Thursday, 3 December 2009

ကျောင်းသူလေးကို ခွဲစိတ်သည့်ဆရာဝန်ကြီး ဆေးကုသခွင့် (၅) နှစ်ရပ်စဲ


(အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည်)
ခေတ်ပြိုင်
မျိုးချစ်သူ
၃ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးခန်းတွင် အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့်ပတ်သက်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ခွဲစိတ်အထူးကုဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ်ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန်ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သော ရွှေဂုံတိုင် အထူးကုဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသောစနစ်နှင့် လုပ်ကိုင်ချက်များ အားနည်းနေသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါဖြစ်ရပ်များ နောင်တွင် မဖြစ်ပေါ်စေနိုင်ရန် ဆေးကောင်စီက ပြင်းထန်စွာသတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်ထားကြောင်း၊ လုံခြုံစိတ်ချရ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စီစဉ်ဆောင်ရွက်ထားရှိရေးအတွက် သတိပေးရန်လည်း ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူ မခိုင်ရွှန်းလဲ့ရည်၏ မိသားစုဝင်တဦးက ၎င်းတို့အနေဖြင့် မည်သူ့ကိုမျှ မနစ်နာစေလိုကြောင်း ပြောသည်။

အဆိုပါအရေးယူခံရသော ဆရာဝန်ကြီးမှာ ဒေါက်တာကြည်စိုးဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော (၁၅) နှစ်ခန့်အချိန်က အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွင် အလွန်တော်သည့် စေတနာဆရာဝန်တဦးဖြစ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ ဆရာဝန်တဦးက ပြောသည်။

ယခုကဲ့သို အရေးယူသည်ထိဖြစ်စေသော ဖြစ်ရပ်မှာ မြန်မာနိုင်ငံဆေးပညာလောက၌ အလွန် အလားအလာကောင်းသော ဖြစ်ရပ်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောဆိုသည်။

မြန်မာနိုင်ငံဆေးကောင်စီကို ပြည်သူများ ဆေးကုသမှုခံယူခြင်းအပေါ် ကျေနပ်မှုမရှိက တိုင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယင်းနေ့က စတင်၍ မခိုင်ရွန်းလဲ့ရည်ကိစ္စကို တပတ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ခေတ်ပြိုင်တွင် ရေးသားခဲ့ပြီးဖြစ်သည်။

10 comments :

Anonymous said...

In Burma,most of the doctors want to get respect like a king but they do not respect the patients.They respect just money from the patients.they never smile to the patients.
Its time to change the Burmese culture about "doctors".Its not necessary to respect like king and if u pay the money that he wants,u must understand that the doctor has to do his job.If he doesent care about his job,see him at the court.This is the way in America that American people do.

Anonymous said...

Myanmar Medical Council(MMC) had been formed since many years ago. MMC formed this committee to investigate this incident. Just to correct the news error.

Anonymous said...

ဆရာကြီး ဦးကြည်စိုးဆိုတာ တကယ်တော် တကယ်လည်း စေတနာကောင်းတဲ့ ဆရာဝန်ကြီးတစ်ဦးပါဗျာ။ ကျနော်တို့ ဆရာကြီးလည်း ဖြစ်ဖူးပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမားဆိုပြီး မျက်နှာလိုက်တာလည်းမဟုတ်ပါဘူး။ ခုဟာမျိုးက စေတနာဆရာဝန်တွေ တစ်ခါမှားရုံနဲ့ ခံလိုက်ရတာက တနင့်တပိုး (၅ နှစ် ဆေးကုသခွင့် ပိတ်တာဆိုတာ ဘာမှမပြောပလောက်တဲ့ ပြစ်ဒဏ်ပါ။ ကျနော်ဆိုလိုတာက ဆရာရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ဆိုလိုပါတယ်) တကယ့်အသပြာဆရာဝန်တွေဖြစ်တဲ့အပြင် ဖြစ်လာသမျှပြဿနာကို အထက်ကို လာဘ်ထိုးပြီး နာမည်ကောင်းယူနေတဲ့ ငါနဲ့ငါသာ နှိုင်းစရာဖြစ်ပြီး လူကြားထဲ ခေါင်းတစ်လုံးဖော်နေတဲ့ ဆရာဝန်တွေကျတော့ ကောင်းစားနေရာတွေရ.... ခရုက ခါးတောင်းကျိုက်အဖမ်းခံနေရပြီး ငါးမာန်းကလွတ်ချင်တိုင်း လွတ်နေတဲ့ ဗမာပြည်ပါလားဗျာ

ဒေါက်တာဝင်း

Anonymous said...

ဘယ်ဆရာဝန်တွေ ဘယ်လိုမှားတယ်တော့ မသိပါဘူး။
လုပ်မှားကိုင်မှားဖြစ်မှာပါ။
ကျနော့် သူငယ်ချင်းရဲ့ သမီးအတွက် စိတ်မကောင်းပါ။
ဒေါက်တာနိုင်အောင်တို့  မှားတာတော့ ချမ်းသာသွားတယ်။ဘယ်လောက်မှားသလဲဆို
ဒုတနတော အထိမှားလိုက်တယ်။

Anonymous said...

Which specialist doctors do free only 2 hours a week or a month for the poor people in Burma?Checking about just 5 mins,patient have to pay a lot money.They have no respect to the patients,just respect money.
If her parents do not tell the medias,the doctors will keep on doing like this to the public.

Anonymous said...

ဒေါက်တာနိုင်အောင်ကိုပြောပုံကတော့ဗျာ။
ရေဝေးသုတ်သန်အနားမှာနေတဲ့
ခွေး ၀တုတ်ကို ဖင်ဆောင့်ကန်သလိုဘဲ။
ငရဲမင်းတောင် သူ့ ကိုလှန့် နေတယ်။
ငရဲမင်းရဲ့ မယားကို မ ပြေးမှာနဲ့ 
ပရိုပိုဆယ် လုတင်မှာကြောင့်ဗျ။

Anonymous said...

To Anonymous 03 Dec 2009 20:10
ဒေါက်တာဝင်း
ခင်ဗျားရေးသားထားတာနဲ့ ပတ်သတ်ပြီးတော့ နည်းနည်းတော့ပြောပါရစေ။ ခင်ဗျားပြောသလို ငွေမျက်နှာ ပဲကြည့်တဲ့ ဆရာဝန် မပီသတဲ့ လူတွေအများကြီးရှိတယ်ဆိုတာလက်ခံပါတယ်။ အဲဒီဆရာဝန်တွေကို ခုလိုပြည်သူကသိအောင် ထုတ်ဖော်ပြောဆိုမယ့် မခိုင်ရွန်းလဲ့ရည် မိခင်လို ပြည်သူတွေအနှေးနဲ့ အမြန်ပေါ်ပေါက်လာမှာပါ။ ခုဖြစ်ရပ် အဲဒီလို ဆရာဝန်တွေအတွက် သင်ခန်းစာပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားပြော သလို အဲဒီဆရာဝန်ကြီးက အရင်တုန်းကစေတနာတွေ အရမ်းကောင်းခဲ့ လို့ခုလို တခါမှားရုံနဲ့ ခုလိုအရေးယူ ခံရတာသူ့နာမည်နဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့ အတွက် အဲဒီဆရာဝန်ကြီးကနစ်နာတယ်ဆိုတာတော့ လုံးဝ သဘောမတူပါ။ နစ်နာချင်းနစ်နာ လူနာရှင်တွေ ပိုနစ်နာ ပါတယ်။ ငွေကြေဆိုတာ ဘေးဖယ်ထားပြီး မိဘ တစ်ယောက်ရဲ့ သောကဆိုတာကိုပဲတွေးကြည့်ပါ။ ၉တန်း အရွယ် အထိရောက်အောင်ပြုစုပြိုးထောင်လာတဲ့ မိဘ အနေနဲ့ ဘယ်လောက် ခံစားရမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ ကိုယ်ချင်းစာတတ်မှာပါ။ ခင်ဗျားအနေနဲ့ ကိုယ်ချင်းစာ တရားဆိုတာကို နားလည်ရင် မရေးသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့လူ တွေဟာ ကိုယ်တိုင် ကြုံတွေ့မှခံစားနားလည်တတ်လို့ ခင်ဗျားရဲ့ သားသမီး၊ မိဘ ဆွေမျိုး တစ်ယောက်ယောက်များ (မတော်တဆ) ခုလိုအဖြစ်ဆိုးနဲ့ကြုံ ခဲ့ရင်ခုလို ပြောနိုင်ပါဦးမလား။ သေချာစဉ်းစားပါ။

Anonymous said...

If the car driver kill the a person by his mistake,he has to go to jail.
samething,if the doctor kill the a person by his mistake,he has to go to jail.
Do u agree this?

Anonymous said...

To the very first anonymous,
If you suffer from a kind of illness, then you will go and see a doctor. This sort of situation is totally different from either buying food at a restaurant or purchasing a laptop from a computer store. It is really more than "pay money and take what you want" drama. There are a lot of kindness, heartiness and respect in addition to money and service affair. So you should not regard doctors as salespersons or waiters since medical professionals are actually not easy to produced (a lot of sacrifice needed, that is why many democratic countries are facing shortage of medical professionals). I am also living in America and not all Americans treat the doctors in a very rude manner like "Ok, we pay you money and you must make me feel good, if not you will know who I am"
On the other hand, I absolutely agree that doctors need to maintain ethics and code of practice. They need to pay respect to patients whatever grounds they are from.
But what is happening in Burma is that doctors wants to have enough money that would really make them fit with their current status. No doctors want to take bus or drive a bad or outdated car and I think that is fair (even a taxi driver wants to drive his own car). They can give the patients full service but they don't earn enough money equivalent to their service since most of the consultants have to work for the government hospitals which only pay them a very low, substandard salary and facility. So they, without any choices, have to join private clinics and see as many patients as they can to have a large sum of money. In the US, doctors need not to see so many patients but still they are high tax payers because they really have a very high income.
So this sort of tragedy is caused not only by bad, unethical doctors but also by the flaws in the medical system exercising in our country. Because of inefficient government and its lack of knowledge and desire to improve health care sector, the tragedies are still happening in Burma.
အမှန်တကယ် ကတော့ စနစ်ကြောင့်ပါ. ဆရာဝန်တွေ ကို လုံလောက်စွာ ပေး နိုင်တဲ့စနစ် ဖူလုံအောင်ထား နိုင်တဲ့ စနစ်တွေသာ ရှိရင် ဆရာဝန်တွေလဲ လူနာအများကြီးကို အချိန်တိုတိုလေး နဲ့ကြည့် စရာ မလိုတော့ဘူး. အဲ့ဒီတော့ အမှားလည်းနည်းသွား နိုင်တာပေါ့.

Anonymous said...

ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်မြန်မာပြည်လို နိုင်ငံမျိုးမှာ ဆရာဝန်ကြီးတွေ သမားတော်တွေ ဟာ သမားကျင့်ဝတ် ဆိုတာကို မေ့နေကြပြီလို့ ပြောရမှာပါပဲ။ ဆရာဝန်မှားလို့ အသက် ပါသွားရင်တောင် ဆရာဝန်ကို အပြစ် မပြောရဲလောက်အောင်ကို ဖြစ်နေတာ ကြာပါပြီ။ ဆိုတော့ အခုခေတ်မှာ ပုဂ္ဂလိက ဆေးခန်းတွေ ပေါ်လာတော့လည်း ဆရာဝန်တွေ စည်းလွတ် ဘောင်လွတ်တွေ ဖြစ်လာကြပြန်တယ်။ အများစုက ငွေကြေး တတ်နိုင်လို့ လာကြတော့ ထက်ခနဲဆို ဓါးတင်မယ် ခွဲမယ် ဆိုတာကြီးပဲ။ ပိုက်ဆံကလည်း မျိုးမျိုးမြက်မြက် ရတော့လူနာကို သက်မဲ့ ငွေတုံး လို့ ပဲ မြင်နေတော့တယ်။

+18