
ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊စစ်ဦးစီးချုပ်၊အီရတ်ထောက်လှမ်းညွှန်ချုပ်တာဝန် များထမ်းဆောင်ခဲ့သည့် ဆက်ဒမ်ဟူစိန် ၏ ညီဖြစ်သူ ဓာတုအလီ (Chemical Ali) ခေါ် အလီဟက်ဆန်အယ်(လ)ဂျာမစ် (Ali Hassan al-Majeed) အားကြိုပေးသတ်နေပုံ
ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ လူသိများတဲ့ ဆက်ဒမ် ဟူစိန် (Saddam Hussein) ရဲ့ လက်ရုံးလည်းဖြစ်၊ တ၀မ်းကွဲ ညီအကိုတော်လည်း ဖြစ်တဲ့သူကို လူသားမျိုးနွယ်ပေါ် စော်ကားတဲ့ ရာဇ၀တ်မှုနဲ့ ကွပ်မျက်လိုက်ပြီလို့ အီရတ်အစိုးရက ကြေညာပါတယ်။
ဆဒမ်ဟူစိန် အား ၂၀၀၆ ဒီဇင်ဘာ တွင် လူသားမျိုးနွယ်ပေါ် စော်ကားတဲ့ ရာဇ၀တ်မှုနဲ့ ကွပ်မျက်လိုက်ခဲ့ ပြီး ဖြစ်ပါသည်။ ဆဒမ်ဟူစိန် အီရတ်တွင် အုပ်ချုပ်စဉ် (၁၉၇၉ မှ ၂၀၀၃)် အတွင်း အီရတ်နိုင်ငံသူ နိုင်ငံသား နှစ်သိန်းကိုးသောင်း (၂၉၀,၀၀၀) ခန့် သေဆုံးကြရပါကြောင်းနယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် သည့် အသင်းကြီး က တွက်ဆ ထုပ်ပြန်ထားပါသည်။
လူမျိုးတုံးသတ်ဖြတ်မှု တရားခံ ဓာတုအလီက ကြိုးစင်ပေါ်တက်ခါနီးတွင် အဆိပ်ဓာတ်ငွေ့ သုံးသည်မှာ မိမိတစ်ဦး တည်းမဟုတ်ကြောင်း မြန်မာ၊အန်ဂိုလာ၊ဆိုမာလီယာ နှင့် မြောက်ကိုရီးယားတို့ လည်းရှိပါသေး၏ ဟု ပြောသွားခဲ့သည်။ မြန်မာ အန်ဂိုလာ၊ဆိုမာလီယာ နှင့် မြောက်ကိုရီးယား စစ်ဗိုလ်ချုပ်များ ကိုပါ သူ့လိုမျိုး ကြိုးပေးပါရန် မသေခင် ဆော်ဩသွားလေသည်။
သူ့ကို တနင်္လာနေ့က ကြိုးပေးလိုက်တာ ဖြစ်တယ်လို့ အီရတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီ အယ်လ် ဒက်ဘ်ဘာ့ဂ် (Ali al-Dabbagh) က ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တရားခံ ဓာတုအလီ ကြိုပေးသတ်ခံလိုက်ရသည့် သတင်းမှာ မြန်မာ စစ်ဗိုလ်ချုပ်များ သံဝေဂ ရစရာ ကောင်းသည့် သတင်းဖြစ်ပါသည်။

် ၁၉၉၈ ခုနှစ်က ကဒ်လူမျိုးထောင်ပေါင်းများစွာနှင့် ဘာသာရေးခေါင်းဆောင်တစ်ဦးအား သတ်ဖြတ်ပစ်ခဲ့မှုဖြင့် ကြိုးမိန့် လေးကြိမ်အပေးခံရသည့် ဓာတုအလီကို ကြိုးစင်ပေါ်တက်ခါနီးတွင် တွေ့ ရစဉ် (ဓာတ်ပုံ - အယ်အာရာကီယား အီရတ်ရုပ်သံ)
အီရတ်တရားရုံးတွေက သူ့ကို သေဒဏ် ၄ ကြိမ် ချမှတ်ခဲ့ပါတယ်။ နောက်ဆုံးပြစ်ဒဏ်ကတော့ ဒီလ အစောပိုင်း မကြာသေးမီက ဖြစ်ပါတယ်။

(ဓာတုအလီအားကြိုးပေးနေသည်ကို အားရ၀မ်းသာကြည့်ရှုနေသည့် အီရတ်ပြည်သူတစ်ဦး)
၁၉၈၈ တုန်းက ကဒ်ဒေသ အရှေ့မြောက်ပိုင်းက ရွာတရွာဖြစ်တဲ့ ဟာလပ်ဘ်ဂျာ (Halabja) ကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း အပြစ်ထင်ရှားတယ်လို့ အယ်လ် မာဂျစ်ဒ် (Al-Majid) အပေါ် နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကဒ်လူမျိုး ၅,၀၀၀ သေဆုံးခဲ့ကြရပါတယ်။ဒါကြောင့်လည်း သူ့ကို ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ သိကြပါတယ်။

(တန်ခိုးထွားခဲ့စဉ် က စစ်ဗိုလ်ချုပ်ကြီး ဓာတုအလီ)

(စစ်ဗိုလ်ချုပ်ကြီး ဓာတုအလီ ကို အီရတ် တရားခွင်တွင် တွေ့ရပုံ)

(၁၉၈၈ တုန်းက ကဒ်ဒေသ အရှေ့မြောက်ပိုင်းက ရွာတရွာဖြစ်တဲ့ ဟာလပ်ဘ်ဂျာ (Halabja) ကို အလီ အမိန့်နဲ့ အဆိပ်ဓာတ်ငွေ့နဲ့ သုံး တိုက်ခိုက် ရာမှ သေဆုံးခဲ့ရသူ ကဒ်လူမျိုး များ)
ကြိုးပေး ကွပ်မျက်စဉ်အတွင်း သူ့ကို ကြည့်သူတွေက အော်ဟစ်ဆဲဆိုတာ မရှိခဲ့ဘူးလို့ အီရတ် တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၀၆ခုနှစ်မှာ ဆက်ဒမ် ဟူစိန်ကို ကွပ်မျက်စဉ်ကတော့ သူ့ကို အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။
ဇော်ဝင်း (နယူးရော့ခ်)
မူရင်း (ရိုက်တာ နှင့် ဗွီအိုအေ)
No comments :
Post a Comment