မတရားတာတွေ့ ရင် ဒါမတရားဘူးလို့ ပြောပါ
Think Globally, Act Locally. Knowledge Is Power. Stay With Us !
There have been millions of viewers to this blog since it started in September of 2007


"The Current Leadership in Burma Is Aging. We Encourage More Young People to Engage and Participate in the Political Process Because It Is the Affairs of the Country, and It Is Their Future."


Friday, 20 November 2009

ကိုထူကိုယ်ထ ၊ ကိုယ်က စ


ကိုထူကိုယ်ထ ၊ ကိုယ်က စ
( ဗလ)

ဗုဒဓဘာသာဝင် အများစုနေထိုင်ရာ ဗမာပြည်က လူအများစုမှာ ကံကိုယုံကြည်ကြပါသည်။ ကျနော်လဲ ဗမာပြည်သား ဗုဒ္ဓြွဘာသာဝင်တဦးပီပီ ကံကိုယုံပါသည်။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာခြားတာတွေကို ရှေးကံ အကျိုးပေးဟု ယူကြတာကိုလဲ ကျနော်တို့ ဗမာပြည်သားတွေ အ သားတကြ ရှိကြပါသည်။ အတော်အတန်ကတော့ ပြဿနာ ဟုမယူဆကြပါ။
ဒါပေမဲ့ ဒီ လက်ရှိအချိန်မှာ ဗမာပြည်ပုဂ္ဂိုလ်ကြီးငယ်တို့ ထူထောင်ထားသော ကုသိုလ်ကံ အယူအဆကတော့ လွန်လွန်းသည်။ သူတို့ရယူနေသမျှ အားလုံးကိုတော့ သူတို့ရဲ့ ဘုန်းကံကြောင့်ဟု သတ်မှတ်ယူဆကြသည်။ သူတို့က လုပ်ပေးရသည့် ကိစ္စဟူသမျှကိုတော့ သူတို့ရဲ့ စိတ်စေတနာ ဂရုဏာတော် အဖြစ် ဟိတ်ဟန်ထုတ်ကြသည်။
နိုင်ငံရေး အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နအဖ ဗိုလ်ချုပ် များ နှင့် အဆင့်ဆင့်သော အရာရှိ ကြီးငယ်များကလဲ တိုင်းပြည်၏ သံယံဇာတ ဘဏ္ဍာ တော်တွေ ခိုးဝှက်ခြင်း နှင့်တကွ လဒ် စားရယူသမျှကို သူတို့ရဲ့ဖုန်းကံ ပါရမီကြောင့်ဟု ရုပ်လုံးဖေါ် ချင်ကြသည်။ တိုင်းပြည်အုပ်ချုပ်သူ ရာထူးအဆင့်တာဝန် ယူထားသူအနေနဲ့ လုပ်ကြရမည့် ဖွံ့ဖြိုး ရေးအပါအဝင် တာဝန်ဝတ္တရားများကိုတော့ သူတို့ရဲ့ စိတ်စေတနာ မဟာဂရုဏာတော် အဖြစ် ပုံဖေါ်တတ်ကြပြီး သက်ဆိုင်တဲ့ ပြည်သူအများက ကျေးဇူးတင် ရှိခိုးဦးခိုက်ကြရဦးမည့် အဖြစ် ရောက်အောင် ဖန်တီးချင်ကြသည်။ သူတို့ နအဖတွေဘာလို့ ဒီလိုလုပ်နေတာလဲ၊ တခြားအကြောင်းတွေလဲ အများကြီးရှိပါလိမ္မည် ကျနော့အနေနဲ့ သူတို့ရဲ့ စိတ်ကူးပုံရိပ်ကို ဒီခန့်မှန်းကြည့် မိသည်၊ “ ဂျပန်တွေက မေဂျီပြုပြင်ပြောင်းလွဲရေးခေတ် တွင် ဆာမူရိုင်းစစ်ဘုရင်မိသားစုကြီး များက ကာဝါဆာကီ မစ်ဆူဘီချီ ဆူဇူကီ စသော စစ်ဓနရှင်အုပ်စုကြီးများ အဖြစ်အသွင်ပြောင်း ပြီး စီးပွါးရေး နိုင်ငံရေး အာဏာကိုဆက်ကိုင်ပြီး အုပ်စိုးသူလူတန်းစားအဖြစ် ဆက်သယ်ဆောင် ရပ်တည်သွားခဲ့တဲ့တယ်၊ စက်မှုတည်ထောင် ဖွံဖြိုးမှုနဲ့အတူ ပေါ်လာတဲ့ ပစ္စည်းမဲ့ စက်ရုံလုပ်သား လူတန်းစားရဲ့ ဦးဆောင် ကွန်မြူနစ်တွေကတော့ ဖြိုခွဲနှိပ်ကွပ်ခံလိုက်ရတယ် “ နအဖ ဗိုလ်ချုပ်တွေကလဲ အဲဒီလိုဖြစ်ချင်ကြပုံပေါ်တယ်။ ဒါပေမဲ့ ဒီနေ့ ဗမာပြည်ကို ၁၈-ရာစုက ဂျပန် ပြည်လို ကိုင်တွယ်လို့တော့ ရမယ်လို့ ကျနော်မထင်ဘူး။
------

နည်းပညာတိုးတက်မှုကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ကုန်လုပ်ဆက်ဆံရေး ပုံစံပြောင်းသည် အကျိုးစီးပွါး ဓနဥစ္စာ ခွဲဝေမှုပုံစံပြောင်းသည် ဒီလိုနဲ့ သက်ဦးဆံပိုင် ကံကြွေးချစံနစ်တွေနဲ့ ဘုရား ကျောင်းများ အာဏာစုရပ် ပြိုကွဲပြီး နိုင်ငံရေးစံနစ်များ လူနေမှုစံနစ်များ ပြောင်းခဲ့သည်။ ယခုလဲ ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ ပြောင်းနေသည်၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတိုးတက်မှု တွေကြောင့် ဖြစ်နေသော အပြောင်းအလွဲများကလဲ လူတွေရဲ့ သိမြင်ပုံ နားလည်ပုံ စဉ်းစားတွေး ခေါ်ပုံကစပြီး နေထိုင်မှုပုံစံ life style အထိအပြောင်းအလွဲများ ဖြစ်နေစေပါသည်။ ဗမာတွေ လဲ မကျန်ရစ်ပါ၊ အပြောင်းအလဲတွေဖြစ်နေပါသည်၊ အပြောင်းအလွဲတွေဖြစ်ပါလိမ္မဦးမည်။ လူတွေစီးပွါး ရှာကြပုံနဲ့ ရွှေ့ပြောင်းနေထိုင်ကြပုံ အားလုံးဟာလဲ ကြီးမားတဲ့ အထုအထည် အရှိန် အဟုန်နဲ့ ဖြစ်နေကြပါသည်။ ဒါတွေက အနာဂါတ် ကမာကြီးကို သွန်းလောင်းပုံဖေါ်နေသည်။ ဒီရေစီးကြောင်းကြီးထဲမှာ တက်မပါ ရွက်မပါ ၊အထူးသဖြင့် ပှဲ့မပါဘဲမျောနေတာက ကျနော်တို့ ဗမာပြည်ဖြစ်သည်။ ဘယ်သောင်ဆိုက်လို့ ဘယ်ကမ်းရောက်မည် မသိသေး။
လောလောဆယ် တော့ NGO တခုက ထုတ်ပြန်တဲ့ အတည်မပြုနိုင်သေးတဲ့ စရင်း ကိန်းဂဏန်း တခုကတော့ ဗမာပြည်သား ၁ဝ-ရာခိုင်နှုန်း ခန့်ဖြစ်တဲ့ လူ ၅-သန်းဟာ တိုင်းပြည် ပြင်ပကို ရောက်နေတယ်လို့ ဆိုပါတယ် ဒီလူအများစုကလဲ အသက်၁၇ ကနေ ၄၇ ကြားအသက် အုပ်စုဖြစ်တယ်လို့ ဆိုပါ တယ်၊ တချိန်ကတော့ တိုင်းပြည်တွေက ပညာတတ်တွေ ထွက်ခွါတာကို ဦးနှောက်ယိုစီးမှု လို့ ပြောကြပါတယ်၊ ခုဗမာပြည်ကတော့ ဦးနှောက်တင်မက ကြွက်သားပါ ယိုစီး နေတာလို့ ပြောနိုင်သည်။ ခုလို တိုင်းပြည်က ထွက်ခွါနေကြတာ ဗမာပြည်အရေးကိစ္စ ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်မှန်းတော့ အားလုံးသိကြပါသည်။
နအဖ စစ်အစိုးရကတော့ လမ်းပြမြေပုံ အညွှန်းအရ ၂ဝ၁ဝ မှာ ရေွးှကောက်ပွဲ ကျင်းပ ပြီး ပြဿနာကို သူ့တို့စိတ်ကြိုက် အဖြေထုတ် နိဂုန်းချုပ်ဖို့ ကြိုးစားနေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အားနည်းချက်ကြောင့် လည်ကောင်း ဗမာပြည်ရဲ့ သဘောသဘာဝ အနေအထားကြောင့်လည်း ကောင်း သူတို့ လိုချင်သလို ဖြစ်မြောက် ပြေလည်သွားမည်ဟုတော့ မထင်၊ ပြဿနာသစ် တွေတော့ အများကြီးထပ်ပေါ်လာနိုင်သည်။ နအဖ မဟုတ်သော ကျန်လူ အပေါင်းကလဲ နည်း လမ်းကြံဆ ရှာဖွေကြိုးစားနေကြတုံးဖြစ်ကြသည်။ ကျနော်တို့ အမြင် အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ နိုင်ငံရေးစံနစ် ပြုပြင်ပြောင်းလွဲရေး အယူအဆဘက်ကကြည့်လျှင် နအဖနှင့် ကျန် လူတွေ ဘယ်ဘက်ကမှ ပြည်သူလက်ခံနိုင်လောက်သည့် အစီအစဉ်ကို မဖေါ်ဆောင်နိုင်သေးပါ။ နိုင်ငံရေးကိစ္စ၊ တိုင်းရေးပြည်ရေး၊ အစိုးရနှင့် နိုင်ငံရေးအာဏာ များကို သာမန်ပြည်သူတွေနဲ့ မဆိုင်သလို ထားနေ လုပ်နေကြတုံးဖြစ်သည်။
လက်ရှိဗမာအတွက် အစိုးရ နှစ်ရပ်ရှိပါသည်၊ တခုက SPDC နအဖ စစ်အာဏာရှင် အစိုးရဖြစ်ပြီး နောက်တခုက NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရ ဖြစ်ပါသည်၊၊ ဝီကီ သုတစွယ်စုံကြီးတွင် အမေရိကန် ပြည်တွင်းစစ်နှင့် ပါတ်သက်၍ တချက်မျှ ကြည့်မိရာ သမတကြီး လင်ကွန်း၏ အကြောင်း နှင့် ဂတ်တီစဘတ် မိန်ခွန်း Gettysburg Address ကိုတွေမိသည့်၊ ကမာ ကျော် သမိုင်းဝင် စကားလုံးများ ဖြစ်သော of the people, by the people, for the people, ဆိုတာလဲ တွေ့သည်၊ အဓိပ္ပါယ်ဖေါ်ပြချက် အနေနဲ့ made for the people, made by the people, and answerable to the people,……government of the people, by the people ...
ဆိုတာလဲ တွေ့မိရပါသည်။ ဒါကိုကြည့်ပြီး ကျနော်တို့ရဲ့ အဖြစ်ကို စဉ်းစားမိတော့ စိတ်မကောင်း ဖြစ်ရသည်။ နအဖ အစိုးရက of the Generals, by the Generals, for the Generals, ဖြစ်နေပြီး၊ အန်န်စီဂျီယူဘီ အစိုးရကတော့ of the Elites, by the MPs, for the Elites ဖြစ်နေသည်။ ဒီနှစ်မျိုးလုံးကတော့ ကျနော်တို့ လိုချင်တဲ့ အစိုးရ မျိုးမဟုတ်သေး။ အထက်ပါအစိုးရနှစ်ရပ်လုံးမှာ ကျနော်တို့ လူထုအတွက် အစိုးရများ ဖြစ်လာစ ရာ အကြောင်းမရှိပါက ကျနော်တို့အနေဖြင့် လူထုကိုယ်တိုင်က လူထုရဲ့အစိုးရကို လူထုအတွက် လုပ်ကြရပါမည်၊
တလောကတော့ ကိုအောင်သူငြိမ်းက ဝီကီအစိုးရ၊ ဝီကီလွှတ်တော် ဆိုပြီး ရေးပါ တယ်၊ ဘာလို့များ အလုပ်ဖြစ်လောက်တဲ့အထိ ဆက်မရေးတာလဲ လို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ ကျနော်စာသုံးပုဒ် ရေးအပြီး တချို့က ဆက်သွယ်ပြောကြားလာတယ် ရေးတာတွေက သိပ်ပွင့်လင်းပြီး လုပ်ဟန်တွေအထိ အသေးစိတ်ရေးတော့ သူများတွေ (အထူးသဖြင့် နအဖ ) က ကောက်စားသွားမည် ကောက်လုပ်သွားမည်၊ ကို စိုးရိမ်ကြောင်းဖြစ်သည်။ သည်တော့ ကိုအောင်သူငြိမ်း သဘောမျှသာ ရေးတာ ဒါ့ကြောင့်ဖြစ်တန်ရာ၏ဟု တွေးမိသည်။ ကျနော့ သ
ဘောကတော့ ဘယ်သူကလုပ်လုပ် ပြဿနာမဟုတ် ဟုထင်သည်။ ဗမာပြည်နဲ့ ပြည်သူတွေ အကျိုးရှိလျှင် ဝမ်းသာသည်။ ပြည်သူအတွက် တကယ့်စေတနာနဲ့လုပ်သလား တခြားရည်ရွယ် ချက်နဲ့လုပ်သလား ဆိုတာလဲ သိသာထင်ခြားကွာ ပါလိမ္မည်၊ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား များကို နအဖက လဲ ပါတ်စ်ပို့ လုပ်ပေးဖို့ အစီစဉ်ချလာတာ ခုတလောကြားကြလိမ္မည် ပြည်သူ တွေ အတွက် လုပ်တာမဟုတ်တော့ ပြဿနာ တထွေနဲ့ အီလည်လည် ဖြစ်နေတာ ကြား ကြရသည်။
မည်သို့ပင်ဆိုစေ တကယ်တမ်း အသေးစိတ်လုပ်ငန်း လုပ်ငန်းညှိနှိုင်းမှု တချို့ကတော့ ခုလို စာမျက်နှာပေါ် တင်ရေးနေတာထက် ပို၍လိုသည်၊ တိုင်းပြည်တည်ဆောက်ရေး နဲ့ နိုင်ငံရေး စံနစ် ပြုပြင် ပြောင်းလဲရေးဆိုတာလဲ ပြည်သူအများ ပါဝင်မှ ပြီးမြောက် အောင်မြင်မှာဖြစ်သည်၊ ကျနော်တို့ ဒီစာတွေကို ရေးနေတင်နေတာ ပညာရှင်တွေအနေနဲ့ အခြားသူများကို အကြံပေးယုံ မျှမဟုတ်ပါ၊ ကျနော်တို့၏ သဘောဆန္ဒနဲ့ ကြံဆချက်များကို တင်ပြနေတာဖြစ်ပါသည်၊ တူတာ ကွဲတာ ပြောဆိုညှိနှိုင်း နိုင်ပါသည်၊ ပေါင်းစည်းဆက်စပ် လုပ်နိုင်ပါသည်၊ တူတာတွဲလုပ် မည်ဟု မပြောပါ၊ တူတာတွဲလုပ်သည့် တပ်ပေါင်းစုထက် ပိုလို့ရည်ရွယ်ပါသည်၊ ခံစားချက်နဲ့စေတနာတူ သူချင်း လုပ်ငန်းစဉ်ရသည်အထိ ညှိဖို့ အဆင်သင့်ဖြစ်ပါသည်၊ ကန့်သတ်ချက်မထားပါ။ ကျနော်တို့ ပြည့်စုံလုံလောက် ဖြစ်နေပြီဟု မပြောသလို၊ ဘာမျှ မရှိသေး မဟုတ်သေး ခုမှစမှာ လို့လဲ မပြောပါ၊ ထို့နည်းတူ အခြားသူတွေရဲ့ အဆင့်နေရာ အခြေအနေတွေကိုလဲ အသိမှတ်ပြုပါ သည် ဘယ်သူ့ ဘယ်သူမှ ရပ်စောင့်နေဖို့မလိုပါ၊ အမှီလိုက်ပါ ကျော်တက်ပါ လက်ခံပါသည်။ ညှိနှိုင်းရင်းလုပ်ကြပါမည်၊ လုပ်ရင်းညှိနှိုင်းကြပါမည်။
နိုင်ငံတကာရောက် ချင်းအမျိုးသားများ စုစုစည်းစည်းရှိလာနေတာ၊ ချင်းအမျိုးသား နေ့ အောင်မြင်သိုက်မြိုက်စည်ကား ကျင်းပလာနိုင်နေတာ ဝမ်းသာအားရရှိပါသည်၊ ဗန်ကူးဗား မှာ ဘားမိစ်ကွန်မြူနတီ ယိမ်းယိုင်ဆုတ်ယုတ်နေတာ စိတ်ထိခိုက်ဝမ်းနည်းသည်၊ မလေးရှားမှာ ရခိုင်တွေရဲ့ အေအာအာစီ ရဲ့ အောင်မြင်မှုတွေနဲ့ အေအေအန်န်စီအက်စ်ရဲ့ တိုးတက်မှုတွေကို ဝမ်းသာအားကြမိသည်၊ ဒီပီအေ ဆုတ်ယုတ်မှုအတွက်တော့ စိတ်မကောင်းပါ။ ဒါက လက်ရှိအ ခြေအနေတွေထဲက တစိတ်တပိုင်းကို အကြမ်းတင်ပြခြင်း ဖြစ်ပါသည်။ ရှေ့ရောက်သူတွေထံက နည်းနာယူကြရပါမည်၊ နောက်ကျနေသူတွေကို ဖေးမလမ်းပြကြရပါမည်။ ရှေ့ကနေပိတ်ရပ်နေဖို့ မဟုတ်သလို နောက်ကနေ တွဲလွဲခို နောက်ပြန်ဆွဲနေဖို့ လဲမဟုတ်ပါ။ အမှီလိုက်ကြရပါမည် ကျော်တက်ကြရပါမည်။ တော်လှန်ရေး ခရီးပေါက်ဖို့ လိုပါသည်။ ဆက်သွယ်ကြပါ၊ ညှိကြပါ။
သဘာဝဝန်းကျင် ပြဿနာတွင် တိုင်းပြည်နယ်နမိတ်မရှိပါ၊ သတင်းအချက်အလက်များ တွင် နယ်နမိတ် မကျန်သလောက်ဖြစ်သည်၊ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်စည်စီးဆင်းမှုတို့ အတွက် နိုင်ငံ နယ်နမိတ်များက အများကြီး ပါးလျှားနိမ့်ကြသွားပြီ၊ လူတွေအတွက်တော့ တိုင်းပြည်နယ်နမိတ် များက ထင်ခြားမြင့်မား နေဆဲဖြစ်သည်၊ ဒါပေမဲ့ ကြီးမားတဲ့ ရွှေ့ပြောင်းလုပ်ကိုင်သူဦးရေ၊ ရွှေ့ ပြောင်း နေထိုင်သူ ဦးရေကြောင့်၎င်း၊ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာတိုးတက်မှု ကြောင့်၎င်း
အမျိုးသားနိုင်ငံတွေနဲ့ အမျိုးသားတွေရဲ့ အသွင်လက္ခဏာတွေ ( Integrity and Identity ) တွေလဲ ပြောင်းလာနေသည်၊၊ နိုင်ငံ နှစ် နိုင်ငံသား သားခံယူခွင့်ပေးသော တိုင်းပြည်တွေနဲ့ နှစ်နိုင်ငံသားခံယူသော လူတွေလဲ ရှိလာနေသည်။ ဘယ်မှာ နေတယ်ဆိုတာထက် ဘာလုပ်နေလဲ ဘယ်သူ့အတွက် လုပ်နေလဲ ဆိုတာတွေက ပို ပြောစရာ ဖြစ်လာနေသည်။ အစိုးရတွေရဲ့ အုပ်ချုပ်မှုပုံစံ နဲ့ လုပ်ငန်းဆောင်တာ များလဲ ပြောင်းလာနေသည်။
ဒီအနေအထားမှာ ကိုအောင်သူငြိမ်း ပြောတဲ့ ဝီကီ အစိုးရ၊ ဝီကီ လွတ်တော်ဆိုတာလဲ ဖြစ်နိုင်စရာရှိပါသည်။ ကျနော်တို့ကတော့ ဖက်ဒရယ်အစိုးရ နဲ့ ဖက်ဒရယ် လွှတ်တော် ကို လိုချင် ပါတယ်။ တိုင်းပြည်ပြင်ပရောက် ပြည်သူတွေက အချိန်မှီ မလုပ်နိုင် မကာကွယ်နိုင် ရင် နအဖ အစိုးရက မြောက်ကိုရီးယား အစိုးရလို မာဖီးယား အုပ်ချုပ်ရေးနဲ့ ယာကူဆာ လွှတ်တော် တွေ လုပ်လာလိမ္မယ်။ လည်ပင်းမှာ ကွင်းလျှော ကြိုးကွင်း အစွပ်ခံရပြီးမှတော့ ရုန်းရခက်ပါ လိမ္မယ်၊ လာစွပ်မဲ့ လက်ကို ကြိုပြီး ဖြတ်တောက် ကာကွယ်ထား နိုင်ပါမှ စိတ်ချရပါမယ်။ ကွန်မြူနတီတွေကို စုစည်းကြိုင့်ခိုင် အားကောင်းအောင် လုပ်ကြရပါမယ်၊ စစ်အာဏာရှင်စံနစ်ကို ဖျက်သိမ်းအစားထိုးနိုင်မဲ့ ဖက်ဒရယ် အစိုးရနဲ့ ဖက်ဒရယ် တပ်မတော် ကိုတည်ဆောက်ကြရ ပါမယ်၊ ပြည်သူတွေကိုယ်၌က ကွန်မြူနတီတွေကို အခြေခံပြီး ဖက်ဒရယ် လွှတ်တော်ကို တည်ထောင် နိုင်ကြတယ်ဆိုရင် လူထုကိုတိုင်က လူထုအတွက် လုပ်တဲ့ လူထုရဲ့ ဒီမိုကရက်တစ် အစိုးရ ဖြစ်လာပါမယ်။
စစ်အာဏာရှင်စနစ်အောက်မှာ ကြောက်နေကြရတဲ့ အကြောက်တရားကို ကျနော်တို့ ကိုယ်တိုင် ရဲ့ လက်ရုံးနဲ့ ဖြတ်တောက်ဖယ်ရှားကြပါစို့၊ ဒီအတွက် လူတိုင်းလူတိုင်းကို တိုင်းပြည်နဲ့လူမျိုးအ တွက် အသက်နဲ့ ခန္ဓြွာကို စွန့်လွှတ်ဖို့၊ ဘဝကိုပေးဆပ်ဖို့ တောင်းဆိုစရာမလို ပါဘူး။ ကိုယ့်ရဲ့ ဝင်ငွေထဲက တလမှာ အရက်တခွက်ဖိုး ဆေးလိပ် တဘူးဖိုး မျှဝေထည့်ဝင်ရင်၊ ကိုယ့် အချိန်တွေ ထဲက တပါတ်မှာ တနာရီ တန်သည် ၂ ပါတ်မှာ တနာရီ တန်သည် ခွဲဝေသုံးစွဲပေးနိုင်ရင် အများ ကြီး အရာထင်လာ နိုင်ပါတယ်။ ဒီထက်မကတဲ့ စိတ်စေတနာတွေကိုလည်း ငြင်းပယ်ဖို့ မရှိပါဘူး၊ မနာလိုဖို့ မရှိပါဘူး။ ပုံမှန်ဒီမိုကရေစီတိုင်းပြည် တွေမှာ အစိုးရတွေကို မဲပြားတွေနဲ့ လူထုက ထိန်းကြသလို တော်လှန်ရေးကာလ ကျနော်တို့ တိုင်းပြည်မှာ ဒီထည့်ဝင်မှုတွေနဲ့ ကျနော်တို့ရဲ့ အစိုးရကို တည်ဆောက်ထိန်းကွပ်ကြရပါမယ်။ ဒီလို နည်းနဲ့ အနာဂါတ် ပြည်ထောင်စုအတွက် လူထုဆန္ဒကို နာခံတဲ့ အစိုးရမျိုး တည်ဆောက်လေ့ကျင့် ယူကြအောင်လို့ ပြောချင်ပါတယ်။
ကောင်းမွန်သော အနာဂါတ်ကို မျှော်လင့်လျှက်
ဗလ

4 comments:

မေအိခင်(လယ်ဝေး) said...

အိုက်လူကြီးက လယ်ဝေးသားဗျ သူဗလနဲ့ သူတော့ဟုတ်နေတာပဲ ။

ကောင်းပါတယ် --ရေးနေနိုင်တာကိုက ဆန္ဒ ပါ

မေအိခင်(လယ်ဝေး)

khin oo may said...

Moethee has left a new comment on your post "not cheap man!":

ကိုထူကိုယ်ထ ၊ ကိုယ်က စ


ုဗုဒဓဘာသာဝင် အများစုနေထိုင်ရာ ဗမာပြည်က လူအများစုမှာ ကံကိုယုံကြည်ကြပါသည်။ ကျနော်လဲ ဗမာပြည်သား ဗုဒ္ဓြွဘာသာဝင်တဦးပီပီ ကံကိုယုံပါသည်။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာခြားတာတွေကို ရှေးကံ အကျိုးပေးဟု ယူကြတာကိုလဲ ကျနော်တို့ ဗမာပြည်သားတွေ အ သားတကြ ရှိကြပါသည်။ အတော်အတန်ကတော့ ပြဿနာ ဟုမယူဆကြပါ။
ဒါပေမဲ့ ဒီ လက်ရှိအချိန်မှာ ဗမာပြည်ပုဂ္ဂိုလ်ကြီးငယ်တို့ ထူထောင်ထားသော ကုသိုလ်ကံ အယူအဆကတော့ လွန်လွန်းသည်။ သူတို့ရယူနေသမျှ အားလုံးကိုတော့ သူတို့ရဲ့ ဘုန်းကံကြောင့်ဟု သတ်မှတ်ယူဆကြသည်။ သူတို့က လုပ်ပေးရသည့် ကိစ္စဟူသမျှကိုတော့ သူတို့ရဲ့ စိတ်စေတနာ ဂရုဏာတော် အဖြစ် ဟိတ်ဟန်ထုတ်ကြသည်။
နိုင်ငံရေး အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နအဖ ဗိုလ်ချုပ် များ နှင့် အဆင့်ဆင့်သော အရာရှိ ကြီးငယ်များကလဲ တိုင်းပြည်၏ သံယံဇာတ ဘဏ္ဍာ တော်တွေ ခိုးဝှက်ခြင်း နှင့်တကွ လဒ် စားရယူသမျှကို သူတို့ရဲ့ဖုန်းကံ ပါရမီကြောင့်ဟု ရုပ်လုံးဖေါ် ချင်ကြသည်။ တိုင်းပြည်အုပ်ချုပ်သူ ရာထူးအဆင့်တာဝန် ယူထားသူအနေနဲ့ လုပ်ကြရမည့် ဖွံ့ဖြိုး ရေးအပါအဝင် တာဝန်ဝတ္တရားများကိုတော့ သူတို့ရဲ့ စိတ်စေတနာ မဟာဂရုဏာတော် အဖြစ် ပုံဖေါ်တတ်ကြပြီး သက်ဆိုင်တဲ့ ပြည်သူအများက ကျေးဇူးတင် ရှိခိုးဦးခိုက်ကြရဦးမည့် အဖြစ် ရောက်အောင် ဖန်တီးချင်ကြသည်။ သူတို့ နအဖတွေဘာလို့ ဒီလိုလုပ်နေတာလဲ၊ တခြားအကြောင်းတွေလဲ အများကြီးရှိပါလိမ္မည် ကျနော့အနေနဲ့ သူတို့ရဲ့ စိတ်ကူးပုံရိပ်ကို ဒီခန့်မှန်းကြည့် မိသည်၊ “ ဂျပန်တွေက မေဂျီပြုပြင်ပြောင်းလွဲရေးခေတ် တွင် ဆာမူရိုင်းစစ်ဘုရင်မိသားစုကြီး များက ကာဝါဆာကီ မစ်ဆူဘီချီ ဆူဇူကီ စသော စစ်ဓနရှင်အုပ်စုကြီးများ အဖြစ်အသွင်ပြောင်း ပြီး စီးပွါးရေး နိုင်ငံရေး အာဏာကိုဆက်ကိုင်ပြီး အုပ်စိုးသူလူတန်းစားအဖြစ် ဆက်သယ်ဆောင် ရပ်တည်သွားခဲ့တဲ့တယ်၊ စက်မှုတည်ထောင် ဖွံဖြိုးမှုနဲ့အတူ ပေါ်လာတဲ့ ပစ္စည်းမဲ့ စက်ရုံလုပ်သား လူတန်းစားရဲ့ ဦးဆောင် ကွန်မြူနစ်တွေကတော့ ဖြိုခွဲနှိပ်ကွပ်ခံလိုက်ရတယ် “ နအဖ ဗိုလ်ချုပ်တွေကလဲ အဲဒီလိုဖြစ်ချင်ကြပုံပေါ်တယ်။ ဒါပေမဲ့ ဒီနေ့ ဗမာပြည်ကို ၁၈-ရာစုက ဂျပန် ပြည်လို ကိုင်တွယ်လို့တော့ ရမယ်လို့ ကျနော်မထင်ဘူး။

http://komoethee.blogspot.com/2009/11/blog-post_20.html

Anonymous said...

ခင်ဦးမေ အတုပါလားးး

Anonymous said...

ဗုဒ္ဓြွဘာသာဝင်တဦးပီပီ ကံကိုယုံပါသည်။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာခြားတာတွေကို လည်းလက်ခံတယ် ။ အခွင့်ရေးတန်းတူမရတာတော့ လုံးဝလက်မခံနိုင်ဘူး ။