Saturday 5 December 2009

ဗိုလ်ချုပ်သန်းရွှေ လုပ်ရန် အိမ်စာများ

ဗိုလ်ချုပ်သန်းရွှေ လုပ်ရန် အိမ်စာများ

၁- ဒေါ်အောင်ဆန်းစုကြည်စာကိုအကြောင်းပြန်ရန်
၂- ကြံဖွတ်ကို ပါတီအသွင်ထားမလား၊ ဖျက်သိမ်းမလား တခုခု လုပ်ရန်
၃- အငြိမ်းစားဗိုလ်ချုပ်များဖြင့် ကြားဖြတ်အစိုးရကို ဖွဲ့ စည်းရန် 
၎- ရွေးကောက်ပွဲဥပဒကိုထုတ်ပြန် ရန် 
၅-  အမေရိကန် အစိုးရ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်နိင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရေးကိစ္စ အကြောင်းပြန်ရန် 

တို့ ဖြစ်ပါတယ်။ ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေ တယောက် ၄ လ ပတ် တပ်မှုးအစည်းဝေးမှာ ဒီပြသနာတွေကို
မဖြေရှင်းရဲ ဘူးဖြစ်နေပါတယ်။   ၈၈ လေးလုံးကာလက လူထု ကတောင်းဆိုချက်များကိုမလိုက်လျောပဲ
ဒေါက်တာမောင်မောင် တယောက်ဝေလည်ကြောင်ပတ် လုပ်နေတဲ့အတွက် လူထု က
ရူးကြောင် မူးကြောင်- ဦးမောင်မောင်- အရူး ထောင်ကိုပို့ လိုက် ပါလား လို့  လှောင်ပြောင်တာကိုခံခဲ့ ရပါတယ်။ အငြိမ်းစားယူပြီးတဲ့အခါမှာလည်းခွေးသေ၀က်သေ သေရပါတယ်။
အခုလည်း  လူထု၊ နိင်ငံတကာ နဲ့ စစ်တပ်ထဲက ဗိုလ်ချုပ်တွေက အပြောင်းအလဲ  (  Change )   ကို
လုပ်ဖို့  သန်းရွှေကို ပြောနေကြပါပြီ။ စောင့်ကြည့်နေကြပါပြီ။
ဗိုလ်ချုပ်သန်းရွှေတယောက် ရူးကြောင်ကြောင် လုပ်လေ သူမိသားစုအနာဂတ် စိတ်မချရလေဖြစ် မည်မလွဲပါကြောင်းတင်ပြလိုက်ရပါတယ်။

-   ရွှေငုံးမင်း -

3 comments :

min said...

မြန်မာပြည်နိုင်ငံရေးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်
အကျယ်ချုပ်က မလွတ်မချင်း ဘာမှပြောင်းလဲမှာမဟုတ်
ပါဘူး.ပြည်ပကနေပြီး ပြည်တွင်းကလူတွေကို ထိုးကျွေး
နေတာဘယ်နှစ်ခါရှိနေပြီလဲ.ပြည်တွင်းမှာလည်းဖွတ်
ဖွတ်ညက်ညက်ကျေနေပါပြီ.သန်းရွှေနဲ့အပေါင်းအပါတွေ
ကနှိတ်စက်လိုက် ပြည်ပကနိုင်ငံရေးကျားတွေကဒုက္ခ
ပေးလိုက်နဲ့(ပြည်ပမှာနေသူအားလုံးကို မဆိုလိုပါ)လူ
နည်းစုနိုင်ငံရေးကိုဗန်းပြပြီး လုပ်စားနေသောNCGUB
နှင့်အပေါင်းအပါများ)ပြည်ထဲမှာယဉ်ကျေးမှု့တွေလည်း
ပျောက်နေပါပြီ.ကြည့်လည်းလုပ်ကြပါအုံးကိုယ့်ဆရာတို့
ရေ ဝဋ်ဆိုတာလည်တယ်နော်.မိမိကိုယ်ကို ဖြုစင်တဲ့အ
ကျင့်ကောင်းလေးတွေကို အရင်လေ့ကျင့်ကြပြီးမှ နိုင်ငံ
နဲ့လူမျိုးအတွက် အလေးပေးလုပ်ဆောင်နိုင်ကြပါစေ။

လူတွေလေးစားခံရတဲ့ပုဂ္ဂိုလ်တိုင်းမှာ ဖြုစင်တဲ့
ကိုယ်ကျင့်တရားတွေအခြေခံအားဖြင့် ရှိကြစမြဲပါ.အရက်
သမား ဘိန်းစားလည်းနိုင်ငံနဲ့လူမျိုးကိုချစ်တတ်ကြတာ
ဘဲ.အရက်မသောက် ဘိန်းမစားတဲ့လူလည်းနိုင်ငံနဲ့လူ
မျိုးကိုချစ်တတ်မှာဘဲ.ဒါပေမဲ့အများအတွက် နိုင်ငံတော်
အတွက်လုပ်ကြပြီဆိုရင်တော့ အခြေခံကိုယ်ကျင့်တရား
လေးတွေ ရှိကြဖို့တော့လိုမယ်နော်.ကိုယ်စားတဲ့ထမင်း
တလုပ်ဟာဖြုစင်တယ်မဖြုစင်ဘူးဆိုတာတော့နေ့တိုင်း
ဆန်းစစ်ဖို့လိုမယ်ထင်တာဘဲ.

မောင်ဂူးဂဲ said...

မှန်ကန်တဲ့ Comment လေးပါ သေချာစွာ စဉ်းစားပေးပါ

Anonymous said...

min ရဲ့ comment ကို အရမ်းထောက်ခံပါတယ်ဗျာ၊ မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့အကျင့်က လုပ်စား ရိုက်စားလုပ်တတ်ပြီး ဇာတ်တူသားကို အရမ်းကြိုက်တာပါပဲ၊ ဒါကြောင့် အခုထိ မလွတ်မြောက်သေးတာပါ၊ တကယ်ပါ.. ထိရောက် ပြတ်သား ပြီး အကျိုးရှိမဲ့ ခေါင်းဆောင်မှု နဲ့သာ ဦးဆောင်ပါ၊ ကျနော်တို့ လက်ရှိ လစာ တွေ နှစ်ပေါင်းများစွာ သင်ထားရပြီး လုပ်ကိုင်နေတဲ့အလုပ်တွေကိုစွန့် ပြီး အသေခံ ရဲရဲဝံ့ဝံ့ တိုက်ပါ့မယ်။ ဘယ်လို လုပ်ရ မလဲသာသင်ပေးပါ။