သီဟသူရတင်အောင်မြင့်ဦးအားအနားပေးလိုက်သည်ဆိုသည့်သတင်းမှာအတည်ပြုနိင်သလောက်ဖြစ်နေပါပြီ။ လောလောဆယ်မှာသူက အတွင်းရေးမှုး (၁) မှာရှိနေပြီး စစ်တပ်ရာထူးမှာတော့အနားယူသွားပြီဖြစ်ပါသည်။ သူသည် စစ်တပ်အတွင်း အဆင့် ၄ နေရာမှာရှိပြီ။ ခေါင်းမာသူသဘောထားတင်းမာသူဟုသတင်းထွက်သူဖြစ်သည်။လုပ်ဖေါ်ကိုင်ဖက်များကြားတွင်မည်သည့်လုပ်ငန်းကိုမဆို ကပ်တီးကပ်ဖဲ့ နိင်သူ ဟု သတ်မှတ်ခံရသူုဖြစ်ပါသည်။
သူသည် သန်းရွှေ ရဲ့ အားထားရသော လူယုံတဦးဖြစ်ပြီး မကြာသေးမီက တရုပ်နိင်ငံသို့ အလည်ပတ်သွားရောက်ခဲ့သေးသည်။ သူပြုတ်သွားသည့်အပေါ်တပ်အတွင်း အာဏာ လွန်ဆွဲပွဲဖြစ်ပေါ်နေနိင်စရာရှိသည်ဟုသုံးသပ်နိင်ပါသည်။
အမေရိကန် အစိုးရမှာ သဘောထားပြောင်းလဲပြီး အဆင့်မြင့်ကိုယ်စားလှယ်ခြင်း ဆက်ဆံလာမှုအပေါ်မှာ
ဗိုလ်ချုပ်ကြီးမောင်အေး၊ ရွှေမန်း တို့ က အခွင့်လန်းကောင်း ဟုသုံးသပ်ပြီး အမေရိကန်နှင့် နားလည်မှု အပေးအယူ လုပ်လို ကြောင်းသိရသည်။ နိင်ငံနှင့်တပ်မတော်အတွက် အခွင့်လန်းကောင်းတွေရယူနိင်သည်ဟု ယူဆကြသည်။ သို့ ရာတွင်-
သန်းရွှေ ၊ သီဟသူရတင်အောင်မြင့်ဦး တို့ က အမေရိကန်နှင့်ဆက်ဆံရေးတိုးမြင့်လာခြင်းကို အဆိုးမြင်ကြသည်။ နိင်ငံတော်အချုပ်အခြာနှင့်ပြည်တွင်းရေးကို ထိခိုက်နိင်သည်ဟု အဆိုးမြင်ရှိကြသည်။
အမေရိကန်ရဲ့မြန်မာနိင်ငံအပေါ် ဆက်ဆံရေးတဆစ်ချိုးပြောင်းလဲလာမှုကြောင့်တပ်ခေါင်းဆောင်ပိုင်းအတွင်း အမြင်နစ်မျိုးဖြစ်လာနေသည်ပြီး သန်းရွှေ အာဏာ ကန့် သတ်ခံရ နေပြီလားဟုသုံးသပ်စရာဖြစ်နေသည်။
တင်အောင်မြင့်ဦး ရုတ်တရက် ရာထူးမှ ကန့် သတ်ခံလာရမှု က ထိုအမြင်ကိုတိုးတက်ခိုင်မာ နေသလိုဖြစ်နေပါသည်။
တင်အောင်မြင့်ဦး ရုတ်တရက် ရာထူးမှ ကန့် သတ်ခံလာရမှု က ထိုအမြင်ကိုတိုးတက်ခိုင်မာ နေသလိုဖြစ်နေပါသည်။
1 comment :
ကျွန်တော်အတိကျတော့မသိဘူး။ကြားရတာလူမိုက်လိုလိုဘာလိုလိုကောင်...မအေးပေး နေရွေသွေးကော်ဖီဆိုင်ကိုဖြိုတဲ့ကိစ္စနဲ့လည်းပက်သက်တယ်
ုကြားရတယ်နော်။
Post a Comment