Tuesday, 24 November 2009

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပ။



-သာထက် (DFB-JP/WFWW)-
တိုကျို၊ ဂျပန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ(၂၉-၄၂၀၀၉)နေ့တွင် ထုပ်ပြန်ကြေညာခဲ့သော ရွှေဂုံတိုင်ကြေညာစာတမ်းကို အကောင်အထည် ဖော်နိုင်ရေး အတွက်ဂျပန်နိုင်ငံတွင်နှီးနှောဖလှယ်ပွဲကြီးကို (၂၃-၁၁-၂၀၀၉)နေ့တွင် TOKYO မြီု့ SHINOCHANOMIZU ရှိ RENGO အဆောက်အဦး(NO,(2) Meeting Hall, SohyoKaikan, Tokyo တွင် NLD (LA-JAPAN) ဌာနခွဲ နှင့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့အစည်းများမှ ပူးပေါင်းကျင်းပ ကြသည်။

နှီးနှောဖလှယ် ပွဲကို ဂျပန်နိုင်ငံ အစီုးရ အဖွဲ့ မှ ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ မြန်မာဒီမီုကရေစီအရေးကို အားပေးနေသည့် ဂျပန်လွှတ်တော် အမတ်များ၊ ထိုင်းနိုင်ငံမှ DR.RachadaDhnadirek,Representative Of ASEAN Inter-Parliamentary Myanmar Caucus နှင့် ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တတ်ရောက် ဆွေးနွေးကြ ပြီး၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီး မှတာဝန် ရှိသူများ စုစုပေါင်း လူအင်အား ၃၀၀ ခန့်တတ်ရောက်ကြသည်။ အခမ်းအနား ကို မနက် ၁၀း၀၀ နာရီ မှ ညနေ ၄း၃၀ အထိ ကျင်းပကြသည်။

No comments :