အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင် မတင်တင်ထွေး ဟာ ဒီဇင်ဘာ ၂၃ ရက် နံနက် လင်းအားကြီးမှာ အင်စိန်ထောင်မှာကွယ်လွန်သွားခဲ့ပါတယ်။ သူမှာ အစာအိမ်ရောဂါကိုအပြင်းအထန်ခံစားနေရပေမဲ့ နအဖ အာဏာပိုင်များက ဆေးရုံတက်ရောက်ပြီးကုသခွင့်မပြုခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တဦးဖြစ်နေတာရယ်၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့်ဖြစ်တယ်လို့  ဆိုပါတယ်။ သူမသေဆုံးသွားမှသာ သူမအလောင်းကို မိသားစုကိုထုတ်ပေးခဲ့ပါတယ်။ သူမကို ဒီဇင်ဘာ ၂၅ ရက်ေ န့မှာ ရေဝေးသုသန်မှာ သဂြိုလ်မယ်လို့ သိရတယ်။ သူမရဲ့  ဈပန အခန်းနားကိုတက်ရောက်ကြဖို့  ဒီချုပ်အဖွဲ့ ဝင်တွေက လှုံ့ ဆော်ထားတယ်လို့ သိရပါတယ်။
Wednesday, 23 December 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment