Thursday 24 December 2009

အိမ်ခြေမဲ့များအတွက် တော်ဝန်မင်းသား ရံပုံငွေရှာ


Prince William spent his night on the streets at Blackfriars Bridge.

-ပက်ထရစ်ရှာလင်း-

ဆီးနှင်းများသိပ်သည်းထူထပ်စွာကျပြီ ခိုက်ခိုက်တုန်အောင်ချမ်းလှတဲ့ ဆောင်းရာသီ ကို ၀င်ရောက်လာ ပြီဆိုရင် အနောက်နိုင်ငံတွေမှာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ အိမ်ခြေမဲ့ သွားလာနေထိုင်နေကြတဲ့ သူတွေအတွက် လူအသေအပျောက်နဲအောင် ကူညီမှုတွေ ပေးလေ့ရှိကြပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ လူအိုများအတွက် ယာယီ နေထိုင်ရာနေရာတွေ၊ စားစရာတွေ အသင့်စီစဉ်ထားပေးတယ်။ လူသားချင်း ယိုင်းပင်း အကူအညီပေးမှုတွေဟာ သူတို့ရဲ့ အလေ့အထ တမျိုးပါ။ ဒါပေမဲ့လည်း ယခု ရင်ဆိုင်နေရတဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေ ကြောင့် အလှူရှင်တွေဟာ ခါတိုင်းလို အားတက်သရော မလှူဒါန်း နိုင်ကြတော့လို့ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေ ကို အကူအညီ အပြည့်အ၀ ပေးဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ တချို့နေရာတွေ မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေဟာ အမိုးအကာမရှိဘဲ ရေခဲအမှတ်အောက် အအေးဒဏ်ကို အလူးအလိမ့်ခံစားနေရတဲ့အခြေအနေဖြစ်နေကြတယ်။

ဒီလို အခြေအနေမှန်တွေကို ဗြိတိန် နိုင်ငံသားအားလုံး သိရှိဖို့၊ စာနာကြဖို့ အတွက် ဗြိတိန်နိုင်ငံတော်ဝင် မင်းသားဝီလျံ ဟာ လန်ဒန်မြို့ လမ်းမများ၊ အမိုးအကာမရှိတဲ့ နေရာများ တွင် အိမ်ခြေမဲ့လူငယ်များ ဖြင့် အတူတကွ အိပ်ပြကာ ရံပုံငွေရှာပေးခဲ့တယ်။  ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား ၀ီလျံ က အမိုးအကာမရှိ ရေခဲအမှတ်အောက်ရောက်နေတဲ့ အအေးဒဏ်ကို သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရလို့ အိမ်ခြေမဲ့များရဲ့ ဘ၀ကို အလွန်စာနာမိပါတယ်လို့ပြောဆိုသွားခဲ့တယ်။ အိမ်ခြေမဲ့သူတွေဟာ နေ့စဉ် ဒီလို အအေးဒဏ်ကို အလူးအလဲခံစားနေကြရတယ်။ သူတို့ကို အကူအညီပေးကြပါလို့ ဗြိတိန်ရှိ လူချမ်းသာတွေ ကို တိုက်တွန်းသွားခဲ့တယ်။

ဗြိတိန်နိုင်ငံ လမ်းမတွေပေါ် မှာ အမိုးအကာမရှိဘဲ ရေခဲအမှတ်အောက် အအေးဒဏ်ကို အလူးအလိမ့် ခံစားနေရတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဆင်းရဲမွဲတေမှု၊ စိတ်ရောဂါ ဝေဒနာ၊ အရက်နှင့် မှုးယစ်ဆေးဝါး စွဲနေမှု၊ မိသားစု ပဋိပက္ခပြဿနာ အစရှိတာတွေကြောင့် အိမ်ခြေမဲ့ဘ၀ အဖြစ်ရောက်ရှိ ခဲ့ကြရတာပါ။ သူတို့အားလုံးကို ကူညီစောင့်ရှောက်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်လို့ ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား ၀ီလျံ က ပြောဆိုသွားသည်။

Sources:

Prince William Sleeps Rough On The Streets

2 comments :

bigcat said...

Than Shwe's grandson (monkey prince) is planning to sleep with model girls to prove that he sympathizes the life of poor who have no clothes.

min said...

သာဓုခေါ်ပါတယ် အိမ်ရှေ့မင်းသားရယ်၊ခင်ဗျားလိုဘဲ
ကျနော်လည်း အဲဒီလိုကုသိုလ်ပြုနိုင်တဲ့ လူမျိုးဖြစ်နိုင်ပါ
စေလို့ ဆုတောင်းမိတယ်ဗျာ.အခုလောလောဆယ်တော့
စိတ်နဲ့ဘဲ ကုသိုလ်ယူနေရသေးတယ်၊နောင်တချိုန်ပေါ့
ဗျာ။