ဗွီအိုအေနဲ့ အာရ်အက်ဖ်အေ ၊ ၁၄ ၊ ဖေဖော်ဝါရီ ၊ ၂၀၀၉
မြန်မာနိုင်ငံက အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဒု-ဥကဿကဋဿဌ ဦးတင္ဦး ဖမ်းဆီးခံထားရာက လွတ်မြောက်လာပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက် ထွက်လာခဲ့ပါတယ်။ ရန်ကုန်မြို့က ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆုတောင်းမှုတွေ လုပ်ခဲ့သလို ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကိုပါ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ချုပ် ဒု-ဥကဿကဋဿဌ ဦးတင္ဦး ရွှေတိဂုံ ဘုရားတွင် ဝတ်ပြုဆုတောင်းနေစဉ်။
ဦးတင်ဦးနဲ့အတူ လိုက်ပါသွားခဲ့ကြတဲ့ အဖွဲ့ချုပ် လူငယ်တွေထဲက ကိုရာဇာကို ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ဒီကနေ့ ခရီးစဉ်ကို သူက အခုလို စပြောပြခဲ့ပါတယ်။
"ဒီနေ့ ကျနော်တို့ အဘအိမ်ကို မနက် ၅ နာရီခွဲ ၆ နာရီလောက် ကတည်းက ရောက်ပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အကုန်လုံးနီးပါး လာတယ်။ တိုက်ဆိုင်သွားတာက ဒီနေ့ ဦးနု (၁၅) နှစ်ပြည့် ဆွမ်းကျွေးကနေ ဆိုတော့ ပိုပြီး ဆုံသွားတာပေါ့။ ရန်ကုန် ရောက်နေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက အကုန်လာတယ်။ အဲဒီမှာ အဘကို စကားပြောတယ်၊ နှုတ်ဆက်တယ်၊ ကန်တော့ကြတယ်"
"ကန်တော့ပြီး ၉ နာရီခွဲ ကျော်ကျော်မှာ ကျနော်တို့ အိမ်က စထွက်တယ်။ အဘက ရှေ့ကထွက်တယ်။ ကျနော်တို့ လူငယ်တွေက ကားနဲ့ နောက်ကလိုက်တယ်။ အာဏာပိုင်ဘက်ကလည်း မော်တော်ဆိုင်ကယ် ၃ စီးနဲ့ မော်တော်ကားနဲ့ သတ်သတ်လိုက်တာတော့ ရှိတယ်"
"ကျနော်တို့ ဘုရားကိုရောက်ပြီး တက်တော့ အဲဒီမှာရှိတဲ့ လူငယ်တွေက အဘအတွက် လုံခြုံရေးအနေနဲ့ လိုက်လာပေးတယ်၊ အယောက် ၃၀ လောက် ရှိတယ်။ ပြီးတော့ ကျနော်တို့ ဘုရားပေါ်တက်တယ်။ ဘုရားပေါ်တက်ပြီး ပထမဦးဆုံး အဘက သောကြာထောင့်မှာ ပန်းကပ်ပြီး မေတဿတာပို့တယ်။ ပြီးတော့ ဒုတိယမြောက် အနေနဲ့ အဂဿငဿါထောင့်ကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးအတွက်ရော၊ ဗမာပြည် ၇ ရက်သားသမီးများ အတွက်ရော သူ မေတဿတာပို့တယ်၊ အမျှအတန်း ဝေတယ်"
"ကျနော်တို့ စသွားတော့ လူတွေက သိပ်မသိဘူးဗျ။ ဒါပေမဲ့ အဘ ဦးတင်ဦး ဆိုတဲ့ အသံလေးတွေ ကြားတယ်။ ကျနော်တို့ အဂဿငဿါထောင့်ကို ရောက်တဲ့အခါကြတော့ အဘွားကြီး တယောက်က ကျနော်တို့ အဖွဲ့ဝင် လူငယ်တယောက်ကို မေးတယ်၊ ဘယ်သူလဲ၊ ဘာညာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကင်မရာတွေက တဖျပ်ဖျပ် ရိုက်နေတာကိုး။ အဲဒီတော့ ကျနော်တို့က ဒါ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးပါလို့ ပြောလိုက်တော့ အဘွားကြီး တယောက်က ထအော်တယ်။ အောင်မယ်လေး၊ သူတော်စင်၊ သူတော်စင်တဲ့၊ ထိုင်ကန်တော့ကြ၊ ထိုင်ကန်တော့ကြ ဆိုတော့ အဲဒီမှာ ဘုမသိ ဘမသိနဲ့ လူ ၅၀၊ ၁၀၀ လောက် အဘကို ဝိုင်းကန်တော့ကြတယ်"
"ပြီးတော့မှ အဘရဲ့ မွေးနံဖြစ်တဲ့ စနေထောင့်ကို သွားတယ်။ စနေထောင့်မှာ ပန်းလှူတယ်၊ ရွှေသကဿငန်း ကပ်တယ်။ ပြီးတော့မှ အောင်မြေမှာ မေတဿတာပို့၊ ဝတ်ပြု ဆုတောင်းပြီး ကျနော်တို့ ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာတော့ ၁၀ နာရီခွဲ ကျော်ကျော် ဖြစ်နေပြီ။ အားလုံးပေါင်း ရွှေတိဂုံဘုရားမှာ ကြာချိန် ၄၅ မိနစ် ရှိပါတယ်"
အဖွဲ့ချုပ် ဒု-ဥကဿကဋဿဌ ဦးတင္ဦး ဖမ်းဆီးခံထားရာကနေ လွတ်မြောက်လာပြီး နောက်တနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့မှာပဲ ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမျှော်ပြီး ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆုတောင်းမှုများ ပြုလုပ်နေစဉ်။
တခြားရော ဘယ်တွေ သွားဖြစ်သေးလဲ ခင်ဗျ။
"ရွှေတိဂုံဘုရားပြီးတော့ အဘအိမ် ပြန်လာတယ်။ အိမ်မှာစောင့်နေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို နှုတ်ဆက် စကားပြောတယ်။ ပြီးတော့ ခဏနားတယ်၊ ထမင်းစားတယ်။ ထမင်းစားပြီး ၁ နာရီလောက်မှာ အဘက ဗဟို အလုပ်အမှုဆောင် ဥကဿကဋဿဌျဖစ္တဲ့ ဦးအောင်ရွှေအိမ်ကို သွားတယ်၊ ဂါရဝပြုတယ်။ ဦးအောင်ရွှေအိမ်မှာပဲ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့်တို့ ဦးသန်းထွန်းတို့ တွေ့တယ်။ ပြီးတော့ အဲဒီကနေ ဦးလွင်အိမ်ကို သွားတယ်၊ ဂါရဝ ပြုတယ်။ အဖွဲ့ချုပ် စီအီးစီ ဦးလွန်းတင်အိမ်ကို သွားတယ်၊ ဂါရဝပြုတယ်။ ပြီးတော့ မကျန်းမမာ ဖြစ်နေတဲ့ ရန်ကင်းက သူ့ညီအိမ်ဝင်ပြီး ပြန်လာတယ်။ ၃ နာရီခွဲလောက်မှာ ပြန်ရောက်တယ်"
အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတဲ့ လကဿခဏာမျိုးတွေရော တွေ့ရပါသလား။
"အဲလိုမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ ထုံးစံအတိုင်း အနောက်ကနေ ဆိုင်ကယ်မီးထိုး လိုက်နေတာတို့၊ ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်နေတာတို့၊ ဒါကတော့ ရှိတာပေါ့ဗျာ။ အဲဒါကိုတော့ ကျနော်တို့ကလည်း ဒီနိုင်ငံရဲ့စံနဲ့ အနှောင့်အယှက်ပေးတာ မရှိဘူးလို့ဘဲ ပြောရမှာပေါ့လေ"။
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥကဿကဋဿဌ ဦးတင္ဦးကေတာ့ လက္ရွိ ဖြစ်နေတဲ့ နိုင်ငံရေး ပြသဿသနာတွေကို အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ အဖြေမှန် ထွက်နိုင်တယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။
"အမှန်ကတော့ အမျိုးသား သင့်မြတ်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ နှစ်ဖက် တွေ့ဆုံပြီးတော့ အခု တွေ့ဆုံဖို့ တောင်းထားတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ ဒီ နိုင်ငံနဲ့ ပတ်သက်လို့ စီးပွားရေးကိစဿစ ဘာကိစဿစတွေ အပေါ်မှာလည်းပဲ တွေ့ဆုံပြီးတော့ ညှိနှိုင်းချင်ပါတယ်လို့ ပြောထားတာပဲ။ အဲဒီတော့ ပြောဖို့ဆိုဖို့ ဟိုဘက်က လာရောက်ပြီးတော့ ဆွေးနွေးပြောဆိုလို့ရှိရင်တော့ အဖြေက ပေါ်သွားမှာပေါ့ဗျာ။ အဲဒီလိုပဲ ကျနော်တို့က တွက်တာပေါ့။ ဒီဘက်ကတော့ ကြိုးစားတာပဲလေ"
သူ့အနေနဲ့လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မနက်ဖြန်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို သွားရောက်မှာဖြစ်ပြီး ပုံမှန် ကျင်းပနေတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။
မူရင်း ( မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့ )
Monday, 15 February 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment