
School of Oriental and African Studies (SOAS), University of London မှာ ပြောခဲ့တဲ့ မိုးသီးမိန့် ခွန်း
ငရဲ မှ လွတ်မြောက်လမ်း
( မိုးသီးဇွန် )
စစ်မှုထမ်းဟောင်းများအဖွဲ့ မှာ ပြောခဲ့တဲ့ သန်းရွှေမိန့် ခွန်း မှာ ရင်ကျက်တဲ့ဒီမိုကရေစီဖြစ်ဖို့ ရည်မှန်းတယ်။ ရင့်ကျက်တဲ့ဒီမိုကရေစီ ဖြစ်လာဖို့ က ကြာမယ်ဆိုတော့ စစ်အာဏာရှင်စနစ်ကလည်း ကြာမယ်ဆိုတဲ့သဘော လို့  ခံယူနေတယ်။ ‘’ လာမယ်၊ ကြာမယ်။ ‘’ ဆိုတဲ့ သဘောဖြစ်နေပါတယ်။
အခြေခံဥပဒေ
- ၂၀၀၈ ခုနစ်အခြေခံဥပဒေ ဟာ အာဏာရှင်စနစ်နဲ့ မြန်မာ ပြည်ကို ရာသက်ပန် အုပ်ချုပ်မယ်လို့ အတိအလင်း ပြေားထားပြီးပြီ။့ တပြည်လုံးကိုသေနပ်နဲ့ ထောက်ပြီး ဒီဥပဒေကိုအတည်ပြုထားပြီးပြီ။
- ဒီဥပဒေအရ - နိင်ငံသားအခွင့်အရေး- Bill of rights , နိင်ငံသားတွေ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ( Private Property ) ညီမျှတဲ့အခွင့်အရေး ( Equal Opportunity ) ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌန်းခွင့်တွေအားလုံး ဟာ
ငြင်းပယ်ခံထားရတယ်။ ဒီတနည်းအားဖြင့်ပြောရရင် မြန်မာ နိင်ငံ လူဦးရေ သန်း ၅၀ ကျော်လုံးဟာ လူဖြစ်ရှုံးနေတယ်။ ဒီဥပဒေအရ လူဖြစ်ရကျိုးနပ်သူအခွင့်အရေးတွေကိုတင်းပြည့်ကျပ်ပြည့်ရနေသူဟာ နိင်ငံတော်သမတ သို့ မဟုတ် တပ်မတော် အကြီးအကဲဆိုတဲ့ငတိ သာလျင်ဖြစ်တယ်။ တနည်းပြောရရင် ဒါဟာ အခြေခံဥပဒေမဟုတ်ပါဘူး။ ဒါဟာ သက်ဦးဆံပိုင် အရှင်သခင်တဦးတည်းအတွက်
ကျွန်တွေက လိုက်နာရမဲ့ စည်းကမ်းများသာဖြစ်တယ်။

(မိုးသီးဇွန် School of Oriental and African Studies (SOAS), University of London မှာ မိန့်ခွန်းပြောနေပုံ- ဓါတ်ပုံ ဝဲ မှ ယာ - ကိုရောဘတ် ကိုဇော်ဝင်း နဲ့ မိန့်ခွန်းပြောနေသူ ကိုမိုးသီး ၂၀၀၉ အောက်တိုဘာလ ၃၁ ရက်)
ဒီစည်းကမ်းများကို ကျနော်တို့ တပြည်လုံးက ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံထားပြီပြီလို့ 
နအဖ က ဆိုပါတယ်။ ဒီဥပဒေအရ -- ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ရွေကောက်ပွဲကနေတက်လာတဲ့ အစိုးရဟာ ဒီဥပဒေစည်းမျဉ်းနဲ့ အညီ ကျနော်တို့ ရဲ အလုံးဆုံသော အနာဂတ်ကံကြမာ တွေကိုဆုံးဖြတ်မှာဖြစ်တယ်။
ဒီတော့ရွေးကောက်ပွဲဟာ ဘာလည်းဆိုတာ ကြည့် ကြပါစို့ -
ရွေးကောက်ပွဲကို ကျနော် တို့  ကျမ တို့ လက်ခံပါတယ် ဖြစ်သင့်ပါတယ် ဆိုတဲ့အသံတွေ ကို ဟိုမှာ ဒီမှာကြားနေရတယ်။ နိင်ငံတကာမှာကလည်း ဖြစ်နေတာက - ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖြစ်စဉ်တခု - Process ဆို ပြီ လက်ခံ နေကြတဲ့ အသံတွေကိုကြားနေရတယ်။

(လန်ဒန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ လူငယ်များနှင့် အောက်တိုဘာလ ၃၁ ရက်နေ့က ပွင့်ပွင့်လင်းလင်း တရင်းတနှီး ဆွေးနွေး ခဲ့ ကြပုံ - ဓါတ်ပုံ ဝဲ မှ ယာ - ကိုဇော်ဝင်း ကိုမိုးသီး နဲ့ ကိုအောင်ကျော်စိုး)

ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင် ရဲ့ ကျားဆိုးကြီးပုံပြင်နဲ့ ဥပမာပေး ဆွေးနွေးနေပုံ

ကိုအောင်မျိုးသိန်း ဆွေးနွေးနေပုံ

ကိုမင်းဟိန်း ဆွေးနွေးနေပုံ
၂၀၁၀ ရွေးကောက်ပွဲ
နအဖ ရည်မှန်းချက်
- ဒီနေ့  နအဖ မှာ ကြုံတွေ နေတဲ့အခက်ခဲက တရားဝင်မှုအခက်ခဲ လို ခံယူထားတယ်။
- ဒီတရားဝင်မှုရရှိဖို့ အတွက်ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပေးမယ်။
- ရွေးကောက်ပွဲနဲ့ အနိင်ရလာတဲ့အခါမှာ တရားဝင်အစိုးရဖြစ်လာနိင်မယ်လို့ ခံယူတယ်။
နည်းနာ အနေနဲ့  ကတော့-
- ရွေးကောက်ပွဲမှာအနိင်ရနိင်ဖို့ အတွက် ကတော့ အနိင်ယူနိင်မယ်ထင်တဲ့ပြိုင်ဖက်
- အနိင်ရနိင်တဲ့ အခြေအနေ ကို ဖန်တည်း နိင်ဖို့ ပဲဖြစ်ပါတယ်။
- အဓိက ကျတဲ့ ဒီမိုကရေစီပါတီ နဲ့ တိုင်းရင်းသားတွေကို ကန့် သတ်ချုပ်ချယ်မှုတွေပြုလုပ်ထားတယ်။

ကိုမိုးသီးဇွန် ( မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်နှင့် ) နှင့် ကိုဇော်ဝင်း ( ၈လေးလုံးမျိုးဆက် ကျောင်းသားများ - ပြည်ပ) တို့ဟာ လန်ဒန်မြို့ ကို ရောက်ရှိ ခဲ့ပြီး၊ လက်ရှိရင်ဆိုင် နေရသော မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ ပက်သက်၍ လန်ဒန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ လူငယ်များနှင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ပွင့်ပွင့်လင်းလင်း တရင်းတနှီး ဆွေးနွေး ခဲ့ကြပါသည်။ "Campaign For Burma Solidarity" ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ကြတာပါ။ ယင်း ဆွေးနွေးပွဲသို့ အဖွဲ့အစည်း အသီးသီးမှ လူငယ် ခေါင်းဆောင်များ၊ စိတ်ဝင်စားသူများ အားတက်သရော ၀င်ရောက်ဆွေးနွေး ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ -
၁- နအဖ က ဘာတွေပြင်ဆင်နေသလဲ
တဖက်သတ်အနိုင်ရဖို့ ပြင်ဆင်နေတယ်။ ရွေးကောက်ပွဲကနေစစ်အစိုးရအလိုကျ ရုပ်သေးအစိုးရဖွဲ့ နိုင်ဖို့ ပြင်ဆင်နေတယ်။ ဒီရွေးကောက်ပွဲမှာ ဦးစားပေးအဆင့်အဆင့်ကိုကြည့်ရင်
က- ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စစ်ယူနီဖေါင်း ကို ချွတ်လိုက်တဲ့ ဗိုလ်ချုပ်တွေ
ခ- စီးပွားရေသမားတွေ
ဂ- ကြံဖွတ်တွေ
ဃ - တစည
င- အဓိက ဒီမိုကရေစီအင်အားစုတွေထဲက ပဲ့ ထွက်လာတဲ့ အင်အားစုတွေ
စသဖြင့် ပြင်ဆင်ထားတယ်။
- ပြည်နယ်နဲ့  တိုင်းတွေမှာ ဘယ်နေရာမှာ ဘယ်ဗိုလ်ချုပ်နဲ့ 
ဘယ်စီးပွားရေးသမား ၊ ကြံ့ဖွတ်တွေ၊ တစည တွေ ၀င်ရမယ်ဆိုတာကိုပါပြင်ဆင်ပြီးနေပါပြီ။

အမိနိုင်ငံ လွတ်မြောက်ဖို့ ငါတို့ အစွမ်းကုန် ညီညွတ်စို့
- တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ အခြေအနေ
- လွတ်လပ်စွာ စည်းရုံးခွင်
- လွတ်လပ်စွာဟောပြောခွင်
- လွတ်လပ်စွာ ပုံနိပ်ထုတ်ဝေခွင့်တွေကို ပိတ်ပင်ထားတယ်။
လက်ရှိအခြေအနေအရ၊ နောက်ဆုံးလေ့လာသိရှိချက်တွေအရတော့ အခုနအဖ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိင်ပါဘူး။
ဥပမာများ -
က-ကမ္ဘောဒီးယားအတွေ့ အကြုံ
ကမ္ဘောဒီးယားမှာ ၁၉၉၈ ခုနစ်က ရွေးကောက်ပွဲလုပ်ပေးတယ်။ အတိုက်ခံပါတီတွေဖြစ်တဲ့ ဖွန်ဆင်ပက် ပါတီ၊ ဆမ်ရမ်စီပါတီတွေဟာ စစ်အစိုးရပါတီ ဖြစ်တဲ့ ဟွန်ဆင်ရဲ့  စီပီပီ ရဲ့ တဖက်သတ်ဖိနိပ်မှု တွေ ကောက်ကျစ်မှုတွေကိုခံရတယ်။ အတိုက်ခံပါတီတွေက ဖနွမ်းပင်မြို့ မှာ ပဲ ၀င်နိင်တယ်။ နယ်တွေဖက်ကိုစည်းရုံးရေးထွက်တာနဲ့ မယ်ဆွယ်မှုတွေလုပ်တာနဲ့ ရိုက်နက်တာသတ်ဖြတ်တာတွေခံရတယ်။ ဒီတော့ စီပီပီပဲအနိင်ရသွားတယ်။ ဒီနေ့အထိပါပဲ။ ပို ပြီး စိတ်မကောင်းဖို့ ကောင်းတာကတော့ ဒီရွေးကောက်ပွဲ ကို ကုလသမဂ္ဂ က ကြီးကြပ်မှုအောက်မှာဖြစ်ခဲ့ရတာပါ။ ဒီနေ့ မြန်မာပြည်မှာ နိင်ငံတကာ လေ့လာမှု ကြီးကြပ်မှုတွေမရှိသေးပါဘူး။
ခ- ကျနော် ဘ၀မှာ နှစ်ခါမဲပေးခဲ့ဘူးတယ်။ တခါ မဲရုံဆောင့်ခဲ့ရဘူး။တယ်။ မဆလခေတ်မှာပါ၊
မဲပုံးနစ်ပုံးလာချထားတယ်။ တပုံးက အဖြူ ၊ တပုံက အမဲ ။ တနည်းအားဖြင့် ကန့် ကွက်မဲနဲ့  ထောက်ခံမဲ ။ မဲပုံးနစ်ပုံလုံးမှာ မဲထည့် ဖို့ အပေါက်တပေါက်ဆီပါတယ်။ ဒါပေမဲ့ ကန့် ကွက်မဲအနက်ရောင်ပုံးကို ချိတ်နဲ့ ပိတ်ထားတယ်။အခန်းဟိုးဒေါင့်မှာ ထားတယ်။ ခင်ဗျားက သတ္တိကောင်းပြီး ကန့် ကွက်မဲသွားထည့်ရင် သူတို့ စောင့်ကြည့်နေတယ် လို့ ခြိမ်းခြောက်တဲ့အနေနဲ့  မဲသွားတည့် တည့် သူရဲ့ ခြေထောက်ကို ပါတီ၊ကောင်စီတွေက စောင့်ကြည့်နေကြတယ်။ ရွေးကောက်ပွဲလို့ သာဆိုတယ် ရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေကို
တစ်- ကျနော်တို့ မမြင်ဘူးဘူး။ မသိဘူး။
နစ် - သူတို့ က ကျနော်တို့ အတွက်ဘာလုပ်ပေးပါမယ်ဆိုတာလည်းမသိဘူး။
သုံး- ကိုယ်စားလှယ်အားလုံးကိုထောက်ခံ မဲပေးရမယ်၊ သူကိုမကြိုက်ရင် နောက်တယောက်ရွေးစရာမရှိ။ ဒါပဲ။

မဇင်ဇင်မျိုးသန့် ကိုမျိုးသိမ်း Mr Shwekey Hoipang တို့ နဲ့ အတူ အမှတ်တရ
ကျနော်တို့ ရပ်ကွက်ကလူတွေကလည်း ဖိနိပ်နေတဲ့ကြားထဲက ကန့် ကွက်မဲပေးတဲ့သူတွေရာနဲ့ ချီရှိခဲ့တယ်။ မဲပြားကို အိမ်ယူသွားတဲ့သူရှိတယ်။ မဲပုံကိုဖေါက်လိုက်တော့ ကန်ကွက်မဲပုံမှာမဲတွေ ပုံတ၀က်လောက်ဖြစ်နေတယ်။ ဒီတော့ မဲရုံစောင့်နေရတဲ ကျနော်တို့ လို ဆယ်ကျော်သက် ကလေးတွေကို ကျော်ပြီးတော့ ပါတီ အတွင်းရေးမှုး ခင်မောင်ကအမဲတွေကို အားလုံးကို ကြုံးပြီး အဖြူပုံးထဲထည့် လိုက်တယ်။ ရပ်ကွက်ကောင်စီတွေကထောက်ခံမဲ ၉၉ ရာခိုင်နှုန်းဆိုပြီးလုပ်ပေးလိုက်တယ်။ ဒါပဲ။

အခမ်းအနားသို့တက်ရောက်လာသူများ

အခမ်းအနားသို့တက်ရောက်လာသူများ

အခမ်းအနားသို့တက်ရောက်လာသူများ

အခမ်းအနားသို့တက်ရောက်လာသူများ
၁၉၉၀ မှာတော့ ဒီချုပ်ကအနိင်ရလိုက်ပါတယ်။ ဟုတ်ပါတတယ်။ ဒီတုံးက စစ်ဦးစီးချုပ်က
ဗိုလ်ချုပ်ကြီးစောမောင်ပါ။ သူက အနိင်ရပါတီကိုအာဏာလွဲပေးမယ်။ စစ်တန်းလျားကို ပြန်မယ်လို့ ကတိပေးခဲ့တာရယ်။ အခု အာဏာရနေတဲ့ သန်းရွှေက တို့ အဖွဲ မှာ လုပ်ပိုင်ခွင့်အပြည့်အ၀မရသေးတဲ့အချိန်ဖြစ်နေတယ်။ ဒါဟာ အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ကံကောင်းမှုတခုဖြစ်ခဲ့တယ်။ ဒီနေ့ ဒီလိုအခြေအနေမျိုးရှိနိင်ပါဦးမလား ဆိုတာ ကတော့ ၂၀၀၈ ခုနစ်အခြေခံဥပဒေ ဆန္ဒခံယူပွဲကသက်သေခံနေပြီးဖြစ်ပါတယ်။
ဒုတိယအပိုင်း
အခြေခံဥပဒေလည်းရှိနေပြီ ၊ ရွေးကောက်ပွဲလည်းလာတော့မယ်။ ဘာလိုပါသေးလည်း။ ဟုတ်ပါတယ်။ လိုနေပါသေးတယ်။ ဒါကတော့
နအဖ အစိုးရ ရဲ့ လမ်းပြမြေပုံနောက်ဆုံးအဆင့် ရွေးကောက်ပွဲကို လူထုက အယုံအကြည်မရှိခြင်းပဲဖြစ်နေပါတယ်။
ဒီလမ်းပြမြေပုံအတိုင်းသွာရင် ဆရာကြီးဦးဝင်းတင်ကငရဲကိုရောက်မယ်လို့ ပြောပါတယ်။
၁၉၇၄ အခြေခံဥပေဒေဟာ ကျနော်တို့ တပြည်လုံးကိုငရဲ သို့ ပို့ ပေးခဲ့ပြီးပါပြီ။ ကျနော်တို့ အားလုံး ၈၈ မှာ ငရဲ ကပြန်လာခဲ့ကြသူတွေပါ။ ပြည်သူတွေကို ငရဲတွင်းထဲက ဆွဲခေါ်လာတာ
ဘယ်သူတွေလည်း - ကျောင်းသားတွေပဲ။
ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင်ရော ကျနော်တို့ ဘယ်ကို ရောက်သွားနိင်တာလဲ - ငရဲပဲဖြစ်တယ်။ ဒါကြောင့် ၂၀၁၀ ပေါ်မှာ လူထု ရဲ မျှော်လင်ချက်ကုန်ခမ်းသွားပြီ။
ထင်ရှားစေတဲ့အချက်က မြန်မာ ပြည်မှာ အသက် ၂၀ ကျော်လာတဲ့ သူမှန်သမျှ ငရဲကထွက်ပြေးဖို့ ကြိုးစားကြခြင်းဖြစ်တယ်။ နိင်ငံခြားတွေမှာခုန်ချနေကြတယ်။ ခိုးဝင်နေကြတယ်။ ခိုလှုံခွင့်တွေလျောက်နေကြရတယ်။ ဒါဟာ ရွေးကောက်ပွဲက ဒီနေ့ မြန်မာ့နိင်ငံရေး တင်းမာမှု တွေကို မဖြေရှင်းနိင်ဘူး။ နည်းလမ်းမဟုတ်ဘူးဆိုတာ ကို ပြသနေခြင်းဖြစ်ပါတယ်။

မခင်မမမျိုး တို့ နဲ့ အတူ အမှတ်တရ

ကိုဇော်ဝင်း နဲ့ ဝေနှင်းပွင့်သုန် ( ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင်ကိုမြအေး သမီးငယ်)
ရွေးကောက်ပွဲ ကလွဲလို့ တခြားနည်းလမ်းမရှိသူဆိုတဲ့ပညာရှင်များ၊ တတ်သိနားလည်သူများ၊ တတ်ယောင်ကားများ အားလုံးလုံးကို ကျနော်ဒီနေရာကနေပြီး အတိအလင်းပြောချင်တာကတော့ ငရဲ ကပြန်လာတဲ့သူကို ငရဲပြည်ပြန်သွားဖို့ ပြောတာဟာ အသိညဏ်တွေကိုစောကားရုံမက လူသားမဆန်မှုကို ပြသနေတာပဲလို့ ကျနော်စွပ်စွဲပါမယ်။
ဒီလူတွေဟာ သမိုင်းအမိုက်ပုံရဲ့ အနံဆုံးနေရာမှာ ခင်ဗျားတို့ နိဂုံးချုပ်ပါလိမ့်မယ်။

ကမ္ဘာမကြေဘူး သီချင်း ပြိုင်တူသီဆိုကြပုံ
နိဂုံး
ငါဒို့ ဘာလုပ်ကြမလဲ
တစ်၊- တပြည်လုံး ကို လှုံဆော်ရမယ်။ တကမ္ဘာလုံးကိုပြောရမယ်။ ဒါမတရားဘူး- ဒို့ ဆန်ကျင့်တယ် ဆိုတာ ကိုပြောရမယ်။
နစ်- အထွေထွေလူထုလှုပ်ရှားမှုကြီးကိုဖေါ်ထုတ်ရမယ်။ ကြားဖြတ်အစိုးရဖွဲ စည်းနိင်တဲ့အထိတိုက်ပွဲဝင်ရမယ်။ သေနပ်နဲ့ ပစ်ပြီး နှိပ်ကွပ်လာရင်တပြည်လုံးမှာ မီးဟုန်းဟုန်းတောက်အောင်တိုက်ပွဲဝင်ရမယ်။
သုံး- ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံးလက်တွဲညီညီနဲ့ 
၂၀၁၀ ကို အပြီသတ်တိုက်ပွဲအဖြစ် ပြင်ဆင်ရမယ်။ တိုက်ပွဲဝင်ရမယ်။
လေး- လူငယ်တိုင်း၊ကျောင်းသားတိုင်း၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကိုလိုလားသူတိုင်း
ကွန်ယက်တွေကိုဖွဲ့ စည်းရမယ်။ ငွေ အားလူအားလက်နက်အင်အား စစ်အာဏာရှင်စနစ်ကို ၂၀၁၀ မှာ အမြစ်ပြတ် တိုက်ပွဲဝင်ကြပါစို့  ။ ။
1 comment :
ကိုမိုးသီး...ပြောရတာတော့ စိတ်မကောင်းပါဘူးဗျာ။ အင်္ဂလန်မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွသူတွေမှာ အများစုက အခွင့်အရေးသမားတွေ ဖြစ်နေပါတယ်။ ခင်ဗျားတို့ လာသွား တာ စရိတ်ကုန် ဇလုံပွန်း တာပါပဲ။ အဲ့ဒီ ရှေ့ ဆုံးကပဲဖြစ်ဖြစ်...နောက်နားကပဲ မတ်တပ်ရပ်ပြီးဖြစ်ဖြစ် အားတက်သရော၊ အား နဲ့ မာန် နဲ့ ဆွေးနွေးကြသူတွေ အကုန်လုံး လူလိမ်လူညာတွေ၊ အင်္ဂလန်မှာ နေရရေး ဟန်ပြသွေးကြွနေကြတဲ့သူတွေပါ။
နာမည်တော့ တတ်မပြောတော့ပါဘူး...နိုင်ငံရေးအကျဉ်းသားဟောင်းဆိုပြီး လိမ်ညာ ပုံမှားရိုက်ပြီးတော့ နေရာဝင်ယူလာတဲ့သူ၊ အင်္ဂလန်နိုင်ငံ ပြည်ထဲရေးမှာ ခိုလှူံခွင့်တင်တာမှာ အကြိမ်ကြိမ်အခါခါ အငြင်းခံရပြီး ဗမာပြည်ပြန်ပို့ ခံရနီးနီး ဖြစ်ခဲ့တဲ့သူမျိုးတွေလဲပါပါတယ်။ အများစုကတော့ လူငယ်တွေဖြစ်ပြီး လိမ်ညာဖောရှော ပြီး ခိုလှုံခွင့်တင်ထားတဲ့သူတွေပါ။ ပြည်ပရောက် နိုင်ငံရေးတက်ကြွပါတယ်ဆိုတဲ့ လူငယ်တွေကို လွယ်လွယ်တော့ အထင်မကြီးလိုက်ပါနဲ့ ။ ခင်ဗျားတို့ ခေတ်ကလို ရဲရဲတောက်တွေ မဟုတ်ပါ။ အလိမ်အညာတော်သူတွေပါ။
Post a Comment