Monday 11 January 2010

ထိုင်းနိုင်ငံ Cobra Gold စစ်ရေးလေ့ကျင့်မှု


၂၀၀၉ ခုနှစ်ကော်ဘရာစစ်ရေးလေ့ကျင့်မှုမှာပါဝင်သော ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန် တပ်ဖွဲ့ဝင်များ

-ဘန်ကောက်-

ထိုင်းနိုင်ငံမှာ ကျင်းပမည့် Cobra Gold စစ်ရေးလေ့ကျင့်မှု မှာ တောင်ကိုရီးယားနိုင်ငံ ဟာ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပထမဦးဆုံးအကြိမ် စတင်ပါဝင်လိမ့်မယ်လို့ ထိုင်းဘုရင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ratchakrit Kanchanawat က အတည်ပြုပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ စစ်သား ၄၁၁ ယောက် ကို လက်နက်အပြည့်အစုံဖြင့် စေလွှတ်ဖို့ သိရှိရကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများ ထောက်ပံ့ကူညီရေး၊ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို အဓိက ရည်ရွယ်ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာသာဖြစ်ကြောင်း သိရှိရပါသည်။

ယင်း ကော်ဘရာရွှေ ( Cobra Gold) စစ်ရေးလေ့ကျင့်မှု ကို ၁၉၈၂ ခုနှစ်ထဲက ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ကြပြီး၊ ထိုင်း-အမေရိကန်သဘောတူညီချက်အရ နိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပါဝင် လှုပ်ရှားလေ့ကျင့်နိုင်တယ်လို့ သိရှိရပါသည်။ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ စစ်သား ၁၁၆၀၀ ယောက် ပါဝင်မှာဖြစ်ပြီး၊ အမေရိကန်တပ်သား ၆၂၁၇ ယောက်ပါဝင်လိမ့်မယ်လို့သိရှိရပါသည်။




မြောက်ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေသတင်းတွေ ထွက်ပေါ်လာပြီးနောက် အရှေ့တောင်အာရှဒေသတွင် တောင်ကိုရီးယားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်နိုင်ငံက ပိုမိုလိုလားလာတာကြောင့် တောင်ကိုရီးယားနိုင်ငံက ကော်ဘရာ စစ်ရေးလေ့ကျင့်မှုမှာ စတင်ပါဝင်လာကြောင်း အကဲခတ်များက သုံးသပ်နေကြပါတယ်။

No comments :