အာဏာပိုင်တွေ ပေးတဲ့ အရက် သေစာတွေ အလွန်အကျွံ သောက်စား မူးရစ်ပြီးနောက် ပြည်သူ လူထုနဲ့ ဒီမိုကရေစီ လိုလား သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ရန်ရှာ ဆဲဆို နေတဲ့ ကြံ့ဖွံ့အဖွဲ့ဝင်များ။
နယ်မြို့များတွင် တရားဥပဒေမဲ့ ရမ်းကားနေသော ကြံ့ဖွံ့အဖွဲ့ဝင်များ၊ စွမ်းအားရှင်အဖွဲ့ဝင်များ များပြားလာနေကြကြောင်း နှင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ ခြိမ်းချောက် အင်အားပြသနေကြကြောင်း လည်း သိရှိရပါသည်။ ကြံ့ဖွံ့အဖွဲ့ နှင့် စွမ်းအားရှင်အဖွဲ့များ သည် နအဖ စစ်တပ်၏ လက်ကိုင်ဒုတ် လက်မရွံ့လူမိုက်များအဖြစ်ဖွဲ့စည်းထားသော အဖွဲ့အဖြစ် လူသိများပြီး၊ စစ်တပ်မှ ကျောထောက်နောက်ခံ အကာအကွယ်ပေး၊ အားပေးအားမြောက်ပြုလုပ်နေကြသည်။ ကြံ့ဖွံ့အဖွဲ့ဝင် ၊စွမ်းအားရှင်အဖွဲ့ဝင် အများစုသည် အိမ်ခြေမဲ့၊ ခိုးကိုးရာမဲ့ နှင့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြပြီး၊ ထိုသူတို့အား ထမင်းထုတ်၊ဆေးလိပ်၊ အရက်သေစာ တို့ဖြင့် မြူဆွယ်ကာ အကြမ်းဖက်လုပ်ရပ်များတွင် အသုံးချခြင်းခံခဲ့ရကြောင်း ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ ကြံ့ဖွံ့အဖွဲ့ဝင်ဟောင်းတစ်ဦးက ရင်ဖွင့်ပြောပြခဲ့သည်။
No comments :
Post a Comment