Monday 16 November 2009

ဇိုရာဖန်း ဖို့ ခွပ်ဒေါင်းအလံ



မနပုလောမကျခင် မန်းရှာအိမ်က ကျနော်တို့ အားလုံးအတွက် စားအိမ်သောက်အိမ်၊နိင်ငံရေးပြသနာပေါင်းများစွားကိုအဖြေရှာတဲ့နေရာဖြစ်ခဲ့ဘူးတယ်။ ကျနော်တို့ နိင်ငံရေးအကြောင်းတွေကို အပြင်အထန်ဆွေးနွေးနေရင် ဆရာမန်းရှာဇနီး က ချက်ပြုတ်နေရင် နားစွင့်နေတယ်။ ဒီအချိန်မှာ မီးဖိုချောင် အပေါက်ဝ က ကုတ်ကုတ်လေးထိုင်ပြီးကြည့်နေတဲ့အသက် ၁၀ နစ်ခန့် ရှိတဲ့ ကလေးတယောက်ကိုလည်းသတိပြုမိတယ်။ ခုတော့ဒီကလေးက ကရင့်အမျိုးသားအလံတဖက်၊ ခွပ်ဒေါင်းအလံတဖက်ကိုကိုကိုင်ပြီး ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်လာရမယ်လို့ ကျနော် မထင်ထားမိခဲ့ပါဘူး။ သူကတော့ဇိုရာဖန်းပါ။


-----------------------------

ကျနော် အင်္ဂလန် သို့ ရောက်စဉ် ဇိုရာဖန်း နဲ့ တွေ့ ဆုံခဲ့တယ်။ ကျနော်တို့  တည်းနေရာ ဒက်ကနန် ဟိဝေး ရပ်ကွက်သို့ သူလာခဲ့သည်။ သူကိုမတွေ့ တာ ၁၀ နစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ မနပုလောမကျခင်မှာသူကိုနောက်ဆုံးတွေခဲ့တယ်။ သူရယ်၊သူအဖေမန်းရှာရယ်၊သူမိခင်ကြီး နန်းရွေကျင်ရယ်။ သူအကို စေးစေးရယ်။သူအဖေသည်ကရင်တော်လှန်ရေးတွင်ကျဆုံးခဲ့ပြီ၊သူမိခင်ကြီးသည်လည်း တော်လှန်ရေးရဲဘော်တဦးဖြစ်ခဲ့သည်။ စက်သွယ်ရေးရဲဘော်တဦး၊၁၉၇၀၀န်ကျင်းကာလ မဆလခေတ် ဖြတ်လေးဖြတ်ကာလတွင် ရိုင်ဖယ်သေနပ်ကိုလွယ်ပြီး ရေစီးကြမ်းသော စစ်တောင်းမြစ်ကိုဖြတ်ကူးခဲ့သည့် အကြောင်းကိုကျနော်တို့ နားထောင်လို့ မရိုးခဲ့ဘူး။ ကရင်အမျိုးသားလှုပ်ရှားမှုမှာ သူ့ မိဘ နစ်ပါးစလုံးအသက်ပေးခဲ့ကြပါပြီ။ သူဟာငယ်သေးတယ်။ လူငယ်တယောက်ရဲ့ ပျှော်ရွှင်မှုတွေအပူအပင်ကင်းမှုတွေ သူခံစားသင့်ပါတယ်။

--------------------------------

သူဘ၀မှ ဒီအခြေအနေမရှိခဲ့ပါဘူး။ ကရင့်အမျိုးသားလှုပ်ရှားမှုက သူဘ၀ကို နက်ရှိုင်းစွာတည်ရှိနေတယ်။
 စစ်အစိုးရကြောင့် ဒုက္ခအထွေထွေခံစားနေရတဲ့ ရင့်အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေ
အတွက် သူဟာ မျက်မြင်သက်သေဖြစ်နေရ ပါပြီ။

 သူမျက်နာကိုတွေ့ တော့ သူအဖေကိုသတိရလာမိတယ်။ သူမျက်နာသိပ်မပြောင်း၊ အလွန်းအမင်းရှက်တဲ့ပုံတော့မရှိတော့ဘူး ။ ကိုယ်ကိုကိုယ်ယုံကြည်မှုတွေရှိနေတယ်။ သူဖခင်ကြီးလိုပဲ ယုံကြည်မှုရှိတယ်။ ခင်မင်စရာကောင်းတာတွေရှိနေတယ်။ သူလုပ်နေတဲ့ လှုပ်ရှားမှု၊ နိင်ငံတကာ လှုပ်ရှားမှုအတွေ့ အကြုံတွေကို သူပြောပြတယ်။ သူရဲ့ ပြောင်းလဲတိုးတက်လာမှုတွေကို ကျနော် ၀မ်းသာမိတယ်။ သူရေးထားတဲ့သဘ၀အကြောင်းစာအုပ်ကိုကျနော်ကိုလက်ဆောင်ပေးတယ်။

အတုံးအရုံးပြုလဲမှုတွေကြားမှာ ရုမ်းကန်ထနိင်စွမ်းရှိနေတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့  ခွပ်ဒေါင်းအလံတလက်အမှတ်တရပေးခဲ့တယ်။ဒီအလံကိုသိမ်းထားပါ။ခွပ်ဒေါင်းအလံဆိုတာအဖိနပ်ခံပြည်သူတွေဖက်ကအမြဲရပ်တည်နေမယ်ဆိုတဲ့သဘောပါ။ ကရင်အမျိုးသားတွေအတွက်ကရင်ပြည်နယ် ရပါစေ သမီး။

- မိုးသီးဇွန် -
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်-  FBF 




(  အုပ်စု ဓါတ်ပုံ- ၀ဲမှယာ- ကိုသန့် ဇင်၊ ကိုဇော်ဝင်း၊ ကိုမိုးသီး၊ဇိုရာဖန်း၊ ဖိုးခွား၊ ကိုဇော်ဇော်အောင် ( ဗကသ) )

4 comments :

Anonymous said...

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို ကရင်ပြည်နယ် မှမဟုတ် တိုင်းရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမည်..သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် ကိုယ်ပိုင် လက်နက်ကိုင်တပ်လည်းထားမည်ဆိုသောအရာကို လက်ခံမည်မဟုတ်ပေ...ထို့ကြောင့် လက်နက်ကိုင်တွေအနေနဲ့အပြီးစွန့်လွှတ်ရမည်ဖြစ်သည်.. မစွှ့န်လွှတ်ချင်ရင် နယ်ခြားစောင့်အဖြစ် မိမိဒေသမှာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်...

Kane said...

What an Unwise Encouragement!

Anonymous said...

ကျုပ်သိတာကတော့ ဇိုရာဖန်းက သူ့ အဖေလို မဟုတ်ဘူး။ လုံးဝရင့်ကျက်မှု မရှိဘူး။ ရင့်ကျက်ချက်ယောင် ဆောင်နေတာပဲရှိတယ်။ ကိုမိုးသီး အနေနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ လူကြီးတစ်ယောက်လုပ်ပြီး လိုအပ်တာတွေ ကိုဆုံးမခဲ့ဖို့ ကောင်းတယ်။ ဒီကောင်မလေးက တလွဲဆံပင်ကောင်းသူတွေထုံးစံအတိုင်း ပုဂ္ဂိုလ်ရေးဦးစားပေးနေတာ အားလုံးအသိပဲ။ ကိုယ် နာမည်ကျော်ကြားမှု ကို ခုံမင်နေတယ်။ နိုင်ငံရေး နဲ့ ပုဂ္ဂိုလ်ရေး ကိုခွဲခြားမသိဘူး။ Burma Campaign UK ရဲ့ အမာခံမျောက်ဖြစ်နေတယ်။ Burma Campaign UK ကလည်း မော်ဒယ်လ် ဂိုက်ဖန်းပြီး နိုင်ငံရေးလှုပ်ရှားသူ လူငယ်တွေ နဲ့ မတူတဲ့ တိုင်းရင်းသူတွေ အသုံးချနေတာ တော်တော်ရှက်ဖို့ ကောင်းတယ်။ ဒါလား နိုင်ငံရေး။ ဇိုရာဖန်း အနေနဲ့ သူ့ ဖေ ရဲ့ အမွေကို ခံယူမယ်ဆိုရင် သူ့ အဖေလိုပဲ တောထဲမှာ တော်လှန်ရေးဆက်လုပ်ရမယ်။

Anonymous said...

Ko Mothee, I recall YouTube clips of Zora's father's talks and also Zora's.
Pado Mahn Sha seems like
a very wise man, it is a big lost
for the Karen people. This Junta
will be tried for so many atrocities, including assasinating
him. Instead of feeling sorry for
Zora, this person that is bad
mouthing her, apparently Junta
paid mouth piece, how low and
dispicable can one human being
get. These military
dogs who comes and give these
comments make me wonder, are you
guys doing it because you have
no choice, because of a salary
as officer equivalent of $200.
Why don't you use your brain,
under a new fair democratic
government, all citizens will
have the same level of pay as
neighboring countries like SG
Malaysia and Thailand. Our
country is rich of natural
resources and also brain
power. Even if you can't revolt overtly do it covertly.
That is really nice of you and
your group to visit Zora and
give her the Pecock Flag.
I wish Zora happiness and
success, I am sure her father
is watching over his little
daughter. Keep up the good
work Ko Mothee and group.
Thank You.