Friday, 26 February 2010

ထိုင်းနိင်ငံရေး အခြေအနေ

ဒီနေ့ ထိုင်းတနိင်ငံလုံး စိတ်လှုပ်ရှားနေကြပါတယ်။ ထိုင်းတရားရုံးက ၀န်ကြီးချုပ်ဟောင်း
တပ်ဆင်ရှင်နာတ၀ါ ပိုင် ဘတ်ငွေ ၇၆.၆ သန်း ကို နိင်ငံပိုင်အဖြစ်သိမ်းပိုက်မယ်မသိမ်းပိုက်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ တပ်ဆင်က သူနောက်လိုက် တွေကို ဗွီဒီယိုကနေ တဆင့် မိန့် ခွန်းပေးပါတယ်။ သူ့မိန့် ခွန်းမှာတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို သူစောင့်နေတယ်။ သူ့နောက်လိုက်တွေက သူ့ ကိုထောက်ခံ တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတယ်။ သူကိုလိုလားသူတွေက United Front For Democracy Against Dictatorship - UDD လို့ အမည်ပေးထားပါတယ်။ သူတို့ ကို တပ်ရှပ်အနီရောင်ကိုဝတ်ဆင်ထားကြတဲ့အတွက် အနီ အဖွဲ့ လို့ လည်းခေါ်ပါတယ်။ အခု ဘန် ကောက်မြို့ မှာတော့ အနီအဖွဲ့ နဲ့ အစိုးရ ကိုလိုလားတဲ့ အ၀ါ အဖွဲ့ တွေဟာနေရာကိုယ်စီယူထားကြပါတယ်။ ကမ္ဘာလှည်ခရီးသွားများလည်း လေဆိပ်ကိုသိမ်းလိုက်မလားလို့ စိုးရိမ်ပူပန် နေကြပါတယ်။ တရားရုံးက တပ်ဆင်ပိုင်ငွေတွေကို သိမ်းဖို့ များနေတယ်လို့ သတင်းစာတွေမှာရေးသားဖေါ်ပြထားကြပါတယ်။

1 comment :

ကျော်ကျော် said...

ဘတ်ငွေ ၇၆.၆သန်း ဆိုတာ ဒေါ်လာ ၂ဘီလီယံဆိုတာ သိပ်မဟုတ်သေးဘူးနဲ့ တူတယ်