Wednesday 30 December 2009

ဖြိုးမင်းသိမ်း ရဲ့ သေတမ်းစာ

အောက်မှာဖေါ်ပြထားတဲ့ကြေညာချက်က ဖြိုးမင်းသိမ်းရဲ့ စာပါ။ သူအကြောင်းမသိတဲ့ သူတွေဆိုရင်တော့သူကကြေညာချက်ကို ဖတ်ပြီး ဟ တယ်ဟုတ်ပါလားဆိုပြီး ဖြစ်သွားနိင်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင် လုပ်ခဲ့သူ ကိုမိုးသီးဇွန်က ပြန်ပြောပြတာက "သူဟာ အရင်က လူဘောင်သစ်ပါတီ ၀င်တဦးဖြစ်ခဲ့ဘူးတယ်။ သူဒီလိုလုပ်ရပ်မျိုး မကြာခဏလုပ်လေ့ရှိပါတယ်။ ဒါကြောင့်သူကို တော်တော်ထိမ်းခဲ့ရတယ်။ အများစုဆန္ဒကိုအမြဲတမ်းဆန်ကျင်ပြီး တတ်ယောင်ကားလုပ်လေ့ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ အဆိုးဆုံးကတော့ အောင်သောင်းဆီက အကူညီယူပြီး နအဖရဲ့  ရွေးကောက်ပွဲကို ထောက်ခံမှုရအောင် စည်းရုံးပေးနေခြင်းဖြစ်ပါတယ်"

ဥပမာ - သူပြောတာကိုအဟုတ်မှတ်ပြီး ဆွေးနွေးပွဲကိုသွားတတ်ရင်တော့
ခင်ဗျားကို ထောက်လှမ်းရေးက ဖမ်းဖို့ ကိုယ်ဖါသာကိုယ်စာရင်းပို့ လိုက်သလိုဖြစ်သွားပါတယ်။
သူတို့ ဆွေးနွေးပွဲကို လူ ၄၀ လောက်လာတယ်။ ၃၅ ယောက်က ထောက်လှမ်းရေးတွေခြည်းဖြစ်နေပါတယ်။

သူတို့ ကိုတည်ကြက်လို သဘောထားပြီး အောင်သောင်းက စီစဉ်ပေးထားတာပါ။ ဘယ်ကောင်က ငါဒို့ ကို
ဆန်ကျင့်တယ်။ ကြားနေတယ်။ ပျော့တယ်၊မာတယ် သိဖို့  လုပ်ပေးထားတာပါ။ ဥပမာ ဖြိုးမင်းသိန်းက
ကိုဌေးကြွယ်ရဲ့ ယောက်ဖ ပါ။ ကိုဌေးကြွယ်ကို ဖမ်းထားပြီး တော့ ယောက်ဖ ဖြိုးမင်းသိန်းကို မြန်မာ အရေးဆွေးနွေးဖို့ လုပ်ဖေါ်ကိုင်ဖက်တွေ ကိုဖိတ်ပါတယ်ဆိုရင် နအဖ အနေနဲ့  ရိုးသားမှုရှိတယ်ဆိုရင်
ကိုဌေးကြွယ်ကို လွတ်ပေးလိုက်ရုံပဲမဟုတ်လား။ ဖြိုးမင်းသိမ်းအနေနဲ့ ကိုဌေးကြွယ်ကိုလွတ်ပေးဖို့ မတောင်းဆိုသင့်ဘူးလား --- စာဖတ် ပရိသတ်တွေစဉ်းစားနိင်ဖို့ တင်ပြပေးလိုက်တာပါ။

ဇော်ဝင်း ( နယူးယောက်)

--------------------------------------------------------------------------------------------------------------------------------------

မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပရေးကော်မတီ

ဆက်သွယ်ရန်ဖုံးနံပါတ် ၀၉၅၀၇၆၂၃၄ (ဖြိုးမင်းသိမ်း)

ပြည်သူလူထုနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များသို့ အသိပေးထုတ်ပြန်ကြေငြာချက်
(ကြေငြာချက် ၁/၂၀၀၉)

၁။ ယနေ့မြန်မာနိုင်ငံရေးကို ချဉ်းကပ်ဆောင်ရွက်ရာတွင် အမေရိကန်အစိုးရ၏ ပြောင်းလဲကျင့်သုံးလာသော နိုင်ငံခြားရေးမူဝါဒအသစ်အရ မြန်မာနိုင်ငံတည်ဆဲအစိုးရနှင့် တိုက်ရိုက်ထိတွေဆက်ဆံလာခြင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် အထွေထွေအတွင်းေ၇းမှူး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာေ၇းနှင့် ဖွံဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း၊ ပိတ်ဆို့အရေးယူမှုများနှင့်စပ်လျဉ်းပြီး ပိုမိုသိရှိလိုကြောင်း တင်ပြချက်အပေါ် နအဖက လိုအပ်သော စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းနှင့်လာမည့် ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် တပ်မတော်အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုစသည့် အခြေအနေအရပ်ရပ်တို့ကို လက်တွေ့ကျကျ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရန်လိုအပ်သည်ဟုယူဆပါသည်။

၂။ ယခုအခါ အမေရိကန်အစိုးရ၊ ဥရောပ သမဂအဖွဲ့ဝင်အစိုးရများ၊ ကမ္ဘာ့ကုလသမဂ နှင့် နိုင်ငံတကာအစိုးရများအပါအ၀င် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းအသီးသီးတို့အနေဖြင့် တည်ဆဲအစိုးရနှင့် မြန်မာ့ဒီမိုကရေစီရေး အင်းအားစုများ သင့်မြတ်ပေါင်းစည်း ဆောင်ရွက်နိုင်မည့် မြန်မာနိုင်ငံ၏လူမှုေ၇း၊ စီးပွားရေးနှုင့် နိုင်ငံရေးတည်ငြိမ်တိုးတက်မှုများကို လိုလားသည့်အပြုသဘောဆောင်သော ခြေလှမ်းများ စတင်နေပြီကို တွေ့မြင်နေကြရပေသည်။

၃။ ထို့အပြင်ယခုကဲ့သို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသော အချိန်အခါတွင် တည်ဆဲအစိုးရ နှင့် နိုင်ငံရေးအင်အားစုများအပါအ၀င် ပြည်သူတစ်ရပ်လုံအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရိုးသား ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ကြမည့် လူပုဂိုလ်နှင့် အဖွဲ့အစည်းများအား ရပ်တည်ရှင်သန်ခွင့်ပေးရန် အထူးလိုလှပေသည်။

၎။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သော လုပ်ငန်းစဉ်များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံေ၇းအခင်းအကျင်းသစ်မှ စတင်ဖေါ်ဆောင်နိုင်ရန် မြန်မာ့အရေး နိုးကြားတက်ကြွသည့် နိုင်ငံေ၇းအင်အားစုများနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးဆွေးနွေး ညှိနှိုင်းပြီး အနညးဆုံး ဘုံတူညီချက်များကို အခြေခံကာ ရလဒ်ကောင်းများပေါ်ထွက် လာအောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်ဟု အလေးအနက်ယုံကြည်ပါသည်။

၅။ သို့ဖြစ်ပါ၍ သမိုင်းကောင်းမှတ်တိုင်ဟောင်းများကို အသိအမှတ်ပြုလက်ခံရင်းဖြင့် သမိုင်းသစ် စာမျက်မှာသစ်တွင် မှတ်တိုင်သစ်များ စိုက်ထူကြပါစို့၊ ဟူသော တိုက်တွန်းနှိုးဆော်ချက်နှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းနိုင်ရန်အတွက် မြန်မာ့အေ၇းနိုးကြားသူများ ပါဝင်ဆွေးနွေးကြမည့် မြန်မာ့အေ၇းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းရန်ကုန်မြို့၌ကျင်းပသွားမည် ဖြစ်ပြီး ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။

(မြန်မာ့အရေးဆွေးနွေးပွဲကျင်းပရေးကော်မတီ)

No comments :