲ့ အပြင် ဘုန်းကြီးတွေတောင် ထသတ်ဖို့ အမိန့် ထပ်ထုတ်ပေးလိုက်သေးတယ်။
သူသေစေချင်ရင် ထိုင်ဆုတောင်နေလို့လည်း သူမသေဘူးဗျ။ သူ့ကို သတ်မှ သေမှာ။ သူများသတ်တာကို ထိုင်စောင့်နေလို့ လည်း သူမသေဘူးဗျ။ ကိုယ်တိုင်ထ သတ်မှ သေမှာ။ အဲဒီ ကံတွေ အကုသိုလ်တွေကိစ္စ ဗမာတွေ တော်ဖို့ သင့်ပြီဗျ။

min said...

အဲဒီ့ကံတွေအကုသိုလ်တွေကိစ္စ ဗမာတွေတော်ဖို့သင့်ပြီ
ဗျာ).စိတ်မကောင်းစရာဘဲဗျာ.ဘယ်အရာမဆိုအကျိုးနဲ့
အကြောင်းဆက်စပ်နေတယ်ဆိုတာငြင်းလို့မရတဲ့အမှန်
တရားတစ်ခုပါဗျာ.ကျနော်ဆိုလိုတာကိုအဓိပ္ပါယ်ကောက်
လွဲသွားတယ်ထင်တယ်.ဗမာတွေကံကိုယုံတယ်ဆိုတာ
အကျိုးအကြောင်းခိုင်လုံလို့ဆိုတာတော့ခင်ဗျားနားလည်
စေချင်တယ်ဗျာ.ဘာဘဲဖြစ်ဖြစ်ကျနော့်ရဲ့မတောက်တ
ခေါ်က်အသိညဏ်လေးနဲ့ရေးမိလို့စိတ်ကသိကအောက်
ဖြစ်သွားတယ်ဆိုရင်တောင်းပန်ပါတယ်ဗျာ.ကျနော့်ရဲ့မှား
ယွင်းမှု့ပါ.