Saturday 5 December 2009

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ၏ သက်တော် ၈၂ နှစ်မြောက် မွေးနေ့ အခမ်းအနား



On behalf of the readers of We Fight We Win blog
We humbly extend our best wishes
to His Majesty the King
on the auspicious occasion of
His Majesty the King’s Birthday
Long Live His Majesty the King!
-တီကေ-
၁၂.၀၅.၂၀၀၉

ထိုင်းနိုင်ငံတော် ၏ အကြီးမား ဆုံး နိုင်ငံတော် အခမ်းအနား တခု ကို ပြပါဟု ဆိုလျှင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ၏ မွေးနေ့ အခမ်းအနား ဟု ပြောရပေလိမ့်မည်။ ဤနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျရောက် ခဲ့သော သော ၈၂ နှစ်မြောက်မွေးနေ့ အခမ်းအနား သို့ နန်းသက် ၆၀ ကျော် ရှိ ထိုင်းဘုရင်ကြီးသည် ကျမ်းမာရေး အခြေအနေ ဆိုးရွားနေသည့် ကြားမှပင် Siriraj ဆီရီရပ်ချပ် ဆေးရုံးမှဆင်းကာ ဘုရင့်နန်းတော်သို့ ခတ္တသွားတက်ရောက်ပြီး ထိုင်းပြည်သူများ အား စကားကိုလေးလေး တွဲ့တွဲ့ပြောဆိုကာ ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။

သူ့မွေးနေ့တွင် ဆုတောင်းမေတ္တာပို့သပေးကြတဲ့ ထိုင်းပြည်သူများကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတည်ငြိမ်းရေး၊သာယာဝပြောရေး၊ ငြိမ်းချမ်းရေးရရှိစေဖို့ ဆုတောင်း မေတ္တာပို့သ ပါကြောင်း၊ ထိုင်းပြည်သူများ၊ ထိုင်းလူမှုအဖွဲ့အစည်းများ၊ အသိုင်းအ၀ိုင်းများ အားလုံး ရိုးသားစွာဖြင့်မိမိတို့ကျရာတာဝန်ကို ထမ်းဆောင်မှသာလျှင် ထိုင်းနိုင်ငံတည်ငြိမ်းရေး၊ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးတွေကို ရရှိစေမှာသာ ဖြစ်ကြောင်း ပြောဆိုပြီး၊ ဆေးရုံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ်သတင်းစာများတွင် ဖော်ပြထား ပါသည်။ ထိုင်းဘုရင်ကြီးရဲ့ မွေးနေ့ဆုတောင်းပွဲ ကို ထိုင်းရုပ်မြင်သံကြားအစီအစဉ်များမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါသည်။ ထိုင်းရုပ်မြင်သံကြားအစီအစဉ်တွေမှာတော့ သူ့ကိုချစ်မြတ်နိုးကြသော ထိုင်းပြည်သူများက ဘုရင်ကြီးကျန်းမာရေးပြန်လာ ကောင်းမွန်း လာဖို့ မေတ္တာပို့သနေမှုများ၊ မျက်ရည်ကျဆုတောင်းနေကြသောပြည်သူများကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဘုရင့်နန်းတော်မှာကျင်းပနေတဲ့ မွေးနေ့အခမ်းးအနားကို အသက် ၅၇ နှစ်ရှိ အိမ်ရှေ့စံ ဗာဂျီရာလွန်ခေါင် က ဦးစီးဧည့်ခံပြီး ဆက်လက် ကျင်းပပေး ခဲ့ကြောင်း ကြားသိရ ပါသည်။

၈၁ နှစ်မြောက်ကျင်းပခဲ့တဲ့ သူ့ရဲ့မွေးနေ့အခမ်းအနားမှာ ထိုင်းပြည်သူများက ထိုင်းနိုင်ငံ၏ နိုင်ငံရေး လှုပ်ရှား ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဘုရင်၏ သဘောထား မိန့်ခွန်းကိုမျှော်လင့်ခဲ့သော်လည်း ကျန်းမာရေး အခြေအနေဆိုးရွားမှုကြောင့် မိန့်ခွန်းတက်ရောက်ပြောကြား နိုင်ခြင်းမရှိခဲ့ပါ။

"ကျမထင်တာ ကတော့ ဘုရင်ကြီး ရဲ့ ကျမ်းမာရေး ဆိုးဝါးလာတာ နဲ့ အမျှ ထိုင်း နိုင်ငံရေး ပဋ္ဋိပက္ခ ကြောင့် ထိုင်းလူမျိုးတွေ ၂ခြမ်းကွဲသွားပြီး ထိုင်းနိုင်ငံရဲ့ အနာဂါတ် ဟာ ပိုမို ရှုတ်ထွေးလာမယ်" ဟု လူမှုရေး ၀န်ထမ်း တဦးဖြစ်သော ဂျေရာပွန် က ပြောပြခဲ့ပါသည်။ တပြည်လုံးရှိ ထိုင်းလူမျိုးများနည်းတူ သူမ လည်းဘုရင်ကြီး ပြန်လည် ကျမ်းမာလာရန် ဆုတောင်းနေကြောင်း လည်းပြောဆိုသွားပါသည်။ ထိုင်းမင်းသမီး သီရိဒုံ က ဘုရင်ကြီးသည် ချောင်းဆိုးရင်ကြပ် ရောဂါကြောင့် အားနည်းနေကြောင်း၊ သို့သော် အခြေအနေ မှာ မဆိုးဝါးပါကြောင်း ထုတ်ဖော်ပြောဆိုသွားပါသည်။

မနှစ်က ဘုရင်၏နောက်ဆုံးလူမြင်ကွင်းသို့တက်ရောက်ခဲ့သော အခမ်းအနားမှာ ဘုရင်တပ်တော်များ စစ်ဆေးခဲ့သောနေ့ ဖြစ်ပြီး စကားများများမပြောဆိုနိုင်ခဲ့ပါ။ ဘုရင်ကြီးမှာ မနည်း ခေါင်းထောင်နေရပြီး မိန့်ခွန်းစာရွက် ကိုလည်း မပီမသ ဖတ်သွားကြောင်း ပြောကြပါသည်။

ယမန်နှစ် က ဘုရင်ကြီး သည် လေဖြတ်မည့်အခြေအနေများကြောင့် ဆေးရုံပေါ်၌ ရက်သတ္တပတ် ၃ ပတ်ကျော်တက်ရောက် ကုသခံခဲ့ရပါသည်။ဘုရင်၌ နှလုံးရောဂါ လည်းရှိကြောင်း ထုတ်ဖော်သွားပါသည်။ စည်းမျဉ်းခံ ဘုရင်စနစ် ၌ ပင်လျှင် ထိုင်းဘုရင် သည် ထိုင်းဆင်းရဲသား ပြည်သူပြည်သားများအတွက် ဘုရင်၏ အာဏာ ကို အသုံးချ ကာ များစွာ အလုပ်အကျွေးပြုစု ထူထောင် ပေးခဲ့သဖြင့် ထိုင်းပြည်သူလူထု တရပ်လုံးက ဘုရင်ကြီးအား လွန်စွာ ရိုသေလေးစား ချစ်ခင်ကြသည်။




အိမ်ထောင် ၃ ခါ ပြုပြီး ကလေး ရ ယောက်ရထားသော အသက် ၅၇ နှစ်ရှိ အိမ်ရှေ့စံ ဗာဂျီရာလွန်ခေါင် မှာမူ ဘုရင်ဘူမိဘော ၏ အရည်အချင်းများကို လုံးဝ မှီခြင်းမရှိပါ။ အသက် ၅၃ နှစ် ရှိ မင်းသမီးသီရိဒုံ သာလျှင် ဘုရင်ခြေရာ နင်းနိုင်သည် ဟု တတိုင်းပြည်လုံးက သတ်မှတ်ကြသော်လည်း ထိုင်းနိုင်ငံ ရာဇ၀င် ၌ ဘုရင်မ အုပ်ချုပ်ခဲ့သည့် အစဉ်အလာ မရှိခဲ့ဘူးပါ။ မင်းသမီးသည် ထင်ပေါ်ကျော်ကြား ၍ တော်ပါသော်ငြား နိုင်ငံရေး ၌ မူ ပါးနပ်ရည် မရှိဟု ဝေဖန်သူများလည်း ရှိပါသည်။

ထိုင်းဘုရင်မင်းမြတ်ဘူမိဘော ဟာ မြန်မာနအဖစစ်အုပ်စု ခေါင်းဆောင်များအပေါ် တရင်းတနှီးဆက်ဆံခြင်း မပြုဘဲ နေခြင်းဖြင့် ၊ မြန်မာ့ ဒီမိုကရေစီ ရရှိရေး အတွက် စာနာအားပေး ထောက်ခံခဲ့မှုတွေကို ပြသခဲ့ကြောင်း၊ ထိုင်း-မြန်မာ အရေး သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

နားဂစ် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးခဲ့ခြင်း၊ မြန်မာပြည်မှထွက်ခွာပြီး ထိုင်းနိုင်ငံမှာ လာရောက် အခြေချနေထိုင်သူများရဲ့ ကျန်းမာရေး၊ ပညာရေးများ ကိုလည်း ထောက်ပံ့မှု အကူအညီများ ပေးခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံရောက်မြန်မာများကလည်း ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ကိုလေးစားချစ်ခင် ကြကြောင်း ၊  ဘုရင်ကြီးကျန်းမာရေးပြန်ကောင်းအောင် ဆုမွန်းကောင်း တောင်းပေးကြကြောင်း မြန်မာသတင်းမီဒီယာ များတွင် ရေးသားဖော်ပြထား ကြသည်။ ချင်းမိုင်၊ မယ်ဆိုင်၊ဘန်ကောက်၊ မဲဆောက်မြို့များအပါအ၀င် နယ်စပ်မြို့များ မှာနေထိုင်ကြသော မြန်မာများကလည်း ထိုင်းဘုရင်မင်းမြတ်ဘူမိဘောရဲ့ မွေးနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်နေကြောင်း ကြားသိရပါသည်။

2 comments :

Anonymous said...

်အမှန်တော့ WFWW လည်းသဝဏ်လွှာ (သို့ ) ထိုင်းဘုရင်မင်းမြတ် ကျန်းမာဖို့ဆုတောင်း post လေးတစောင် နောက်တော့မြန်မာတွေကို ထိုင်းမြေပေါ် လုပ်ကိုင်စားခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းတွေ အခုလိုအခါသမယမှာ အလျဉ်းသင့်ဖော်ပြသင့်ပါတယ်။

A-bomb said...

နားမလည်နိုင်ဘူးနော် ဒီမိုကရေစီလမ်းကြောင်းမှာ ရောက်နေတဲ့ထိုင်းတွေက ဒီတစ်ဝာက်တစ်ပျက် ပဒေသရာဇ်စနစ်ပျက်ကိုပဲ ဖက်တွယ်နေတုန်းပဲ။