Saturday, 27 February 2010
တပ်ဆင်ရဲ့  ငွေ ၁ ဘီလီယံဒေါ်လာ ကျော် အသိမ်းခံရ ပြီ
ထိုင်း နိင်ငံဗဟိုတရား ရုံး က ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ပိုင် ၇၆ ဒသမ ၆ ဘီလီယံ ဘတ်၊ (၂ ဘီလီယံ ဒေါ်လာ ခန့်) ထဲမှာ ၄၆ ဘီလီယံ ဘတ်( ၁ ဘီလီယံဒေါ်လာကျော်)ကိုသိမ်းဆည်းလိုက်တယ်။
သိမ်းလိုက်ရတဲ့အကြောင်းက တပ်ဆင်ဝန်ကြီးချုပ် ဘ၀ မှာ အာဏာကိုအလွဲသုံးစားလုပ်ပြီး လဒ်စားခဲ့မှုတွေကြောင့်လို့ ဆိုတယ်။တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တပ်ဆင်က တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။ သူကိုယ်ယုံကြည်ထောက်ခံနေတဲ့ အနီဝတ်တွေက ထူးခြားတဲ့လှုပ်ရှားမှုတွေတော့ မလုပ်ဆောင်လာသေးပါဘူး။ တရားရုံးက တပ်ဆင်ပိုင်ငွေတွေ အကုန်လုံးကိုသိမ်းလိုက်ရင်တော့ အနီရောင်အဖွဲ အနေနဲ့  ခိုင်မာတဲ့အကြောင်းပြချက်ရပြီး လှုပ်ရှားမှုကြီးရသွားနိင်တယ်။ ဒါပေမဲ့ တရားရုံးက သူပိုင်ငွေတ၀က်ကျော်ကို နိင်ငံတော်က သိမ်းကြောင်းဆုံးဖြတ်ချက်က အနီရောင်ဝတ်အဖွဲ့ ကိုလှုပ်ရှားမှု ပြုလုပ်ရန် ခက်သွားစေပါတယ်။ ဒါပေမဲ့ နောက်ထပ်ကျန် ငွေတွေ ကလည်း ဆက်လက်အသိမ်းခံနိင်စရာ ရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တပ်ဆင်ရဲ့ ရှင်နာတ၀ါကုမဏီ နဲ့ စီးပွားရေးလုပ်လာခဲ့ဘူးတဲ့ ကုမ္ပဏီ ၄ ခုကလည်း ရှင်နတ၀ါ ကုမဏီ ကြောင့်သူတို့ မှာနစ်နာမှုတွေရှိခဲ့တယ်။ သူတို့ကိုလျောကြေးပေးဖို့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
လက်ရှိအစိုးရ ( အ၀ါအဖွဲ့ ) ကတော့ တပ်ဆင်ရဲ့  အဓိက အာဏာအခြေခံ ( Source of Power )တခုဖြစ်တဲ့ ငွေတွေကိုတော့သဘောထားကြီးပြီး တပ်ဆင်လက်ထဲပြန်အပ်မဲ့အခြေအနေတော့မရှိပါဘူး။ ဒီလို ပြန်အပ်ခြင်းဟာ ကိုယ်အသုဘအခန်းအနားကို ကိုယ်ကိုတိုင် ဖိတ်စာလိုက်ကမ်းသလို ဖြစ်သွားနိင်လိုပါပဲ။ တပ်ဆင်ဟာ ၂၄ ဘီလီယံလောက်ချမ်းသာကြွယ်ဝတယ်လို့ လည်းဆိုပါတယ်။
at 10:27
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment