၁- ကုလသမဂ က နအဖ ကျူးလွန်နေတဲ့ ရာဇတ်ဝတ်မှုတွေကို လျစ်လျူရှုနေတယ်။ မြန်မာ ပြည်အရှေ့ ပိုင်းမှာ ရွာပေါင်း ၃၃၀၀ ကျော်ပို ဖျက်ဆီးပြစ်တာ ၊ ဒုက္ခသည် ၁သန်း ကျော် ဖြစ်နေတယ်။ ကလေးစစ်သား ၁၀၀၀၀သောင်းကျော်ရှိနေတယ် အဓမလုပ်အား ၁ သန်းကျော်ရှိတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေကို စစ်ပွဲမှာ လက်နက်သဖွယ်သုံးနေတယ်။နိင်ငံ ကနေ လူတွေကိုမနေနိင်အောင် ဖြစ်နေတယ်။ ရောဂါဘယနဲ့ လူတွေကိုသတ်နေတယ်။
၂- ဒီကိစ္စတွေကိုအရေးယူပေးဖို့  ကုလသမဂ မှာတောင်းဆိုတဲ့နိင်ငံမရှိသေးဘူး။ ဒါပေမဲု့ ဗြိတိန်နဲ့  အမေရိကန် တက်ကြွလှုပ်ရှားသူတွေက ဒီကိစ္စတွေကိုအရေးယူဖို့  Commision of Inquiry ကိုဖွဲ့ စည်းပေးဖို့  တောင်းဆိုလာကြတယ်။ ဒီလူတွေက အင်္ဂလန်နဲ့ အမေရိကန် မှာဖြစ်တယ်။ ဒါပေမဲ့  နစ်နိင်ငံလုံးက ရေငုံနှုတ်ပိတ်နေတယ်။ ကျနော်တို့ အနေနဲ့  နအဖ ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကို ကုလသမဂ စ စတင်မှတ်တမ်းတင်ပြုစုဖို့ တောင်းဆိုတယ်။ ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။
၃- လုပ်ဆောင်သင့်တာတွေကတော့ မြန်မာ စစ်အစိုးရကို လက်နက် တွေမရောင်းချဖို့  လုပ်သင့်တယ်။ အရင်က လက်နက်မရောင်းချဖို့ နိင်ငံပေါင်း ၃၁ နစ်နိင်ငံကိုတောင်းဆိုခဲ့ဘူးတယ်။ တကယ်လို့ မြန်မာ စစ်အစိုးရကိုလက်နက်ပိတ်စို့ မှု လုပ်နိင်ရင် - ၃၂ နစ်နိင်ငံမြောက်ဖြစ်လာမယ်။ ပထမဆုံးအာရှနိင်ငံဖြစ်လာမယ်။သတင်းကောင်းကတော့ သြစတေးလျ အစိုးရက သြဂုစ်လက တောက်ခံခဲ့တယ်။ ( သြစတေးလျ က ဘယ်နိင်ငံကိုမှာအရေးယူဖို့ မတောင်းဆိုခဲ့ဘူးဘူး။ ဒါပေမဲ့ နအဖ ကို အရေးယူဖို့ ထောက်ခံခဲ့တဲ့နိင်ငံဖြစ်လာတယ်။) ဆွစ်ဇာလန်က အောက်တိုဘာမှာတောက်ခံခဲ့တယ်။ ဒါကို နိင်ငံတကာလှုပ်ရှားမှု ဖြစ်လာအောင်ဆောင်ရွက်သင့်တယ်။
၎- အခက်ခဲကတော့ ကုလမသဂမှာ နအဖကိုအရေးယူဖို့ လုပ်လာရင် ရုရှားနဲ့ တရုပ်က ကန့် ကွက်လာနိင်ခြင်းဖြစ်တယ်။ Global Action for Burma ( GAB) ၊ Burma Campaign UK နဲ့  US Campaign For Burma တို့ ကတော့ တနိင်ငံစည်းရုံးရင် ၁၀ နိင်ငံစီသေသေချာချာ စည်းရုံးဖို့ ပြင်ဆင်နေကြောင်းသိရတယ်။ Global Action For Burma က ပြည်တွင်းလှုပ်ရှားမှုကို ပိုမိုတိုးတက်လုပ်ဆောင်နေတာကိုတွေ့ ရပါတယ်။ ကျန်တဲ့ ဒီမိုကရေစီအင်အားစုများကလည်း အပြောမဟုတ်အလုပ်နဲ့ လက်တွေပြ လုပ်ဆောင်ကြဖို့ အချိန် ကြနေပြီဖြစ်ပါတယ်။
No comments :
Post a Comment