Sunday 21 February 2010

သန်းရွှေလူမိုက်ဒုစရိုက်


သန်းရွှေလူမိုက်ဒုစရိုက် ဟာ သိရလင်္ကာကိုသွားစဉ်က ဘုရားဆင်းထုတော်အောက်မှာ အင်းတွေစီရင်ပြီး ယတြာယာ ချေခဲ့တယ်လို့ အတွင်းလူတဦးကပြောပါတယ်။ ဒီလိုလုပ်တဲ့ရည်ရွယ်ချက်ကတော့ ၂၀၁၀ မှာလူထုအုံကြွမှုတွေဖြစ်ပေါ်လာပြီး သန်းရွှေ မိသားတစုလုံး ကကြမ္မာဆိုးနဲ့ ရင်ဆိုင်ရတော့မယ်လို့   ဗေဒင်ဆရာ ဆရာထွန်းဆိုတဲ့သူကဟောလိုက်လို့ ဆိုပါတယ်။ ဖိုးလှပြည့် (ခ) မျောက်မူးလဲ ရဲ့ အဖေ ( ဗိုလ်မှုးတဦး ) ကိုယ်တိုင်က သူသားကို ''   ငါသားရေ အခြေအနေကတော့သိပ်မကောင်းဘူး။ မင်းအဖိုးအားကိုးနဲ့ သိပ်ပြီး ဘ၀င်မြင့်မနေ နဲ့ စားသတိသွားသတိလုပ်ပါလို့ ''  တခါက သားမိုက်ကိုဆုံးမသတဲ့။ ဒါကိုသူ့ သား က အမေလုပ်သူကို ပြန်တိုင်တယ်။ ဒီအခါမှာ အမေက ရှင်ကလေးကို ဘာပေါက်ကရတွေပြောနေတာလဲဆိုပြီး ကက်ကက်လန်ရန်တွေ တယ်။ ဒါပေမဲ့သူတို့ ဟာ အခြေအနေမကောင်းဘူးဆိုတာကို ဖုံးကွယ်နေကြသူတွေဖြစ်ပါတယ်။ သိရိလင်္ကာကိုသွားစဉ်မှာ သူတို့ မှာရှိတဲ့  ကံကြမ္မာဆိုးတွေကို ရှောင်လွဲဖို့ သန်းရွှေဟာ ယကြာချေ ခဲ့ခြင်းဖြစ်ပါတယ်။  အခုသိရလင်္ကာမှာ
လူထုလှုပ်ရှားမှုတွေ ၊နိင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာတဲ့အတွက် သန်းရွှေမိသားစုဟာ ကျိတ်ပြီးဝမ်းသာနေတယ်။ သူတို့ ယတြာယာချေတာ ထိရောက်မှုရှိတယ်လို့  ပြောဆိုနေကြတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဗေဒင်လက္ခဏာတွေကိုအလွန်ယုံကြည်တဲ့သူတွေဖြစ်ပါတယ်။ ဒါက နေ၀င်းလက်ထက်ကထည်းဖြစ်ပါတယ်။
၁၉၈၆ ခုနစ်ဝန်းကျင်မှာဦးနေ၀င်းဟာလည်း ညဏ်တော်တတောင်လောက်ရှိတဲ့ ကျောက်စိမ်းဘုရား ထဲမှာ အင်းတွေမြုပ်ပြီး ထိုင်းဘုရင်ကြီးကိုလက်ဆောင်ပေးဘူးပါတယ်။ ဒါပေမဲ့ ၈၈ အရေးတော်ပုံကြီးကတော့ လက်ကိုင်ပုဝါအင်းတန်းလောက်တော့ မဖြန့် ခဲ့ပါဘူး။

No comments :