သတင်း
ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ် ရဲတပ်ရင်း(၇) မှ တပ်ရင်းမှူးဖြစ်သူ ဒုရဲမှူးခင်ဇော် တရားမ၀င်ငွေလက်ခံပြီး ရဲတပ်ရင်းဝင်းအတွင်း လိုင်စင်မဲ့နွားသတ်လုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိပါသည်။ အဆိုပါ လုပ်ငန်း လုပ် ကိုင်ခွင့်ရအောင် ကျောက်တန်းမြို့နယ်နေ မောင်ရွှီးဆိုသူမှ ဒုရဲမှူးခင်ဇော်အား ငွေကြေးနှင့် တန်စိုး လက်ဆောင် များပေးကမ်းခဲ့သည်။
နွားတကောင်ကို ၅၀၀၀ ကျပ်နှုန်း ဒုရဲမှူးခင်ဇော် ကို ပေးရပြီး တရက်လျှင် နွားကောင်ရေ ၂၅ ကောင်မှ ကောင်ရေ ၃၀ အထိ လိုင်စင်မဲ့သတ်ဖြတ်လျက်ရှိသည်။ သတ်မည့် နွားများအား ကျောက်တန်းမြို့နယ် အပိုင်ကျေးရွာများမှ လိုက်လံကောက်ယူတာဖြစ်ပြီး နွားပေါက်ကလေးအရွယ်မှအစ နွားအိုအရွယ်များ အထိ အရွယ်စုံ ပါဝင်သည်။
ကျေးရွာတွေကနေ စုကောက်လာသည့်နွားများကို ရဲတပ်ရင်း(၇)၀င်းထဲမှာ တင်းကုပ်ဆောက်ပြီးထားကာ နွားသတ် သည့်တဲကိုမူအမိုးအကာအလုံအခြုံဆောက်လုပ်ထားကြောင်းသိရှိရပြီး ထိုသို့လိုင်စင်မဲ့ နွားသတ် လုပ်ငန်းလုပ်ကိုင် နေခြင်းကို ရဲတပ်ရင်းဝင်းအနီးအနားတွင်နေထိုင်သော ရွာသူရွာသားများက မကြေနပ်ကြကြောင်း စုံစမ်းသိရှိရ ပါသည်။
ဒုရဲမှူးခင်ဇော် နှင့် ဇနီးဒေါ်ရီရီမြင့်တို့မှာ နာမည်ပျက်နှင့်ကျော်ကြားသူများဖြစ်ကြောင်း ရဲတပ်ဝင်း အတွင်း နေထိုင်သူ ရဲဝန်ထမ်းမိသားစုဝင်တဦးမှ အောက်ပါအတိုင်း ပြောကြားပါသည်။
နာဂစ်မုန်တိုင်းတိုက်တုန်းက ရဲတပ်ရင်း(၇)၀င်းထဲကအဆောက်အအုံ(၆)လုံးပျက်စီးတယ်။ ဘားတိုက်တွေပေါ့။ နိုင်ငံတော်ကအပျက်အစီးစာရင်းလာကောက်တဲ့အခါမှာ ဒုရဲမှူးခင်ဇော်က အပျက်အစီးစာရင်းကို ပိုတင်လိုက်တယ်။ နိုင်ငံတော်ကအပျက်အစီးတွေပြင်ဆင်ဖို့အတွက် ကျပ်သိန်းတထောင်ကျော်ချပေးတယ်။ဒါပေမယ့် တပ်ရင်းမှူး ခင်ဇော်က အဆောက်အအုံနှစ်လုံးကိုသာပြင်ဆင်ပြီး ကျန်တဲ့ငွေတွေကိုသူပိုင်ငွေအဖြစ်သုံးစွဲလိုက်တယ်။ ပျက်စီး နေတဲ့ ကျန်တဲ့ အဆောက်အဦးထဲကတခုနှစ်ခုကိုတော့ ၀ါးထရံတွေကာထားတယ်။
တပ်ရင်းမှူးကတော်ဒေါ်ရီရီမြင့် ဆိုရင်လည်း ကျောက်တန်းးမြို့ဈေးထဲကဆန်ဆိုင်တဆိုင်နဲ့ရဲတပ်ရင်းရဲ့ ပတ်ဝန်းကျင် ရွာကရွာသားတွေကိုတဆယ်တိုးနဲ့ငွေတိုးချေးပါတယ်။သူသတ်မှတ်ထားတဲ့ရက်အတွင်းပြန်မဆပ်နိုင်ရင်တော့ သူက အဲဒီပိုက်ဆံချေးထားတဲ့ ရွာသားတွေဆီက ကျွဲ၊နွား၊ဆိတ်၊၀က်တွေကို သိမ်းပါတယ်။ပြီးခဲ့တဲ့ 10 လပိုင်းက ပိုက်ဆံ ပြန်မဆပ်နိုင်တဲ့ ရွှေပြည်သာယာစံပြကွက်သစ် (ကုန်းတန်းကျေးရွာ)နေ ကိုကုလားကြီးတို့ မိသားစုပိုင် ၀က်တွေကို လာရောက် သိမ်းယူသွားပါတယ်။
ထို့ပြင် တပ်ပိုင်ကြက်ခြံတွေကိုလည်း ရွာနားမှာ လာဆောက်ပြီးကြက်တွေ အကြီးအကျယ်မွေးနေတဲ့ အတွက် ရွာသားတွေခမျာလေသင့်တိုင်းကြက်ချေးနံ့တွေကိုနေ့စဉ်နဲ့အမျှရှူနေရတဲ့အတွက်စိတ်မချမ်းမသာဖြစ်နေရကြောင်း သတင်းရရှိပါသည်။
No comments :
Post a Comment