Thursday, 3 December 2009

ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ခရိုက်စလာ ကား ကုမ္မဏီင်္က ကြော်ညာနဲ့ တောင်းဆို



အမေရိကန် မှာ နာမည်ကြီးလှ၊ သြဇာကြီးလှတဲ့ ခရိုက်စလာ ကား ကုမ္မဏီ ရဲ့  ကြော်ညာက ဒီတခါမှာ ထူးထူးဆန်းဆန်း လုပ်လာပါတယ်။ အရင် က နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ကြော်ညာလေ့ရှိတဲ့ခရိက်စလာဟာ အခုတော့ ကမ္ဘာ ခေါင်းဆောင်ကြီးတွေနဲ့ ကြောညာလာပါတယ်။

ရှင်းရှင်းပြောရရင်တော့ စီးပွားရေး ကိုသာ အာရုံစိုက်ထားတဲ့ ဒီကုမ္မဏီ က တရားမျှတမှုနဲ့ လူအခွင့်အရေးကို အလေးထားပါတယ်ဆိုတာကို ပြသလာပါတယ်။ ဘာဖြစ်လို့လည်း အမေရိကန် နဲ့ ဥရောပလူထု က မြန်မာ ပြည်မှာ ဖြစ်နေတဲ့ မတရားမှု အပေါ် ပိုသိလာတယ်။ ပိုမြင်လာတယ်။

နအဖ ရဲ့ လုပ်ရပ်တွေကို ရှုတ်ချလာကြမှု က တိုးတက်များပြားစွာဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သူရဲ့ ဈေးကွက်ထဲက စားသုံးသူတွေရဲ့ ဆန္ဒက ဘယ်လိုလည်းဆိုတာကို ကားကုမ္မဏီက နိင်ငံရေးသမားတွေထက် မှန်ကန်စွာအကဲခတ်နိင်စွမ်း ရှိလာပါတယ်။

ဒီတော့ရပ်တည်ချက်ကအရေးကြီးလာတယ်။ ရပ်တည်ချက်က အဖိနိပ်ခံမြန်မာ ပြည်သူတွေဖက်က ရပ်တည်လာရခြင်းဖြစ်ပါတယ်။

ဒီကြေညာမှာတော့ သူကားကို နိုဘယ်ဆုရ ကမ္ဘာခေါင်းဆောင်ကြီးတွေကိုတယောက်ပြီးတယောက် ခရိုက်စလာကားက ပို့ဆောင် ပေးခဲ့ပြီးပါပြီ။ ဒီတခါတော့အောင်ဆန်းစုကြည် အတွက် ဖြစ်ရပါမယ်လို့ လွတ်နေတဲ့ကားနောက်ခန်းခံ တခါးကိုဖွင့်ပြီး ဒေါ်စုဆင်းလာမဲ့ သဏ္ဍန်ကို လုပ်ပြထားပါတယ်။

ဒီကြေညာက အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ရည်စူးပါတယ်လို့လည်း တိုက်ရိုက် တင်ပြထားပုံက ထူးခြား နေပါတယ်။

ဒီထက်ပိုထူးခြားတာကတော့ အောင်ဆန်းစုကြည်၊ ရွေးကောက်ခံ ၀န်ကြီးချုပ်၊ နိုဘယ်ဆုရှင်ဆိုတဲ့ စာတန်းကို မသိမသာ ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒေါ်စုဟာ ၀န်ကြီးချုပ်မဟုတ်သေးပါဘူး။ ဘာဖြစ်လို့ ဒီလို ဖေါ်ပြထားတာပါလဲ။ ဘယ်လိုရည်ရွယ်ချက်ရှိနေသလဲ။

ဒီကားကုမ္မဏီ က မ္ဘာမှာ သြဇာကြီးလှတဲ့ ဇိမ်ခံကား ဖြစ်တယ်။ ကြောညာတခုကို သန်းနဲ့ ချီပေးရတယ်။ သူရဲ့ ကြော်ညာက သန်းပေါင်းများစွာသော အနောက် လူထုကို မြန်မာ အရေး ကိုထောက်ခံကြ၊ စစ်ရာဇ၀တ်ကောင်တွေကိုခုံရုံးတင်ကြ ဆိုတဲ့ Message ကို အချက်ပြနေသလိုဖြစ်နေခြင်းဖြစ်ပါတယ်။

အမျိုးသား လွတ်မြောက်ရေးကို ကြိုးပန်းနေတဲ့ ညီအကိုတော်တိုက်ပွဲဝင် အပေါင်းတို့အတွက် သတင်းကောင်း ဖြစ်ပါတယ်လို့ ဆိုပါရစေတော့-


မူရင်း ကတော့ သူတို့ ရဲ့ဆိုက်မှာ ဟောသလို တင်ထားပါတယ်ခင်ဗျား။

1 comment :

Anonymous said...

အ၇မ်းကိုနှစ်သက်မိပါတယ်

pyinsa.dfb.jp