Wednesday 13 January 2010

ဝန်ထမ်းတွေကို လစာ တိုးပေးနေပြီ - ဘာကြောင့်လဲ၊ ဘာတွေဖြစ်လာမလဲ၊ ဘာတွေလုပ်ကြမလဲ ။

ဘာကြောင့် ၀န်ထမ်းတွေကိုလစတိုးပေးသလဲ

၁- စစ်တပ် အတွင်းမှာပုန်ကန်မှုက စနေပြီ။ ဒီတခါ စမှာ ကျောင်းသားမဟုတ်၊ သံဃာမဟုတ်။ စစ်တပ်သာဖြစ်ရမယ်။
မကြာမီမှာ ၁၉၁၇ ရုရှားအောက်တိုဘာတော်လှန်ရေးလို စစ်တပ်က စတင်ပုန်ကန် မဲ့ အခြေအနေ ဖြစ်ပေါ်နေပြီ။ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့အထွေထွေ အကြပ်ဆိုက်မှုက စစ်တပ် မိသားစုတွေပါ ရှောင်လွဲလို့ မရတဲ့အခြေအနေ မှာရောက်ရှိသွားနေပြီဖြစ်ပါတယ်။ ၀န်ထမ်းတွေပါထိခိုက်သွားပြီဖြစ်တယ်။ ဒီအခြေအနေဆိုးတွေကို ဆေးမြီးတိုနဲ့ ကုသတဲ့အနေနဲ့  သန်းရွှေ နဲ့ ဗိုလ်ချုပ်တွေက စစ်သားတွေဝန်ထမ်းတွေကို လစတိုးပေးပြီးယာယီချွေးသိပ်လိုက်ခြင်းသာဖြစ်တယ်။


ဘာတွေဖြစ်လာမလဲ

၁- လစာတိုးပေးလာရင် - ကုန်ဈေးနှုန်း ဆက်လက်တိုးလာမယ်။ ဘာကြောင့်လဲ
၂- လစာ တိုးပေးလိုက်ရင် - ဈေးကွက်ထဲမှာ လှည်ပတ်နေတဲ့ ငွေကတိုးသွားတယ်။ ငွေကြေးဖေါင်းပွသွားတယ်။ ( Money Supply increases in the market )
၃- ငွေကြေးဖေါင်းပွသွားတဲ့အတွက် ကုန်ဈေးနှုန်းဆက်တိုးမယ်။ ၀န်ဆောင်မှုလုပ်ငန်းတွေကလည်း ဈေးတက်သွားမယ်။

ကုန်းဈေးနှုန်း ကျဆင်းအောင် ဘာလုပ်သင့်လဲ

၁- ကုန်ဈေးနှုန်းကျဆင်းစေခြင်ရင် - လွတ်လပ်တဲ့ဈေးကွက်စနစ်ဖြစ်သင့်တယ်။ ဥပမာ- ကြက်သွန်နီဈေးတက်လာရင်၊အိန္ဒယနဲ့ ထိုင်းက ကြက်သွန်နီကိုတင်သွင်းပေးခြင်ဖြင့်ကြက်သွန်နီဈေးက တက်မလာနိင်တော့ဘူး။ ဒီလိုအခြေအနေမျိုးမြန်မာ ပြည်မှာမရှိဘူး။ ဘာဖြစ်လို့ လည်း -
သဘ၀ဓါတ်ငွေ့ က ရထားတဲ့ငွေတွေကို ဗိုလ်ချုပ်တွေကပဲသုံးဖြုံန်းနေလို့ ဖြစ်တယ်။

ဘာတွေဖြစ်လာမလဲ

၁- ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာဦးမယ်။
၂- ၀န်ထမ်းမဟုတ်တဲ့ ပြည်သူလူထုတွေ ပို ပြီး ဒုက္ခရောက်လာမယ်။
၃- လူထုနဲ့ စစ်တပ်အတွင်းမှာ အုံကြွမှု ဖြစ်လာမယ်။


အဖြေ ( Solution ) သို့ မဟုတ် ကျနော်တို့ အကြံပြုချက် ( WFWW recomendration)


စစ်သားနဲ့ ဝန်ထမ်းတွေရဲ့  ဘ၀ တွေတိုးတက်စေခြင်ရင် ဘာလုပ်ပေးသင့်လည်း

၁- လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲကို ပေါင်းစပ်ပေးရမယ်။
၂-သန်းရွှေနဲ့  သူ့ မိသားစုကို ကြိုးပေးကွတ်မျက်ရမယ်။
၃- စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြစ်ရမယ်။

No comments :