Sunday, 22 November 2009

၂၀၀၈ နဲ့  ၂၀၁၀ သို့ မဟုတ် လှည်းကြိုးနဲ့  နသိုး။




ကြေးမှုန် အွန်လိုင်း ဆိုတာ နအဖ အာဘော်တွေကို တရားမ၀င်တင်ပြနေတဲ့ နေရာတခုဖြစ်ပါတယ်။ သူတို့ ရဲ့ အာဘောတွေမှာ ကြည့်ရင် သန်းရွှေ စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေ ကို ကိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို အတွက် တောင်ရှည်ပုဆိုးနဲ့  ခေါင်းပေါင်း တပြင်ပြင်ဖြစ်နေတာကိုတွေ့ ရပါလိမ့်မယ်။

မဆလ ခေတ်ကိုမမှီလိုက်တဲ့ လူငယ်တွေအတွက် မျက်စိမလှည် နိင်အောင် ပြန်လည်တင်ပြခြင်တာကတော့ 

တစ်- ၁၉၆၂ ခုနစ်မှာ နေ၀င်းစစ်တပ်က အာဏာသိမ်းတယ်။ ၆၂ ကနေ ၇၄ ခုနစ်အထိ ဘာအခြေခံဥပဒေမှမရှိပဲ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။  တော်လှန်ရေးကောင်စီ လို့ ခေါ်ပါတယ်။

နစ်-  တရားမ၀င်အုပ်ချုပ်နေတာကို ပြည်သူတွေ နဲ့ နိင်ငံတကာ က လက်မခံကြောင်းသိလာတဲ့အခါမှာတော့  ၁၉၇၄ ခုနစ်မှာ အခြေခံဥပဒေကိုရေးဆွဲပါတယ်။ ဒီအခြေခံဥပဒေကို လည်း ၂၀၀၈ ခုနစ်တုံးကလိုပဲ  ပြည်သူအများကထောက်ခံတယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။

သုံး-  အခြေခံဥပဒေမရှိ ပဲနေတာထက်စာရင် ရှိတာမကောင်းဘူးလားဆိုတဲ့  မှားယွင်းတဲ့အတွေးအခေါ်တွေကလည်း  ဒီတုံးကလည်း ဖြစ်ခဲ့ဘူးပါတယ်။ ဟုတ်ပါတယ်။  ၁၉၇၄ ခုနစ်မှာအခြေခံဥပဒေရှိလာပါတယ်။ ဒီအခြေခံဥပဒေမှာ နိင်ငံသားအခွင့်အရေးတွေ ကို ပေးထားပါတယ်။
ဒါပေမဲ့တခါမှာ အခြေခံဥပဒေက ပေးထားတဲ့လွတ်လပ်ခွင့်ကိုနိင်ငံသားတွေမခံစားခဲ့ရပါဘူး။

လေး- လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တောင်မှမရကြပါဘူး။

၂၀၀၈အ ခြေခံဥပဒေ ကြီး ကို ပြည်သူတွေမနစ်မြို့ ဘူး။ မထောက်ခံဘူး။ လိမ်ညာပြီးတော့ မဲခိုးမဲလိမ်မှုတွေနဲ့ ထောက်ခံမှုတွေလုပ်သွားတဲ့အတွက်  မစခင်ကတည်းက ပွဲက ပျက်နေပါတယ်။ လှည်ကြိုးကြီးဖြစ်နေပါတယ်။  ဒီလှည်းကြိုးကြီး ကို ဆွဲနိင်တဲ့ နွား လိုပါတယ်။  နွား ရှာပွဲ ကိုတော့ ၂၀၁၀ မှာ ကျင်းမှပါဖြစ်ပါတယ်။

ပြသနာကတော့ ၂၀၁၀ ကို မြန်မာ နိင်ငံရေးမှာ အဓိက ကျတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားပါတီတွေက လက်မခံဘူးလို့  ခပ်ရှင်းရှင်း ပြောထားပြီးပါပြီ။





------နအဖ ကြွေးမှုန်အွန်လိုင်း အာဘောများ ---



ကြေးမှုန်းအင်တာနက် မှာ နအဖ က ၂၀၀၈ အခြေခံဥပဒေကို ဝေဖန် မှု ဆန်ကျင်မှုတွေကို သွေးပျက်နေပုံထပ်မံတင်ပြပေးလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLDLA) က ထိုင်း မြန်မာ နယ်စပ်တစ်နေရာမှာ မကြာသေးမှီ အချိန်တုန်းက ညီလာခံတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ကိုင်စွဲသွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ နိုင်ဝင်ဘာ(၁၅) ရက် ကနေပြီး (၁၇) ရက်ထိ ကျင်းပခဲ့တဲ့ ဒီညီလာခံဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့ အစည်းဖြစ်တဲ့ (NLD) ရဲ့ ရွှေဂုံတိုင် ကြေငြာစာတမ်းပါ ရပ်တည်ချက်များအတိုင်း ဆက်လက်ကိုင်စွဲ သွားမယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူက ထုတ်ဖော် ပြောဆိုတယ် လို့လဲ သတင်းတွေက ဆိုထားပါတယ်။




အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွှေဂုံတိုင်ကြေငြာပါစာတမ်းနဲ့ ၂၀၁၀ရွေးကောက်ပွဲကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘယ်လိုပြင်ဆင် ထားသင့်လဲ ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆိုသူ ဦးစိုးမြင့်ဆိုသူက ထုတ်ဖော်ပြောဆိုတယ်လို့လဲ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဆန့်ကျင် တိုက်ဖျက်သွားဖို့လဲ ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။ ထို့အပြင် ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများ စုစည်းပြီး ဖွဲ့စည်းထားပါတယ်ဆိုတဲ့ GAB အဖွဲ့ကလည်း (NLD) ရဲ့ ရွှေဂုံတိုင် ကြေငြာစာတမ်းပါ ရပ်တည်ချက်များကို သူတို့ရဲ့ လမ်းပြ မြေပုံ အဖြစ် သတ်မှတ်ပြီး နိုင်ငံတော် အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဆန့်ကျင်ဖို့ လည်းကောင်းတို့အမည်ပေးထားတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု မှာ ပြည်သူတွေ ပါဝင်ဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက် တစ်စောင်ထုတ်ထားတာကို တွေ့ရပါတယ်။



ဒီလိုတင်းမာတဲ့ သဘောထားတွေ ကိုင်စွဲထားတယ်ဆိုကတည်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ဆိုနေပေမယ့် ပြန်လည် သင့်မြတ်လိုတဲ့သဘောထား၊ ပြည်ထောင်စု စိတ်ဓာတ် မရှိတဲ့သဘောထား မရှိဘူးဆိုတာကို ထင်ဟပ် ဖော်ပြ နေတယ်ဆိုတာ ထင်ရှားပါတယ်။ ကိုယ်သဘောနဲ့ကိုယ် ထုတ်ထားတဲ့ ကြေငြာစာတမ်းကို တရားသေကိုင်စွဲထားပြီး လိုချင်တဲ့ အချက်တွေ အတင်းတောင်းဆိုနေတယ်လို့ ပြည်သူတွေကတော့ ရှု့မြင်ထားကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားမယ်ဆိုတာ (၉၂.၄၈) ရာခိုင်နှုန်းသော ပြည်သူတွေ တစ်ခဲနက်ထောက်ခံ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို ချောင်ထိုးထားဖို့ ကြိုးစားနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားခြင်း၊ တောင်းဆိုခြင်းဟာ ပြည်သူကို ချောင်ထိုးထားတာနဲ့ တူပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကြိုးစားခြင်းဟာ နိုင်ငံနဲ့လူမျိုးကို မီးလောင်တိုက်သွင်းပြီး ကိုလိုနီလက်သစ်တို့ အကြိုက် လုပ်ဆောင်နေတာနဲ့တူတယ်လို့ပဲ ရိုးရိုးရှင်းရှင်းလေးပဲ ရှု့မြင်မိပါတယ်။

No comments :