Thursday, 26 November 2009

မြန်မာ ဘုန်းတော်ကြီး တပါး ကြောင့် လေယာဉ် ၇နာရီမျှ ကြန့်ကြာမှုဖြစ်ပွား


-The Telegraph-

မြန်မာ ဘုန်းတော်ကြီး တပါး လေယာဉ်မထွက်ခွာမီ လေယာဉ်ထဲရှိ အရေးပေါ်တံခါးကို ရုတ်တရက် ဖွင့်လိုက်မှုကြောင့် အိန္ဒိယနိုင်ငံ ကလကတ္တား လေဆိပ်တွင် လေယာဉ် ၇နာရီမျှ ကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်း အိန္ဒိယ သတင်းစာများတွင် ရေးသားဖော်ပြထားကြသည်။ လေကြောင်း ထိမ်းသိမ်းရေး နှင့် လေဆိပ်တာဝန်ရှိ သူများ ၏ ပြောပြချက်အရ ဘုန်တော်ကြီး မှာ သက်တော် ၄၅နှစ်ရှိ ဦးဝါဇသုဂ္ဂ (Waza Thunga) ဆိုသူ ဖြစ်ပြီး၊ လေကောင်းလေသန့်မရ၍ လေယာဉ် အရေးပေါ်တံခါးကို ဖွင့်ခဲ့ကြောင်း၊ ထိုလေယာဉ်မှာ အဲယားအိန္ဒိယ လေကြောင်းလိုင်း မှ အဲယားဘတ်(စ်) ၃၂၀ လေယာဉ် အမျိုးအစားဖြစ်ပြီး ခရီးသည် ၁၃၉ ယောက် နှင့် တနင်္လာနေ့ နံက် ၁၀နာရီ ၁၀မိနစ် က ကလကတ္တားမှ ရန်ကုန်သို့ ပျံသန်းမည့် ခရီးစဉ်အမှတ် အိုင်စီ-၇၂၇ ( IC-727 ) ဖြစ်သည်ဟု သိရှိရသည်။


လေဆိပ်တာဝန်ရှိ သူများ ၏ ပြောပြချက်အရ ဘုန်တော်ကြီး ဦးဝါဇသုဂ္ဂ သည် လေယာဉ်၌ ခုံအမှတ် အေ ၁၁ မှာ ထိုင်ခဲ့ပြီး၊ စပ်စုလိုမှုဖြင့် မတော်တဆ အရေးပေါ်တံခါးလက်ကိုင်ကို ဆွဲကိုင်လိုက်မှုကြောင့် သတိပေးချက်များ ဆူညံလာပြီး၊ ခရီးသည်များ အားလုံးကို စက္ကန့် ၉၀ အတွင်း လေယာဉ်မှ ဖယ်ရှားခဲ့ရကြောင်း သိရသည်။ ရည်ရွယ်မှုမပါပဲ မတော်တဆဖြစ်ပွား ခဲ့မှုကြောင့် မည်သည့်အရေးယူမှုကိုမျှပြုလုပ်မည်မဟုတ်ကြောင်း တယ်လီဂရက်ပ် သတင်းစာ ထဲမှာ ရေးသားဖော်ပြထားပါသည်။

သတင်းအပြည့်အစုံ- The Telegraph


No comments :