Friday, 19 February 2010

အလုပ်သမား သပိတ် ဖြစ်ပွား ပြန်ခြင်း

ယနေ့ မနက် ရန်က်ုမြို့  ၊ ရွေပြည်သာမြို့ စက်မှုဇုံတွင် ရက်စ်တူး အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၈၀၀ ခန့် သပိတ်မှောက်နေကြောင်းသိရပါတယ်။ သပိတ်မှောင်ရခြင်းမှာ အလုပ်သမားများက လုပ်ခ နဲ့ ကုန်ဈေးနှငန်း မလောငက်ငှသည့်အတွက် လုပ်ခ ကို တိုးတောင်း ဆိုကြောင်းသိရပါတယ်။

ယနေ.မနက်ကထဲကသပိတ်မှောက်ရန်စီစဉ်ခဲ့ပြီးနေ.လည်ခင်းထမင်းစားချိန်အပြီးတွင်စတင်လိုက်ကြတယ်လို.သိရပါတယ်။ တောင်းဆိုချက်များမှာတော့ လုပ်ခတို.မြှင့်ရေး၊ အလုပ်ချိန်ကိုနိင်ငံတကာ စံချိန်နှင့်အညီ ၈ နာရီသာသတ်မှတ်ပေးရေး၊ အလုပ်သမားများရဲ့  ကျမ္မာရေးစောင့်ရှောက်မှုပေးရေး၊ အလုပ်သမားခေါင်းများမှ အလုပ်သမားများအား ကျွန်ပိုင်ရှင်များသဖွယ်ပြုမှုဆက်ဆံနေမှု များကို ရပ်တန့် ပေးရေး။လုပ်ငန်းခွင်လုံခြုံမှုရှိရေးစသည်များကိုတောင်းဆိုထားကြောင်းသိရပါတယ်။ ပြီးခဲတဲ့အပတ်က အလုပ်သမားများတောင်းဆိုဆန္ဒပြကြသည့်အတွက် အလုပ်ရှင်နှင့်အာဏာပိုင်များက လျိက်လျောမှုများ ပြုလုပ်ပေးခဲ့သည်ဟုသိရပါတယ်။ ဖမ်းဆီးမှုတစုံတရာမရှိခဲ့ကြောင်းသိရပါတယ်။

No comments :