-ဖိုးထောင် (ဖဆပလ)-
ဒီဇင်ဘာ ၄.၂၀၀၉
Group A: South Africa, Mexico, France, Uruguay
Group B: Argentina, Greece, Nigeria, South Korea;
Group C: Algeria, England, Slovenia, United States;
Group D: Australia, Germany, Ghana, Serbia;
Group E: Cameroon, Denmark, Japan, Netherlands;
Group F: Italy, New Zealand, Paraguay, Slovakia;
Group G: Brazil, Ivory Coast, North Korea, Portugal;
Group H: Chile, Honduras, Spain, Switzerland.
၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ တောင်အာဖရိကနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုများနှင့်ပွဲစဉ်များကို ဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ကြသော နိုင်ငံ ၃၂ နိုင်ငံ ကို အုပ်စု ၈ စုခွဲပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပွဲဦးထွက် ကွင်းဖွင့်ပွဲ အဖြစ် အိမ်ရှင်တောင်အဖရိက နှင့် မက္ကဆီကို အသင်း၊ ဥရုဂွေး နှင့်ပြင်သစ် တို့ ဇွန်လ ၁၁ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်းဖော်ပြထားပါသည်။။ ဇွန်လ ၁၂ ရက်နေ့မှာ အာဂျင်တီးနား နှင့် နိုင်ဂျီးရီးယား၊ တောင်ကိုရီးယားနှင့် ဂရိ၊ အမေရိကန် နှင့် အင်္ဂလန်အသင်း တို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ အမေရိကန်နှင့် အင်္ဂလန် နှစ်နိုင်ငံဟာ ၁၉၅၀ ခုနှစ်က တကြိမ် တအုပ်စု ထဲကျပြီး ယှဉ်ပြိုင် ကစားခဲ့ကြလို့ ဒါဟာ နှစ်ပေါင်း ၆၀ ကြာမှ ပြန်လည် ဆုံတွေ့ကြမှာဖြစ်ပါသည်။
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယ အကြိမ် ခြေစစ်ပွဲအောင်ခဲ့ကြတဲ့ ဆလိုဗေးနီးယား၊ ဂါနာ၊ မြောက်ကိုရီးယား၊ ဟွန်ဒူရပ်၊ အိုင်ဗရီကို့စ် Côte d'Ivoire နိုင်ငံတွေဟာ အတွေ့အကြုံနုငယ် ပေမဲ့၊ ကမ္ဘာ့ဘော်လုံးပွဲ စိတ်ဝင်တစား ကြည့်ရှု့ နေသူတွေ၊ လေ့လာနေသူတွေ ကတော့ ဒီနိုင်ငံတွေရဲ့ ဘော်လုံးသမိုင်းမှာ အောင်မြင်ခဲ့မှုတွေ၊ တိုးတက်နေမှုတွေ၊ အကောင်းတွေ၊ အဆိုးတွေကို အသိအမှတ်ပြုပြီးတလေးတစား ပြောဆိုနေ ကြပါတယ်။
၁၉၉၁ ခုနှစ် မှာ ယူဂိုဆလားဗီးယားပြည်ထောင်စုက လွတ်လပ်ရေးရရှိခဲ့တဲ့ လူဦးရေ စုစုပေါင်း ၂ သန်းကျော်သာရှိတဲ့ ဆလိုဗေးနီးယား နိုင်ငံအသင်းဟာ ပိုလန်၊ ချက်ပြည်ထောင်စု၊ ရုရှားနိုင်ငံတွေလို အသင်းကြီးများကို ခြေစစ်ပွဲမှာ အနိုင်ရယူခဲ့ ပြီး၊ ၂၀၁၀ ကမ္ဘာ့ဖလား ဘော်လုံးပွဲ ကို အဆင့်မှီပြီး တက်ရောက်နိုင်ခဲ့တဲ့အသင်းတသင်းဖြစ်တယ်။
မြောက်ကိုရီးယားအသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲမှာ အီတလီကို ၁-၀ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိဘူးတဲ့ အသင်းဖြစ်ပါတယ်။ ထိုနှစ်မှာပဲ ပေါ်တူဂီကို ၃ ဂိုးဖြင့် အသာ ကစားနေရာက ၅-၃ ဖြင့်အရေးနိမ့် ခဲ့ဘူးတယ်။ ၂၀၀၈ ခုနှစ် မတ်လ ၂၆ ရက်နေ့ မှာ မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ တို့ အာရှခြေစစ်ပွဲအတွက် ပြုံယမ်းမှာ ယှဉ်ပြိုင် ကစားကြရန်အစီအစဉ် ရှိပေမဲ့ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက တောင်ကိုရီးယားနိုင်ငံတော် သီချင်း ကို သီဆိုဖို့ နှင့် တော်ကိုရီးယား နိုင်ငံတော်အလံကို လွှင့်ထူဖို့ ငြင်းပယ်ခဲ့လို့ ၊ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်က ၀င်ရောက်ဖြေရှင်းပေးခဲ့ပြီး၊ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ သွားရောက်ယှဉ်ပြိုင် ကစား စေခဲ့တယ်။ ကစားပွဲမှာ ၀-၀ ဂိုးမရှိ ဖြင့်သရေကျ ခဲ့ကြတယ်။
ဆော်ဒီ ကို ၀-၀ ဂိုးမရှိ ဖြင့်သရေ၊ ဂျော်ဒန် ကို ၁-၀၊ ယူအေအီးကို ၂-၁၊ အီရန်ကို သရေ ကစားခဲ့ပြီး အာရှခြေစစ်ပွဲတွေ ကိုအောင်မြင်ခဲ့တယ်။
၂၀၀၅ ခုနှစ် ပြုံယမ်းမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားနှင့် အီရန် အာရှခြေစစ် ကစားပွဲမှာ ဆီးရီးယား ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားဘော်လုံးပွဲ ကြည့်သူများက မကျေမနပ်ဖြစ်ကာ ပုလင်းများ၊ အုတ်နီခဲများ၊ တုတ်များ၊ ကုလားထိုင်များ ဖြင့် အီရန်ဘော်လုံး ကစားသမားများ ကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အီရန်ဘော်လုံး သမားများ စီးနင်းလာသော ကားများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများ ကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှု အခွင့်အရေး ဆုံးရှုံးခဲ့ရဘူးတယ်။ ဘော်လုံးပွဲကို နိုင်ငံတကာ ရုပ်မြင်သံကြား အစီအစဉ်များ မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သဖြင့်၊ နိုင်ငံခြားသားဘော်လုံးသမားများ ကို အကြမ်းဖက်ခဲ့မှုအပေါ် တကမ္ဘာလုံးရှိ ဘော်လုံးပွဲကြည့်ရှု့သူများကို အကြည်းတန်စွာမြင်တွေ့ ခဲ့ရသည်။ ရှုံ့ချခြင်းခံခဲ့ရတယ်။ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်က နောက်ထပ်ယှဉ်ပြိုင်ရမည့် မြောက်ကိုရီးယား နှင့် ဂျပန်ခြေစမ်းပွဲကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ သွားရောက် ကျင်းပပေးခဲ့ရသည်။
၂၀၁၀ ကမ္ဘာ့ဖလားဘော်လုံးပွဲမှာတော့ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ပထမ ဦးဆုံးအကြိမ် အတူတကွ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အာရှအသင်းများဖြစ်ကြတဲ့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန် နှင့် သြစတေးလီးယား နိုင်ငံအသင်းတွေဟာ ကမ္ဘာ့ထိပ်တန်းဘော်လုံးအသင်းများဖြစ်ကြတဲ့ အာဂျင်တီးနား၊ ဂျာမန်၊ ဘရာဇီး၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဒိန်းမတ်၊ ကင်မရွန်း စတဲ့ အသင်းကြီများနဲ့ ကစားကြ ရမှာမို့ ကွာတားဖိုင်နယ်တွေကို တက်ရောက် နိုင်ဖို့ အတော်လေး အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း အာရှဘော်လုံးဝါသနာရှင်တွေကသုံးသပ်နေကြောင်း တင်ပြလိုက်ပါသည်။
No comments :
Post a Comment