Blog ပြုလုပ်လိုသူ မည်သူမဆို ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများမှ ပြုလုပ် ပေးမည် ဖြစ်ပါ သည်။ ပြုလုပ်လိုသူများအနေဖြင့် Email : burmahonorary@gmail.com သို့ မိမိပြုလုပ်လိုသော Blog ၏ ခေါင်းစဉ် ၊ Blog တွင် ဖော်ပြမည့်အကြောင်းအရာ ၊ ဆက်သွယ်ရန် Email တို့ကို အပြည့်အစုံ ရေးသားပြီး ပေးပို့ရန် လိုအပ်ပါသည်။ လူကြီးမင်း ပေးပို့သည့် ရက်မှ ( ၃ ) ရက် အတွင်း ပြုလုပ် ပေးမည် ဖြစ်ပါသည်။ ထို့အပြင် Blogspot မှလည်း ကိုပိုင် ဒိုမိန်းအဖြစ်လည်း ပြောင်းလဲ ပေးပါမည်။ Blogspot မှ ကိုပိုင်ဒိုမိန်း ပြောင်းလဲ လိုသူများ အနေဖြင့် ပြောင်းလဲ လိုသည့် ဘလော့ဂ် လိပ်စာ အား ပေးပို့ရန် လိုပါသည် ။ ပေးပို့သည့် အချိန်မှ ( ၁၀ ) နာရီ အတွင်း Blogspost မှ ကိုပိုင် ဒိုမိန်း အဖြစ်သို့ ပြောင်းလဲပေးပါမည်။
ဗမာ့ရေးရာအဖွဲ့သားများ အနေဖြင့် Blog ပြုလုပ် ပေးခြင်း ၏ ရည်ရွယ်ချက်မှာ ....
၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး
၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး
၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး တို့ ဖြစ်ပါသည်။
မှတ်ချက် ။ ။ ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများ နှင့် ပူးပေါင်း ဆောင်ရွက်လိုသူ များအားလည်း လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။ http://ban-news.blogspot.com/2009/11/blog-post_4053.html
4 comments :
ကောင်းတဲ့ အစီစဉ်လေးပဲနော်
မီဒီယာဆိုတာ လေမှာပဲရှိတယ်...လက်တွေ့မှာ အသုံးဝင်ဖို့က လက်တွေ့လုပ်နိုင်မှရမယ်...မြန်မာနိုင်ငံ ပြည်သူတွေ ဘလော့ဖတ်ဖို့ ပိုက်ဆံမရှိ အချိန်မ၇ှိ ...
ရုံလေး=မြူးသျှရီ
ဗမာ့ရေးရာတဲ့လား...။ ဗမာလူမျိုးတွေအတွက်ပဲပေါ့...။
ကြိုဆိုပါတယ်...
Post a Comment