Tuesday, 23 February 2010

မြန်မာသတင်းသမဂ္ဂ ညီလာခံအောင်မြင်စွာ ကျင်းပ

                                           ကိုစံမိုး က မလှလှဝင်းကို ဆုချီးမြင့်နေပုံ၊ မလှလှဝင်းက ဗွီဒီယိုဖန်သားမှာ မြင်ရသူဖြစ်ပါတယ်။



မြန်မာသတင်းသမဂရဲ့  ၇ ကြိမ်မြောက်အစည်းဝေးကို ယနေ့ အောင်မြင်စွာ စတင်ကျင်းပနိင်ခဲ့ပါတယ်။ အစည်းဝေးကို မြန်မာ သတင်းသမား တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။ သတင်းသမဂ ဥက္ကဌ ဦးမောင်မောင်မြင့်မှာ အမှာစကားပြောကြားတယ်။ ညီလာခံ ကို သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း နဲ့  ရုပ်ရှင် ဒါရိုက်တာ ကြီး ဦးဝင်းဖေတို့ မှာ ဗွီဒီယိုဖြင့်အမှာစကားများေ ပးပို့ ကြပါတယ်။  အစည်းဝေးက ၂၀၀၇ခုနစ် ရွှေဝါရောင်တော်လှန်ရေး မှာ ကျဆုံးသွားသော ကင်ဂျီနာဂါအီစံ ဆုကို ချီးမြင့်ပါတယ်။ ဆုရသူနစ်ဦးကတော့ ဦးဝင်းမော် နှင့် မလှလှဝင်း တို့ နစ်ဦး ဆုရရှိကြပါတယ်။ သူတို့ နစ်ဦးစလုံးကတော့  စစ်အစိုးရ ရဲ့  မတ၇ား ထောင်ဒဏ် အပေးခံရသူတွေဖြစ်ပါတယ်။   အစည်းဝေးကို ဂျပန်နိင်ငံ အေအက်ဖ် ပီသတင်းဌာန ဒါရိုက်တာ ယာမကြီး က လည်း အင်တာနက်ဗွီဒီယိုမှ တဆင့် အမှာ စကားပြောကြားပါတယ်။   ဆုကို ကိုစံမိုး မှ ပေးအပ်ပါတယ်။  မလှလှဝင်းမိခင်မှာ တယ်လီဖုန်းမှတဆင့် အမှာ စကားပြောကြားပါတယ်။  ထောင်ကျနေတဲ့ မလှလှဝင်း မိခင်က ကျေးဇူးတင်ရှိကြောင်းနဲ့  မလှလှဝင်းက  ပြည်သူလူထုခံစားနေရတဲ့ဒုက္ခ တွေကို ကမ္ဘာသိအောင်သူတင်ပြနိင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်။
မိဘနစ်ပါးအား ဝေလှံတဲ့ခရီးက နေ ထောင်ဝင်စာ ပို့ နေတာကို မလာဖို့ မှာကြောင်း ပြောကြားပါတယ် ။
အစည်းဝေးကို ဆက်လက် ကျင်းပနေဆဲဖြစ်ပါတယ်။

No comments :