Wednesday, 4 November 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်ကိုယ်စလှယ်အဖွဲ့ တွေ့ဆုံ

1 comment :

တစ်နိုင် စံ said...

အကျယ်ချုပ် အကျဉ်းချုပ်တွေနဲ့ ဖိနှိပ်မှုတွေအောက်က တိုးထွက်လာတဲ့ ဒေါ်စုရဲ့ လန်းဆန်းနေတဲ့ အပြုံးဟာ အဓိပ္ပါယ်မဲ့ မဟုတ်ပါဘူး၊
မြန်မာ့ ဒီမိုကရေစီရေး အတွက်သာမက လူသားအားလုံးရဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့သူတွေအားလုံးကို ရည်ရွယ်ချက်အပြည့်နဲ့ ပေးတဲ့ အားဆေးတခွက်ပါ။
ဒီဆေးကိုသောက် ဒီအားကိုယူပြီး ဒေါ်စုကို ဝိုင်းကူကြပါစို့။
ဒေါ်စုကလုပ်ပါလို့ ပြောတဲ့အလုပ်တွေကိုလုပ်ကြမယ၊်
ဒေါ်စုကလုပ်ပါ ပြောလို့မဖြစ်တဲ့ လုပ်သင့်လုပ်ထိုက်တာ တွေကိုလည်း
မချင့်မရဲဖြစ်မနေပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြပါစို့။
တစ်နိုင်ငံလုံး အဖိနှိပ်ခံတွေအားလုံး အုတ်တစ်ခဲ မဖြစ်နိုင်သေးလျှင်တောင် သဲတစ်ပွင့်ဖြစ်ပါစေ။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို တကယ်ချစ်တဲ့ တပ်မတော်သားများလည်း လှံတစ်စင်း မဖြစ်နိုင်သေးလျှင်တောင်
အပ်တစ်ချောင်းဖြစ်ပါစေ။
ဒါမှသာ သင်တို့ကို အပြစ်မြင်နေတဲ့ ပြည်သူတွေကြားမှာ ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်လို့ သင်တကယ်ခံစားနိုင်မှာ။
အရေးကြီးလှပြီမို့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်
တစ်ယောက်ကစလို့ တစ်ရာမှာမဆုံးပဲ၊ တစ်နိုင်ငံလုံးပါဝင် တိုက်ပွဲဆင်မှ ပေးဆပ်ရတာ အနည်းဆုံးဖြစ်လိမ့်မယ်။
အာဏာရှင်စနစ်သာ အဓိကတရားခံဆိုတာ ပြတ်ပြတ်မြင်ပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ပွဲဝင်နေသူတွေကို
အမှားမြင်လို့ အားမလိုအားမရ ဖြစ်ခဲ့လျှင်လည်း
အပြစ်မတင် ခလောက်မဆွဲပဲ သင်လည်း သဲတစ်ပွင့်အဖြစ်ပါဝင်လိုက်ပါ။

ကျွန်တော် ရေးတဲ့စာကို အဓိပ္ပါယ်ကောက် လွဲမှာစိုးလို့ မြင်သမျှ အမှားပြင်ပြီး နောက်တစ်ကြိမ် ပြန်ပို့ပေးလိုက်ပါတယ်။
ပါဝင် တိုက်ပွဲဝင်ခွင့်ပြုတဲ့အတွက် We Fight We Win blog အဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်။