Thursday, 3 December 2009

စီးပွားရေးပိတ်ဆို့မှု ဆက်လက် ထားရှိ ဖက် က အနိင်ရ


ဒီဇင်ဘာလ ၂ ရက်နေ့ (မနေ့က) လန်ဒန်မှာ၊မြန်မာပြည်ကိုစီးပွားရေး ပိတ်ဆို့တာ ရုပ်သိမ်းဖို့အချိန်ကျပြီဆိုတဲ့ ခေါင်းစဉ်နဲ့ 
It is time to lift sanctions against Burma  
စကား စစ်ထိုးဆွေးနွေးပွဲတခု ပြုလုပ် ခဲ့ပါတယ်။ 

အဆိုပါ စကားစစ်ထိုးပွဲတွင် နအဖ အတွက် လော်ဘီလုပ်ပေးနေသော သန်းမြင့်ဦး (ကုလအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်၏မြေး)
Dr Frank Smithuis နှင့် Derek Tonkin တို့ ၃ ယောက်က စီးပွားရေးရုပ်သိမ်းဖို့ အဆိုဖက်က ဆွေးနွေးခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော  Burma Campaign UK က Mark Farmaner၊ Christian Solidarity Worldwide က Benedict Rogers ၊ Human Rights Watch's Asia Division က Brad Adams တို့ ၃ ဦးက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတာ မလုပ်သင့်သေးကြောင်း အချေဖက်က ဆွေးနွေးသွားပါတယ်။ 

စကားစစ်ထိုးပွဲလုပ်နေသည်ကို အင်တာနက်ပေါ်မှ တိုက်ရိုက်ကြည့်ရှူနိုင်ပြီး တိုက်ရိုက်မဲပေးနိုင်ခဲ့ပါတယ်။ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲ ၃မျိုး ၃စား ရှိပြီး၊ စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ကို ထောက်ခံတဲ့ဖက်က 33.9 % ၊ကန့်ကွက်တဲ့ဖက်က 65.3 %မပြောတတ်ပါဆိုတဲ့ ကြားနေမဲက 0.8 % ရရှိသွားခဲ့ပြီး၊ စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ အဆိုတင်သွင်းခဲ့တဲ့ သန်းမြင့်-ဦး တို့ဖက်က အပြတ်အသတ် ရှုံးနိမ့်သွားကြောင်း သိရှိရပါတယ်။ 

မဲပေးခဲ့တဲ့ Result ကိုကြည့်ချင်ရင် အောက်ပါလင့်ခ် http://events.intelligencesquared.com/vote-result.php?debate=EVT0193 မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါသည်။


သားဆွေ



1 comment :

Anonymous said...

စီးပွါးရေးပိတ်ဆို့တာ ပြည်သူတွေက အထိနာတယ်...။ တစ်ခုလောက်မေးချင်တယ် နိုင်ငံထဲက ပြည်သူတွေ ဘယ်နှယောက်မဲပေးခဲ့လဲ တကယ်တမ်းကျတော့ ကိုယ်တိုင် ခံရတဲ့သူတွေ မဲပေးမှ အဖြေမှန်ရမှာပေါ့...။ အခုတော့ လုပ်စားတွေချည်းပဲ အနှစ် ၂၀ ပဲ ကျော်နေပြီ...။ မင်းတို့အတွက် စကားတစ်ခွန်းလက်ဆောင်ပေးလိုက်ချင်တယ်... သေချင်ဆိုး မအေလိုးတွေ လို့...။