"Contemporary Burmese Art: Ideas and Ideals" မြန်မာ့အနုပညာပြပွဲ ဖိတ်စာ
အမေရိကန်ရောက် မြန်မာအနုပညာရှင်များရဲ့ ပထမဦးဆုံးအကြိမ် အနုပညာလက်ရာများ ကို နယူးယောက် မြို့ Open Center ( http://www.opencenter.org/contemporary-burmese-art-ideas-and-ideals/ ) မှာ ဖေဖဝါရီ ၆ ရက် ကနေ ၉ ရက် အထိပြသပါမယ်။ မြန်မာပန်ချီပညာရှင်တွေ အနုပညာရှင်တွေ ဘာတွေစဉ်းစားနေကြလဲ၊ သူတို့အနုပညာစံဘယ်လောက်ရှိလဲ၊ သူတို့နိုင်ငံခြားရောက်နေခိုက် မိခင်နိုင်ငံ နဲ့ ပြည်သူပြည်သားတွေ အတွက် သူတို့အနုပညာနဲ့ ဘာလုပ်ပေးနေကြသလဲ၊ မြန်မာ့ယဉ်ကျေးမှု နဲ့ မြန်မာ ဆိုတာ အနောက်တိုင်းသားတွေ ကို သူတို့ဘာတင်ပြကြမှာလဲ မေးခွန်းတွေရဲ့ အဖြေကို သိချင်ရင်တော့ ကိုယ်တိုင်သွားကြည့်မှ အရသာရှိရှိ ကိုယ်ကိုယ်တိုင် အဖြေထုတ်နိုင်ပေလိမ့်မယ်။


ပန်းချီကား တွေ ချိတ်ဆွဲ ထားပြီ
မိတ်ဆွေတွေ ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးကြဖို့ ဖေဖဝါရီ ၆ ရက် ကနေ ၉ ရက် နေ့အထိ လာအားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီပြပွဲ ဖွင့်ပွဲနဲ့ ပြပွဲရက်တွေမှာ အများပြည်သူ အခမဲ့ ကြည့်ရှုနိုင်ဖို့စီစဉ်ထားတယ်လို့သိရတယ်။ ဖွင့်ပွဲ နေ့ဖြစ်တဲ့ ဖေဖဝါရီ (၆) ရက်နေ့ စနေနေ့ ည (၈) နာရီ မှ (၁၀) နာရီ အတွင်း မြန်မာအနုပညာရှင်များနဲ့ တွေ့ဆုံနိုင်ပြီး မြန်မာမုန့်ပဲသွားရည်စာများ နဲ့ ဧည့်ခံမှာဖြစ်ပါတယ်။
ပြပွဲ ဖြစ်မြောက်ရေး စီစဉ်နေကြတာကို ကျွန်တော်ကိုယ်တိုင် သွားကူလုပ်ပေးရင်း ဓါတ်ပုံရိုက်လာခဲ့တယ်။ အဝေးရောက်သူငယ်ချင်းတွေ ကြည့်ဖို့ ဝေငှလိုက်ပါတယ်။

စီစဉ်နေသူ ပန်းချီဆရာမ မချောအိသိမ်း

"Our Hands" အမည်ရှိ ဒေါ်အောင်ဆန်စုကြည်ပုံ ပန်ချီကားကြီး
ပန်းချီဆရာ ကိုမျိုးသိမ်းထွန်း ရဲ့ သူ့မိသားစုလက်များနဲ့ ရေးဆွဲထားတဲ့ "Our Hands" အမည်ရှိ ဒေါ်အောင်ဆန်စုကြည်ပုံ ပန်ချီကားကြီး က ပန်းချီခမ်းမကြီးထဲမှာ ခန့်ငြားတည်ကြည်စွာ တွေ့ရတယ်။
အမေရိကန်ရောက် မြန်မာအနုပညာရှင် (၁၆) ယောက် ကို အခုလို စုစည်းနိုင်မှု ကို က အားရစရာ ကောင်းလှပါတယ်။ အနုပညာရှင် လူကြီး လူငယ် တွေ စုပြီး ပြသတဲ့ ဒီပွဲ ဟာ အသွင်ထူးခြားနေတာ တွေ့ရတယ်။ ဒါတောင် အမေရိကန်ရောက် မြန်မာအနုပညာရှင်တွေ အားလုံး ကို မစုစည်းနိုင်သေးပါဘူး။ အချိန်တိုတိုအတွင်း ခက်ခက်ခဲခဲ လက်လှမ်းမှီသရွေ့စုထား တဲ့ ဒီ ပြပွဲဟာ "Contemporary Burmese Art: Ideas and Ideals" လို့အမည်ပေးထားကြပါတယ်။

ပန်းချီဆရာမ မချောအိသိမ်း
စီစဉ်သူ မချောအိသိမ်း က "ဒီမှာ မြန်မာပန်းချီဆရာတွေရှိတယ် မြန်မာအသိုင်းအဝိုင်းရှိတယ် ၊ တခြားအာရှနိုင်ငံသားတွေတောင် အနုပညာကောင်စီ ဆိုတာဖွဲ့စည်းထားနိုင်ကြတယ်၊ မြန်မာတွေ ရဲ့ စုစည်းမှုတခု ရအောင် နယူးယောက်ကလူငယ်တွေနဲ့ စလုပ်ဖြစ်သွားတာ" လို့ ရိုးရိုးလေးပဲ ရှင်းပြပါတယ်။
ပန်းချီဆရာ ဦးဝင်းဖေ ရဲ့ လက်ရာ "The Lion", ("36" x 24"), Oil on Canvas ပန်းချီကား
ပန်းချီဆရာ ဦးပေါ်သိမ်း ရဲ့ လက်ရာ "Debt Cycle of Inexistence & Continuity" (18" x 24"), Collage (2009) ပန်းချီကား

ပန်းချီဆရာမ မချောအိသိမ်း ရဲ့ လက်ရာ "Time", Clay, Installation

ပန်းချီဆရာ ကိုမင်းအောင်နီ ရဲ့ လက်ရာ Oracle tree, (24" x 32") Acrylic on Board ပန်းချီကား

ပန်းချီဆရာ ကိုမျိုး ရဲ့ လက်ရာ "Fishing Village" ( 40" x 30"), Oil on Canvas ပန်းချီကား

ပန်းချီဆရာ ကိုသန်းဌေးမောင် ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကားနဲ့ ကျွန်တော်အမှတ်တယ ရိုက်ထားလိုက်တာ

ဂရပ်ဖစ် ဒီဇိုင်နာ ကိုအောင်မိုးဝင်း နဲ့ သူ့ရဲ့ လက်ရာ "Homage to Homeland", Digital Art (23" x 32")

ပန်းချီဆရာ ကိုကြိုင်လင်းနိုင် ရဲ့ လက်ရာ At the Gate, Oil on canvas, (36" x 26") ပန်းချီကား
ပန်းချီဆရာ ကိုမင်းကျော်ခိုင် ရဲ့ လက်ရာ "Fight For Freedom", Acrylic on canvas (40" x 30") ပန်းချီကား

ဓါက်ပုံဆရာ ကိုကြီးမြင့် ရဲ့ "Fisherman (Inle)" လက်ရာ ဓါက်ပုံ

ဓါက်ပုံ ဆရာ မင်းသန့် ရဲ့ လက်ရာဓါက်ပုံများ


ပန်းချီဆရာ ကိုသန်းဌေးမောင် ရဲ့ လက်ရာ "Love of Truth" , Acrylic on canvas, (30" x 30") ပန်းချီကား
ဇော်ဝင်း (နယူးရော့ခ်)
2 comments :
Great.
ွကောင်းပါသည် ကိုဇော်ဝင်း
Post a Comment