Wednesday 20 January 2010

ကိုညီညီအောင်ဒုတိယအကြိမ် တိုက်ပိတ်ခံနေရ ခြင်း နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းကြ


(အင်းစိန်ထောင်တွင်း ၌ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရ သူ အမေရိကန် နိုင်ငံသား ကိုညီညီအောင်)

ဇော်ဝင်း (နယူးရော့ခ်)

အမေရိကန် နိုင်ငံသား ကိုညီညီအောင်သည် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ အင်းစိန်ထောင်တွင်း ၌ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရပြန်ကြောင်း အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက် အရသိရပါသည်။

“ဘာကြောင့် တိုက်ပိတ်တယ်ဆိုတာ မသိဘူး။ ဝန်ထမ်းတွေကို မေးရင်လည်း အထက်က ပိတ်ခိုင်းလို့ ပိတ်တာဘဲလို့ ပြောတယ်” ဟု မကြာခင်က အင်းစိန်ထောင်ရှိ နိုင်ငံရေးသမား တဦးထံသို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သူက မဇ္ဈိမကို ပြော ကြောင်း မဇ္ဈိမသတင်း အရသိရပါသည်။

ယခုလ ၁၈ ရက်နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ဘဲ ပြန်သွားကြရသည် ဟုသိရှိရပါသည်။

ပုံမှန်အားဖြင့် နှစ်ပတ်တကြိမ် တွေ့ခွင့်ပြုထားသော်လည်း ယခုမူ ၃ ပတ်တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။

ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည် ဟုလည်း သိရှိရပါသည်။

“ကျနော်တို့ကတော့ တိုက်ပိတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ ထောင်နဲ့မနီးစပ်တော့ အသေးစိတ် မသိဘူး။ နောက်ဆုံး ရုံးချိန်းနေ့ (ယခုလ ၁၂ ရက်) ကတော့ သူပြောတယ်။ သူနေကောင်းတယ်။ သူ့ကို ကောင်းတဲ့အခန်းမှာ ထားတယ်လို့ ပြောတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြော ကြောင်းသိရှိရပါသည်။

ယခင်လကလည်း အသက် ၄၀ အရွယ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြရာ တိုက်ပိတ်ခံခဲ့ရသည်။

စစ်တပ် အာဏာသိမ်းအပြီး တောခိုကာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော ကိုညီညီအောင်သည် ယခင်နှစ် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် အဖမ်းခံရသည်။ မှတ်ပုံတင် အတုကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု တို့ဖြင့်သာ တရားစွဲ ခံထားရသည်။

လာမည့် ၂၂ ရက်နေ့တွင် ကိုညီညီအောင် ၏ အမှုအတွက် နောက်ဆုံး လျှောက်လဲရမည် ဖြစ်သည်။

အမေရိကန် အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံးအရာရှိများကလည်း သူ၏အမှုအား အနီးကပ် စောင့်ကြည့်နေပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ရန် စစ်အစိုးရအား သတိပေး တိုက်တွန်းနေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၁၀၀ ဦးကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။

ကိုညီညီအောင်လွတ်မြောက်ရေး နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ပြည်ပရောက် မျိုးချစ်မြန်မာများ နည်းစုံလမ်းစုံ ဖြင့် မီးကုန်ယမ်းကုန် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

( ကိုးကား----- မဇ္ဈိမ သတင်း )

2 comments :

min said...

ကျနော်မေးပါရစေ.ကိုညီညီအောင် အဖမ်းခံရတာ မြန်မာ
ပြည်မှာနော်.သူဘာကြောင့်မြန်မာမြန်မာပြည်ကို ပြန်တာ
လဲ?'ဒီလိုပြန်တာရော ဘယ်နှစ်ကြိမ်ရှိပြီလဲ?သူအမေအရိ
ကန်နိုင်ငံသားမလား?သူ့နိုင်ငံကသူ့ကို ကူမှာပေါ့.ရက်တောတုံးကလည်း ကူတာဘဲလေ.သူလည်းအမေရိ
ကန်နိုင်ငံသားကြီးဘဲလေ.ခင်ဗျားတို့ဗျာ မရှက်ကြဘူး
လား?တတိယနိုင်ငံမှာ နိုင်ငံသားဖြစ်နေကြတဲ့မြန်မာတွေ
မနည်းပါဘူး.အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားခံ
ယူထားကြပေမဲ့ တော်တော်များများရဲ့ရင်တွင်းထဲကအ
သိကတော့ မြန်မာဆိုတဲ့ အသိရှိနေကြဆဲပါ.အမေရိကန်
နိုင်ငံသားဘဲဖြစ်ဖြစ်၊ကနေဒါနိုင်ငံသားဘဲဖြစ်ဖြစ် အဝါက
အဝါပါဘဲဗျာ.အဖြုမဖြစ်နိုင်ကြပါဘူး.သိပ်ပြီးဖြုချင်ကြ
ရင်တော့--------၊

Anonymous said...

အမေရိကန် ဆိုတာ အသားဖြူဖြူ လူတွေကို ခေါ်တာမင်းထင်လို့လား? လူမျိုးစုံ ဘာသာစုံ နိုင်ငံစုံ စု ပေါင်းထား တဲ့ ဖဒရယ်နိုင်ငံ ကွ။ အူကြောင်ကျား မလုပ်နဲ့ မင်းအဖေငါ သိပ်စိတ်ညစ်တယ်။