Thursday 31 December 2009

၂၀၁၀ ဟာ သန်းရွှေ အတွက် ကြမ္မာဆိုး ကို ပေးလိမ့်မယ်



၁၉၈၈ ၀န်းကျင်မှာ မဆလပါတီနဲ့ ပတ်သက်လို့  ပုံပြင်တပုဒ်ဖြစ်ခဲ့တယ်။ ပုံပြင်က ဒီလို။ ၁၉၈၈ မှာ လူထုလှုပ်ရှားမှုကြီးဖြစ်မယ်။ မဆလပျက်သုဉ်းမယ်။ ဦးနေ၀င်း အသေဆိုးနဲ့ သေရမယ်လို့ 
သူအလွန် ယုံတဲ့ ဗေဒင်ဆရာကပြောလိုက်တော့ ဦးနေ၀င်းဟာ မအိပ်နိင်မစားနိင်ဖြစ်ခဲ့တယ်။ မဆလပါတီ
လက်စွဲကျော် အောက်လမ်း ဗေဒင်ဆရာ ( ဆရာမြိုင်) က ယတြာယာချေရမယ် လို့ ဦးနေ၀င်းကိုအကြံပေးတယ်။ ယတြယာကတော့ ယိုးဒယား နိင်ငံ ( ထိုင်းနိင်ငံ) ကို ဘုရားတဆူလက်ဆောက်ပေးခိုင်းတယ်။ သဘောတရားကတော့ ဦးနေ၀င်းရဲ့ ကံကြမာဆိုးတွေ ကို ထိုင်းဘုရင်ကို ပေးလိုက်ပြီ ဆိုတဲ့သဘော။ အောက်လမ်း ဆရာ ဆရာမြိုင်က ရွီးလုံးတွေပေါ့။

သတင်းစာထဲမှာ ဦးနေ၀င်းက ယိုးဒယား ဘုရင်ကြီးကို ဘုရားတဆူလက်ဆောင်ပေးနေတဲ့ပုံ   ကို ၈၈ မျိုးဆက်တွေ မှတ်မိ ကြမှာပါ။ ယိုးဒယားဘုရင် က ဒီဘုရားကို ပြန်ပို့ ခိုင်းတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကိုလည်းမှတ်မိကြဦးမှာပါ။


အခုလည်း  ဒေါ့် ကြိုင်ကြိုင် နဲ့  ဗိုလ်ချုပ်သန်းရွှေ တို့ လက်စွဲ အောက်လမ်းဆရာ အဘထွန်း ဆိုတဲ့သူက
၂၀၁၀ တော့ မှာ သန်းရွှေ ပြီးပြီလို့  ဟော သတဲ့။ တပ်တွင်းပုန်ကန်မှုတွေ၊ တိုင်းပြည်ဆူပူမှုတွေဖြစ်မယ်။
သန်းရွှေ နဲ့ မိသားစု အသေဆိုးနဲ့ သေမယ်လို့  ဟောတယ်။ ဒီတော့ ကြောက်လန့် နေတဲ့သန်းရွှေဟာ
အိပ်မပျော်စား မ၀င်ဖြစ်နေတယ်။  အောက်လမ်းဆရာ အဘထွန်းက သန်းရွှေကို ယတြယာလုပ်ပေးပါတယ်။  သန်းရွှေ ရဲ့  ခြေသည်းလက်သည်း၊ ဆံပင်တွေကို ဘုရားဆင်းထုထည်းမှာ ထည့် ခိုင်းပြီး သီရိလင်္ကာ နိင်ငံကို လက်ဆောင်ပေးခိုင်းပါတယ်။ ဒါကြောင့် ဟိုတလော က သန်းရွှေဟာ
သီရိလင်္ကာ နိင်ငံကို အလောသုံးဆယ်သွားရတာ ဒါကြောင့်ပါ။  ၂၀၁၀ အတွက် ယတြာယာချေတာပါ။

ဒါပေမဲ့ ၂၀၁၀ ကတော့ အပြုံပျက်ပုံမရဘူး။ လူထုမှာစားစရာမရှိဘူး။ မီးမရှိဘူး။ တပ်တွင်းအောက်ခြေတွေမှာ စားစရာမရှိတော့ဘူး။ စားစရာက နေပြည်တော်မှာပဲရှိတယ်။
ဒီတော့ ၂၀၁၀ လူထုလိုင်းတပိုးကို ဘယ်လို ယတြာဆိုးကမှ ခြေမပေးနိင်တော့ဘူးဆိုတာ မကြာခင်တွေ့ ရပါလိမ့်မယ်။ ဦးနေ၀င်းလည်း ယတြာာချေပေမဲ့ သူရောသူမိသားစုရော အကုသိုလ်တွေဝင်ခဲ့ပါတယ်။
ဒါဆိုရင် သန်းရွှေရော၊  သန်းရွှေလည်း ဦးနေ၀င်းလို့ ပဲ ဇတ်သိမ်းရမှာပါ။ ဇတ်သိမ်းရမဲ့အချိန်က
သူအောက်လမ်းဆရာပြောသလိုပဲ ၂၀၁၀ ထဲမှာပဲဖြစ်မှာ ပါ။  သန်းရွှေဒို့ လိုလူမျိုးတွေအတွက်
 ဗုဒ္ဒမြတ်စွာဘုရားက ဓမ္မပဒ မှာ ဒီလိုဟောခဲ့ပါတယ်။ '' နွားခြေရာခွက်နောက်ကို လှည်းဘီးဟာ ကောက်ကောက်ပါလိုက်သကဲ့သို့  မကောင်မှု ကို ကြူးလွန်ထားတဲ့သူရဲ့ နောက်ကို အကုသိုလ်ဟာ ကောက်ကောက်ပါလိုက်လေ့ရှိတယ် ချစ်သားတို့    ။ ''







၂၀၁၀ မှာ သူ ကြမ္မာ ဆိုး ၀င်မယ်။ သူကြမ္မာဆိုးကို သီရိလင်္ကာကို ပို့ ပြီးယတြာယာချေနေတဲ့
သန်းရွှေ ကို တွေ့ ရစဉ်။






4 comments :

Anonymous said...

2008 သြဂုတ်လမှာ သန်းရွှေ သေကိုသေရမယ်တဲ့ မောင်မိုးသီးရေ မင်းတို့ကောင်တွေ သန်းရွှေ ကာလနာ တိုက်ပြီးသေမှာကိုပဲ စောင့်နေတယ်မလား ကိုယ်ကိုယ်တိုင် ဘာမှ စောက်အစွမ်းအစမရှိဘူး ဆိုတာ အခုပို့စ်က သက်သေပြနေပါတယ်...။

Anonymous said...

မင်းတို့ သန်းရွှေကိုသေခိုင်းနေတာလည်း တော်တော်ကြာပါပြီ။ဟိုကတော့ အပြုံးတောင်မပျက်ဘူး။

Anonymous said...

Change your blog title from "we fight we win" to "we curse we win"

Anonymous said...

လုပ်နိုင် သလောက် လုပ်ခဲ့ကြ ပြီးပြီ ဘဲ .. ဘာလုပ် လို့ ရလို့ လဲ .. ဥတည်ဘွား လည်ပင်း ထုံး ၃ ရစ် သွားတား ခိုင်းဘို့  ဗျတ်ဝိ ဗျတ္တ လို လုပ်ရ ဦး မှာလား ... သန်းရွှေ ကာလနာ တိုက်ပြီးသေပါစေ .. ကဲ ငါ လဲ ဒါဘဲ တတ် နိုင်တယ် ကွာ .. ချီး ဘဲ