Thaksin playing golf with Hun Sen in 2008 (Photo: Reuters)
အောင်မိုး/ဂျေရာပွန်သော်မဆင်
ဘန်ကောက်၊ ထိုင်း
(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ မှ “Thaksin 'not covered' in extradition law” ဆောင်းပါး ကို ကိုးကား ဖော်ပြသည်။)
ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပလျက်ရှိသော ၁၅ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီး အာဆီယံ ထိပ်သီးညီလာခံ ၌ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် ကို ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ စီးပွားရေး အကြံပေး အတိုင်ပင်ခံ အဖြစ်ခန့်အပ်ဖို့ရှိတယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားခဲ့တယ်။
မြန်မာနိုင်ငံက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း လူအများက ပြောဆိုနေသလို၊ လူသန်းနဲ့ချီ ထောက်ခံမှုရရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် အကြောင်း ကို လည်း သူ့မှာ ပြောဆိုခွင့်ရှိတယ် လို့ ပြောဆိုသွားတယ်။ သူဟာ ထိုင်းဝန်ကြီးချုပ် ဟောင်းသပ်ခ်စင် ကို ထောက်ခံသူ တစ်ဦးမဟုတ်ပေမဲ့၊ ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ် ( Sam Rainsy ) ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၂ ပတ်က လာရောက်လည်ပတ် ခဲ့သလို၊ ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ခ်စင် ဟာ လည်း ကမ္ဘောရီးယား နိုင်ငံသို့ ဧည့်သည် တစ်ယောက်အဖြစ် အလည်အပတ် လာရောက်ခွင့် ရှိတယ် လို့ ပြောဆိုသွားတယ်။
ကမ္ဘောရီးယား အတိုက်အခံ ခေါင်းဆောင် ဆမ် ( Sam Rainsy ) ထိုင်းနိုင်ငံကို လည်ပတ်စဉ် ကမ္ဘောရီးယားရဲ့ ၀န်ကြီးချုပ် ဟွန်ဆန် အစိုးရ ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့စဉ်က သူအနေနဲ့ ကန့်ကွက်မှုမပြုလုပ်ခဲ့ဘူးပါလို့ သူက ဆိုတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသပ်ခ်စင် လာရောက် လည်ပတ်မှုကိုလည်း ထိုင်းအစိုးရက မကန့်ကွက်သင့် သလို၊ သပ်ခ်စင်ရဲ့ ပြစ်မှုကျူးလွန်မှုကို အရေးယူလွှဲအပ်ဖို့ တောင်းဆိုတဲ့ ထိုင်းအစိုးရ ၏ တောင်းဆိုချက် ကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုသွားတယ်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ် က တော့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းနိုင်ငံရဲ့ တကယ့်အခြေအနေ နဲ့ ၀န်ကြီးချုပ်ဟောင်းသပ်ခ်ဆင်ရဲ့ နိုင်ငံပိုင် ငွေကြေး တွေကို မိမိ ကိုယ်ကျိုးစီးပွားအတွက် အကျင့်ပျက်ခြစားခဲ့တဲ့ ပြစ်မှုကျူးလွန်ခဲ့မှု အကြောင်းနဲ့ ပက်သက်ပြီး သတင်းအချက်အလက် အမှန် မသိရှိရသေးလို့ သာဖြစ်တယ်။ တကယ်လို့ သာ သတင်း အချက်အလက် အမှန် တွေ သိရှိခဲ့မယ်ဆိုရင် ကမ္ဘောရီးယား ၀န်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲလာ ဖို့ မျှော်လင့် ပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆင်ဟာ လူတစ်ဦးတစ်ယောက် အတွက် အသုံးချခံ၊ ခုတုံးလုပ်ခံနေရတဲ့ သူမဖြစ်သင့်ဘူး လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ချေပပြောဆိုသွားတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က နှစ်ရှည် နေအိမ်အကျယ်ချုပ် ခံနေရတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးလှုပ်ရှားမှု လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ထိုင်းဝန်ကြီးချုပ် ဟောင်း သပ်ခ်ဆင်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေချင်းဟာ အတူတူပါပဲလို့ ထင်မြင်ယူဆ တဲ့သူ များများစားစား ရှိမှာမဟုတ်ကြောင်း၊ ဒီလို နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ တကယ့် အခြေအနေမှန် ကို နားလည်မှု လွဲနေတယ်ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာပဲလို့ လည်း ချေပ ပြောဆိုသွားပါတယ်။
ထိုင်းဝန်ကြီးချုပ် ဟောင်း သပ်ခ်ဆင် နှင့် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်ဟာ အင်မတန်မှာ ခင်မင်ကြတဲ့ ဂေါက်သီးရိုက်ဖော် မိတ်ဆွေများဖြစ်ကြတယ်။ ၀န်ကြီးချုပ် ဟောင်း သပ်ခ်ဆင် ဟာ ကမ္ဘောဒီးယား နိုင်ငံ Koh Kong အရပ်ဒေသ ကို ဒုတိယ ဟောင်ကောင်မြို့ တော်ဖြစ်အောင် တည်ထောင်ဖို့ ဒေါ်လာ ဘီလီယံနဲ့ချီ တဲ့ စီးပွားရေးရင်နှီးမှု အစီအစဉ်ကို အကြံပေးဆွေးနွေးတင်ပြခဲ့ဘူးသလို၊ ကမ္ဘောဒီးယားနိုင်ငံမှာ ဒေါ်လာ သန်းနဲ့ ချီတဲ့ စီးပွားရေး ရင်နှီးမြုပ်နှံ ထားမှုများလည်း ရှိနေတယ်လို့ သိရှိရပါသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်ဆင် ဟာ သူ့ရဲ့ အစိုးရလက်ထပ်က မြန်မာစစ်အုပ်စု ကို ဒေါ်လာသန်းနဲ့ချီ ငွေချေးဌားခဲ့သလို၊ ကမ္ဘောဒီးယား နိုင်ငံ အာဏာရှင် ဟွန်ဆန် အစိုးရ သို့ ငွေကြေး ဒေါ်လာသန်းချီ ချေဌားမှု တွေပြုလုပ်ပြီး အာဏာရှင်တွေကို အားပေးထောက်ခံမှု ပြုလုပ်ကာ၊ ကိုယ်ကျိုး စီးပွားရှာဖွေမှုတွေ ကို ပြုလုပ်ခဲ့တယ်လို့ သူ့ကို ဆန့်ကျင် ကန့်ကွက်သူတွေ က စွပ်စွဲပြောဆို နေကြတယ်။ ဒီအမှုတွေကို လည်း ထိုင်းဥပဒေအရ ထိုင်းအဆင့်မြင့် တရားရုံးတော်မှာ အရေးယူထားခြင်းခံနေရသူဖြစ်ပါတယ်။ အခုတော့ သူဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေးခိုလုံခွင့်ရရှိတော့မယ် လို့ ခန့်မှန်းရပါတယ်။
No comments :
Post a Comment