Tuesday 8 December 2009

ရွှေတောင်ကြား က သူဌေးမိသားစုကို ဘယ်သူသတ်တာလဲ





ရွေတောင်ကြား  က သူဌေးမိသားစုကို သတ်တဲ့တရာခံ က သန်းရွေကိုယ်တိုင်ပါဝင်နေပါတယ်။  ယခုထပ်မံ ရရှိသောသတင်းအရ ရွှေတောင်ကြားမိသားစုက သန်းရွေသမီး ( သန္တာရွှေ) မင်္ဂလာဆောင်စဉ်က စိန်တွေငှားလိုက်တယ်လို့ သိရပါတယ်။ သန်းရွှေသမီးက  စိန်တွေကို ငှားပြီးပြန်မပေးပဲ နေတယ်လို့ သတင်းကဆိုပါတယ်။ နောက်တော့ စိန်စီသောည ဆိုတဲ့ ဗွီဒီယိုခွေထွက်လာတဲ့အခါမှာ  သူဌေးမိသားစုလက်ချက်လို့ ယူဆပြီး သန်းရွှေက ဒေါသအမြက်ချောင်းချောင်းထွက်တယ်လို့ သိရတယ်။ နောက်တော့  သူရဲ့ စစ်ဘက်လုံခြုံရေး ဗိုလ်ချုပ်နေ၀င်းကို လည်းကောင်းမိသားစု ၅ ယောက်ကိုအပြတ်ရှင်းခိုင်းလိုက်ပါတယ်။  ဒီအမှုဖြစ်စဉ်ကို စစ်ဆေးရတဲ့ ရန်ကုန်တိုင်းရဲ မှုးဝင်းနိင်က ဒီအမှုမှာ ဘယ်သူတွေပါဝင်နေတယ်ဆိုတာကိုသိသူဖြစ်လာတယ်။ ၀င်းနိင်ကိုပါအပြတ်ရှင်းဖို့ သန်းရွှေက ဆက်လက်ညွန်ကြားလာတဲ့အတွက် ၀င်းနိင် အသက်လုပြီးနယ်စပ်ကိုထွက်ပြေးသွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ခုထိဝင်းနိင်ဟာ နယ်စပ်ကိုပဲရောက်မလာ အထဲမှာလည်းသတင်းပျောက် ဖြစ်နေပါတယ်။  ၀င်းနိင်ကိုရှင်းဖို့ အတွက်  အကြမ်းဖက်နိမ်နင်းရေး အဖွဲ့ ခေါင်းဆောင်ဒုရဲမှုကြီး အောင်ထွန်းထွန်းလွင် ကို တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တချို့ က တော့ အပျောက်ရှင်းခံလိုက်ရပြီလို့ ဆိုပါတယ်။ ၀င်းနိင်နဲ့ အတူ
သူမယားငယ် ( ကရင်မ) ဆိုသူပါပျောက်ဆုံးနေပါတယ်။  တချို့ ကတော့ နေပြည်တော်မှာချုပ်ထားတယ်လို့ ဆိုပါတယ်။

2 comments :

Unknown said...

no it not ture u r lier

မောင်ချမ်းငြိမ်း said...

ko moe thi yar kyi lote par own. is the news source reliable?