Sunday 28 February 2010

ချီလီသမ္မတ မြေငလျင်ဒဏ်ခံရသူများ ကို လှည့်လည်အားပေး


မြန်မာနိုင်ငံ နားဂစ် တိုက်ခတ်ခဲ့စဉ်က လူသိန်းချီ သေဆုံးပြီး၊ သန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ ဖွဲ့စည်းပုံဆန္ဒခံယူ မဲပေးပွဲကို လူသေအလောင်းတွေပေါ်၊ အရိုးတောင်ပုံပေါ်တွေမှာ အတင်းအဓမ္မကျင်းပခဲ့ပေမဲ့၊ ချီလီမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးဝမ်းနည်းကြေကွဲလို့ လူထုအခမ်းအနားနဲ့ အစိုးရ အခမ်းအနားတွေကို မပြုလုပ်ဖို့ အစိုးရက ကြေညာ
-တီကေ-

လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ချီလီမှာ ရစ်ချက်စတာ စကေး ( မက်ကနီကျု့ ) ၈.၈ ပြင်းထန်တဲ့မြေငလျင် လှုပ်ခတ်ခဲ့မူ့ ကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ ၂ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း ချီလီအစိုးရ က ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ မြေငလျင်ဟာ နံနက် ၃ နာရီ ၃၄ မိနစ်မှာ စတင် လှုပ်ခတ်ခဲ့ပြီး၊ အိမ်ခြေ ၁.၅ သန်းကျော် ပျက်ဆီးခဲ့ကြောင်း ချီလီ အစိုးရ က အတည်ပြုပြောဆို ခဲ့ပါသည်။ လူအသေအဆုံး အတိအကျ ဘယ်လောက်ရှိမလဲဆိုတာ ပြောရန်ခက်ခဲနေသေးကြောင်း နဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးနေကြောင်း ချီလီသမ္မတ မီရှဲဘချီလေး (Michelle Bachelet) တနိုင်ငံလုံးသို့ ည ၉ နာရီ ရုပ်မြင်သံကြားအစီအစဉ်ကနေ ပြောကြားခဲ့ပြီး၊ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာများကို ချက်ချင်း သွားရောက် လှည့်လည်ကြည်ရှု့ နေခဲ့ကြောင်း ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြသသွားခဲ့ပါသည်။

ချီလီသမ္မတ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာများကို ချက်ချင်း သွားရောက် လှည့်လည်ကြည်ရှု့ နေပုံ

ချီလီမှာ လူထုအခမ်းးအနားတွေ ကျင်းပခွင့် လာမည့် ၇၂ နာရီ ထိ ရွေှ့ဆိုင်းထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်ကြဖို့ ကြေညာခဲ့ပါသည်။ ချီလီ နိုင်ငံရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့များ၊ ရဲများ၊ မီးသတ်အဖွဲ့များ၊ စစ်တပ် ကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ကြဖို့ အမိန့်ပေးထားပြီး ကမ္ဘာ့ပြည်သူများ၊ နိုင်ငံတကာအစိုးရများ သတင်းအမှန်သိရှိနိုင်ဖို့ အစိုးရပိုင် နှင့် ပုဂ္ဂလိက ရုပ်မြင်သံကြား ဌာနများ၊ နိုင်ငံတကာ သတင်းဌာနများ မှတဆင့် သတင်းများတိုက်ရိုက် ထုတ်ဖော်ပြသဖို့ အကူအညီတောင်း မေတ္တာရပ်ခံခဲ့ကြောင်း၊ ယင်းမေတ္တာရပ်ခံခဲ့မှုကို တနိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်မြင်သံကြားက တဆင့် ပြသသွားပါသည်။

အမေရိကန်သမ္မတ အိုဗားမားက ချီလီသမ္မတ မီရှဲဘချီလေး (Michelle Bachelet) ထံဖုန်းဆက်၍ ချီလီပြည်သူများထံ ၀မ်းနည်းကြောင်းပြောဆိုခဲ့ပြီး၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ကို စေလွှတ်ဖို့ဂတိပြုခဲ့ကြောင်းသိရှိရပါသည်။ ချီလီသမ္မတမီရှဲဘချီလေး (Michelle Bachelet) ကလည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျွမ်းကျင်သူ ပညာရှင်များစေလွှတ်ပေးဖို့ အကူအညီကို တောင်းခံခဲ့ကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့၊ ကလေးများ ကယ်ဆယ်ရေးအဖွဲ့၊ ကုလသမဂ္ဂမှ ယူနီစက်အဖွဲ့၊ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ များ ချီလီနိုင်ငံသို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် သွားရောက်ရန်ပြင်ဆင်နေကြောင်းလည်း သတင်းများတွင် ဖော်ပြထားပါသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်းကျင်သူများလည်း သွားရောက်ဖို့ ပြင်ဆင်နေကြပါပြီ။

ပြီးခဲ့တဲ့ လကပဲ ဟေတီမှာပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၁၂,၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂ သန်းခဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ဆင်းရဲမွဲတေသည့် ဟေတီ နှင့် မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူအမြောက်အများသေဆုံးခဲ့ကြပေမဲ့၊ ချီလီနိုင်ငံမှာတော့ လူသေဆုံးမှု နည်းပါးနိုင်ကြောင်း ရာသီဥတုဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး နှင့် ကယ်ဆယ်ရေးကျွမ်းကျင်သူ ပညာရှင်များ က ခန့်မှန်းနေကြပါတယ်။ ချီလီ အစိုးရဟာ သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ကျင့်ခဲ့မှုများကြောင့် လူအသေပျောက် နည်းပါးနိုင်ကြောင်း လည်းခန့်မှန်းပြောဆိုနေကြပါသည်။

ချီလီမှာလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြောင့် ဂျပန်၊ အမေရိကန် နှင့် ရုရှားနိုင်ငံ ရှိ ပိစ္စိဖိတ်ကမ်းခြေ တလျောက်မှာ ပြင်းထန်းကြီးမားမည့် ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပြီး၊ လူသန်းနဲ့ချီ ဟာ လုံခြုံရာနေရာများသို့ရွှေ့ပြောင်းရန် ပြင်းထန်စွာ သတိပေးထားကြပါတယ်။ ဒီနေ့မနက်က ဂျပန်နိုင်ငံ ဟောကိုင်းဒိုးကျွန်းရှိ ကူဂျီဆိပ်ကမ်းကို ၄ ပေ အမြင့်ရှိတဲ့ လှိုင်းလုံးကြီးများစတင်ရိုက်ခတ်နေပြီလို့ ဂျပန် မိုးလေ၀သဌာနက ကြေညာခဲ့ပါသည်။ ဂျပန်နိုင်ငံ မြောက်ပိုင်း ပိစ္စိဖိတ်ကမ်းခြေ တလျောက်မှာ ၉ ပေလောက်ရှိသည့် လှိုင်းလုံးကြီးများရိုက်ခတ်လာနိုင်ကြောင်း ဂျပန် မိုးလေ၀သဌာနက ခန့်မှန်းထားကြတယ်။

No comments :