Wednesday, 9 December 2009

အမေရိကန် နိင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ် သန်းရွှေ ကို စိတ်ပျက် နေပြီ ။



သန်းရွှေဟာပွင့်လင်းရိုးသားမှုမရှိဘူး ဗျ လို့ ပြောနေတဲ့စကော့မာဆီယယ်



အမေရိကန် နိင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ်  (Scot Marciel)   နအဖ နဲ့  ဆက်ဆံရေးမှာ ဘာတခုမှ တိုးတက်မှုမရှိဘူး လို့  ပြောကြားသွားပါတယ်။ သူက     တိုးတက်မှုရမလား လို့ အမေရိကန်အနေ နဲ့ ဆက်လက်စောင့်ကြည့်မယ်။ တိုးတက်မှု မပြရင်တော့ အမေရိကန်အနေနဲ့  ဘာတခုမှာ စောင်ရွက်ပေးလို့ ရမှာမဟုတ်ဘူးလို့ ဆိုတယ်။ သူပြောချင်တာကတော့ 
၁- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို နအဖ အနေနဲ့ မဖြစ်မနေလုပ်ဆောင်ပိါ။
အမျိုးသားပြန်လည်သင့်မြတ်ရေး ရဲ့ ပထမခြေလှမ်းအနေနဲ့    ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေကို  ပြန်လွတ်ပေးပါ လို့ ဆိုလိုခြင်တာ။ မလွတ်ပေးတဲ့အတွက် တိုးတက်မှုမရှိ ဘူးလို့  အမေရိကန် အစိုးရက သုံးသပ်ပုံရတယ်။

၂- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်း သားတွေကိုမလွတ်ရင်  အမေရိကန်အစိုးရ အနေနဲ့ 
 စီးပွားရေးအရ ဒဏ်ခတ်ပိတ်စို့ ထားမှုတွေကိုရပ် မပေးဘူး ဆိုတဲ့အဓိပါယ်ဖြစ်ပါတယ်။

၃- မြန်မာ နိင်ငံရေးကိစ္စတွေမှာ ဆုံးဖြတ်ချက်အားလုံးကို ဗိုလ်ချုပ်ကြီးသန်းရွှေတဦးတည်ဆုံးဖြတ်လုပ်ကိုင်နေတာ၊ ပွင့်လင်းမှုမရှိတာကို သူက ဝေဖန် သွားခဲ့ပါတယ်။

သူက စင်ကာပူနိုင်ငံ  အရှေ့တောင်အာရှ လေ့လာရေး ( Institute of South East Asian Studies ) မှာ ပြောတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်တဲ့  ပညာရှင်တွေ စုပေါင်း ဆွေးနွေး တဲ့  နေရာလည်း ဖြစ်ပါတယ်။


စကော့မာဆီယ် ဒေါ်စုကို တွေ့ ဆုံခဲ့စဉ်က

1 comment :

Anonymous said...

အမေရိကန်မှာလဲ လူပြိန်းကြိုက် အိုဘားမား တက်လာပြီးကတည်းက လူပြိန်းသာသာ သံတမန်တွေလဲများလာပုံပဲ။
သာမန်လူတောင်သိနေတာကို မသာက အခုမှရေးကြီးခွင်ကျယ်ထလုပ်နေတယ်။ လာဘ်ထိုးပြီးလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပုံရတယ်။