Friday 5 February 2010

သီဟ နာဒ


မိတ်ဆွေများနဲ့ ရဲဘော်များခင်ဗျား

တလောက ကျနော်တို့ ၈၈မျိုးဆက်တွေ ဆုံဖြစ်ကြ တယ်။ မကောင်းဘူးလား။ဒီအချိန်မှာ ငါဒို့ မညီသင့်ဘူးလား။ တချိ့ လူတွေဆိုရင် ၂၁ နှစ်ကြာမှပြန်တွေ့ရတာ။ ဒီထဲမှာ တချို့  လည်းနိင်ငံရေးဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီရှိနေကြတယ်။ ကျနော်တို့ထဲမှာ အယူဆတွေ အမျိုးမျိုး၊ အမြင်အမျိုးမျိုး ၊ အုပ်စုအမျိုးမျိုးတွေက ရှိနေတုန်းပါ။ ကွဲပြားမှုတွေဘ ယ်လောက်ပဲရှိရှိ အခြေခံအကျဆုံး ( bottom line ) ကတော့ ၈၈ စိတ်ဓါတ် နဲ့ သွေးစည်းမှုကိုတော့ ထိမ်းသိမ်းရမှာဖြစ်ပါတယ်။ ၈၈တွေဟာ အချင်းအချင်း တွေ့ရမယ်။ စားရမယ်။ ပြောရမယ်။ ဝေဖန်မှုတွေ၊ အကြံပေးမှုတွေရှိရမှာပါ။ ၈၈ တွေဆုံတိုင်း ရန်သူတုန်လှုပ်ရစမြဲပါ။ ဒါကိုသတိမမေ့ဖို့ လိုတယ်။  မစိုးရိမ်ဆရာတော်ဘုရားကြီးက ကျနော်တို့ ကိုဆုံးမသွားတဲ့ စကားလေးက အလွန်အဖိုးတန်လှပါတယ်။ '' ဟန်ဆောင်ပြီးတော့ ညီညွတ်ပေးကြပါကွာတဲ့။ ''   ၂၀၁၀ အတွက် ကျနော်တို့  ကွဲလို့ မဖြစ်ပါဘူး။ အလုပ်အရ ညီညွတ်ရမှာပါ။

၂၀၁၀ ကို လက်မခံနိင်ပါဘူး။ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ပါဘူး။  ညီညွတ်တဲ့အသံကို ပြသဖို့ အဆင့်တိုင်းမှာကြိုးပမ်းရမှာပါ။ 

တချို့ သောသူတွေက ဘာနဲ့ ညာနဲ့ ပြောလာတာတွေ၊ ရေးလာတာတွေ၊မြှောက်ထိုးပင့်ကော်တွေ လုပ်ပြီး တောခြောက်လာတာကိုတွေ့ ရပါတယ်။ မကြောက်ကြနဲ့ ။ မရွံ့ ကြနဲ့ လို့ သတိပေးချင်ပါတယ်။ ကိုယ်တရားက ကိုယ့်ကိုပြဌာန်းနေပါတယ်။ စကပ်ကိုစိတ် စွဲနေသူက စကပ်ကိုပဲ မြင်တယ်။ အရက်ကို စိတ်စွဲနေသူ အရက်ကိုမြင်တယ်။ ၈၈ ကို စိတ်စွဲ သူကတော့ ၈၈ ရဲ့ စိတ် မာန်စိတ်ကို တွေ့ ပါလိမ့်မယ်။
 ကျနော်တို့က သူတို့မြင်နေကြ နအဖတွေလို  ခေါက်ရိုးကျိုးနေတဲ့ ရိုကျိုးမှု၊ လူမြင်သူမြင်ကောင်းအောင် ဟန်ဆောင်ဖေါ်ပြချက်တွေ မရှိကြပါဘူး။  ရေခဲရေလောင်းထားတဲ့ လူသေမျက်နာမျိုးမရှိဘူး။ ကျနော့် တို့ ဖေါ်ပြချက်တွေက နှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာက လာပါတယ်။ ရယ်တယ်။ ပျော်စရာရှိပျော်တယ်။ ရှိတာကိုဝတ်တယ်။ ကြောင်သူတော်လို မ၀တ်ထားဘူး။ ပုတီးကိုင်ပြီးလူရှေ့ မထွက်ဘူး။

ကြေးစည်သံကြားရင် ခွေး တွေ အူမှာပဲ။ ခွေအူသံတွေကြားတိုင်း ဘာဖြစ်တာလဲ ..ဘာဖြစ်တာလဲဆို ပြီး သွေးမပျက်ကြနဲ့ ၊ ရှေ့ ကိုရဲ ရဲ သာချီတက်ပါ။

ကေသရာဇာခြသေ့င်္မင်းတို့မည်သည် ခွေအူသံကြားလို့  မပြောရဲ၊ မဆိုရဲ၊ မလှုပ်ရဲဆိုတာမရှိဘူး။ အေး- ချေငယ်စိုင်ဆတ် တွေကတော့ ဘာလုပ်လုပ် ခွေးအူသံ၊ တောခြောက်သံတွေကို နားစွင့်ရတာ ၊ ကျီးလန့်စာစား ဖြစ်ရတာပါ။ ခြေင်္သေ့မင်း ဆိုတာကတော့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း အလုပ်လုပ်ကြပါတယ်။

ရန်သူကို ဦးတည် တိုက်ပါ။ အချင်းအချင်း သွေးကွဲတဲ့လုပ်ရပ်တွေကို သတိထားကြပါလို့  တိုက်တွန်းလိုက်ပါတယ်။ 

( မိုးသီးဇွန် )

12 comments :

မောရစ် said...

ရွှီး....................ဖြောင်း...........ဖြောင်း............... မိုးသီးကွ ဘာမှတ်လဲ တေတွားမယ်။

Anonymous said...

သိပ်မှန်တယ်ဗျာ။
လူတွေက တော်လှန်ရေး ရေချိန်တွေကျ လုပ်စရာ လုပ်ငန်းစဉ်တွေမရှိ၊ ရန်သူနဲ့ တိုက်ပွဲမရှိတဲ့အခါ ကိုယ့်ဘက်က တတ်နိုင်သမျှ ကျားကုတ်ကျားခဲနဲ့ အလံမလှဲပဲ ပြန်လုပ်နေကြတဲ့ သူတွေကို လှည့်တိုက်လာတယ်။

အဲဒီရေးတဲ့သူတွေ ရဲ့ နေ့စဉ်လူနေမှုဘ၀နဲ့ သူတို့ စိတ်ထားပိုင်းဆိုင်ရာတွေ က အံ့သြတုန်လှုပ်စရာပါပဲ။

တော်လှန်ရေး သမား ဆိုတာလဲ လူပဲ။ လူဆိုတာလူအလုပ်လုပ်မှာပဲ ၊ လူမှာ လူရဲ့ ပေါင်းသင်းဆက်ဆံရေး ၊ လူရဲ့ နေ့တဓူဝ လူမှုဆက်ဆံရေး ကိစ္စတွေလဲရှိတယ်။ ရှစ်လေးလုံးအရေးတော်ပုံကထွက်လာတဲ့ ကျောင်းသားတွေဟာ တကောင်မှ ဗိုက်ပူပူ ပုတီးတကားကား ထမ်းသိုင်းထမ်းပြီး ၀တ်ပြူစင်ကြယ်နဲ့တောခိုလာတဲ့ဖိုးသူတော် တကောင်မှမပါသလို ဂူအောင်း ဆာဒူးလဲတကောင်မှမပါဘူး ။ လူတွေပဲဖြစ်တယ် ဒီတော့ လူဟာလူအလုပ်လုပ်မှာပဲ ။

အဲဒီစာစောင်ဟာနောက်ဆုံးတဖြေးဖြေးဘာနဲ့ တူလာလဲဆိုတော့ မြက်ခင်းသစ်နဲ့ နင်လားငါလား ကိုဖြစ်လာပြီ။

စာရေးနေတယ်ဆိုတဲ့ ကောင်တွေရဲ့ လက်ရာတွေကလဲ အင်မတန် ညံ့ဖျင်း လွန်းပါတယ်။

မြန်မာ သဒ္ဒါ အခြေခံကိုတောင် မပိုင်နိုင် ၊ ဟာသလို့ ယူဆ ရသော်လည်း အဟုတ်ဟာသ ပါ လို့ ဖတ်နေရင်း ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး ကိုယ့်ချိုင်းကို ကလိထိုး ရယ်ရမယ့်အပေါက်မျိုး ။


တခုတော့ပြောချင်ပါတယ်။

တကယ်တော့ ဘက်တဘက်ထဲက လူချင်းတွေ လှည့်ပါတ်တီးရမှ နေသာထိုင်သာရှိတယ်ဆိုရင်တော့ အဲဒီ စိတ်ပိုင်းဆိုင်ရာတွေမှားနေပြီဖြစ်ပါတယ်။

ဝေဖန်ရပါမယ်။ လမ်းကြောင်းမဟုတ်ရင် နာနာတီးရပါမယ်။ သို့ သော် စောက်တင်းသာသာနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး ငါကတော့ ဒီဘဲကြီးတွေကို ဒီလို တွယ်လိုက်တာကွဆိုပြီး ကျားဖင် နှာခေါင်းအပ်ဖူးတဲ့ခွေးလို စိတ်ကူးယဉ်မှုတွေနဲ့သာယာနေယုံဆိုရင်တော့ ဆရာတို့ ရေ

နောက်လာမယ့်အဆင့်ကတော့ နအဖ က ခင်ဗျားတို့ ကိုလစာပေးဖို့ ပါ အရေးတယူစဉ်းစားမြှောက်စားလာယုံကျန်ပါတော့တယ်။

မေတ္တာဖြင့်

ခင်မင်လျှက် သင်တို့ ၏ မိတ်ဆွေ

Anonymous said...

ဘလောက်ကနေပြီး ငါ့စကားနွားရ ရေးရဲရင်။
ကွန်မင့်ကနေ ပြန်ချေပတာကိုတော့ ဖော်ပြရဲရမယ်။
စကပ်နဲ့ အရက်ခွက်ကိုမြင်ရုံတင်မကဘူး
ခုံထောင့်က ၃နှစ်ကျော်ကျော်လောက်က
ခေါက်ဆွဲထုပ်ပါမြင်တယ်။ဆက်ရေးပါဖတ်ကောင်းတယ်။

ဇော်နိုင်

Always said...

ကိုမိုးသီးရေ။
ဘလော့ဂ်မှာ တင်ထားတဲ့ ခြင်္သေ့အို ပုံတွေကိုဖြုတ်လိုက်ပါ၊ ဒီထက်ရဲရဲရင့်ရင့် စူးရှထက်မြတ်ပြီး အသက်ဝင်တဲ့ ကေသရာဇာအမည်ခံထိုက်တဲ့ ခြင်္သေ့ပုံတွေကို တင်စမ်းပါဗျာ။

Anonymous said...

ရန်သူကိုနိုင်အောင်တိုက်? အမေရိကန်မှာ နေပြီး တိုက်မှာလား ကောင်းပါတယ်...။

Unknown said...

ကိုမိုးသီး ရဲ့တင်ပြထားချက်ကိုအပြည့်အ၀ထောက်ခံပါတယ်
ဘာကြောင့်လဲပြောရင် ကျမတို့ တွေထဲ မှာ အချင်းချင်းပဲ
ဆိုတဲ့ စကားလုံးရှိနေတုန်းပါ ။ စစ်အုပ်စုနဲ့ကျမတို့ ကြားမှာ
ဘယ်လိုမှ အချင်းချင်း လို့ ပြောနိုင်စရာမရှိခဲ့တာကြောင့် ဒီ
ရည်ရွယ်ချက်တူကိုအတူ စရပ်တည်မိသူခြင်း ဟာ ရန်သူမှ
မဟုတ်တာ - အမြင်တွေ သဘောထားတွေ အပြင် တည်ရှိ
နေမှုနေပါကွဲလွှဲနေပေမဲ့ တွေ့ ဆုံဆွေးနွေး ရင်းနှီးနှီးဆက်
ဆံနေမှုဟာ သိတ်ကောင်းမြတ်ပါတယ် ။ နိုင်ငံရေးပေါင်း
စပ် လုပ်လို့ ရမှမဟုတ်ပါဘူး လူမှုရေးအနေနဲ့ တွေ့ဆုံစကား
ပြောနေမှု ၇ှိကိုရှိနေရမှာပါ ။ ဒါ့ကြောင့် ယုံကြည်ပါတယ် ။
ပတ္တမြားရွှေဂူ ကဗျာထဲကစာသားလိုပဲကျမတို့  ကျင့်ကြရင် ရွှေလရောင် ပြောင်မပျက်ကယ်ထွန်းလျက်ပင်သာ -- ဖြစ်နေရမှာပါ ။

မေအိခင်(လယ်ဝေး) said...

ကိုမိုးသီး ရဲ့တင်ပြထားချက်ကိုအပြည့်အ၀ထောက်ခံပါတယ်
ဘာကြောင့်လဲပြောရင် ကျမတို့ တွေထဲ မှာ အချင်းချင်းပဲ
ဆိုတဲ့ စကားလုံးရှိနေတုန်းပါ ။ စစ်အုပ်စုနဲ့ကျမတို့ ကြားမှာ
ဘယ်လိုမှ အချင်းချင်း လို့ ပြောနိုင်စရာမရှိခဲ့တာကြောင့် ဒီ
ရည်ရွယ်ချက်တူကိုအတူ စရပ်တည်မိသူခြင်း ဟာ ရန်သူမှ
မဟုတ်တာ - အမြင်တွေ သဘောထားတွေ အပြင် တည်ရှိ
နေမှုနေပါကွဲလွှဲနေပေမဲ့ တွေ့ ဆုံဆွေးနွေး ရင်းနှီးနှီးဆက်
ဆံနေမှုဟာ သိတ်ကောင်းမြတ်ပါတယ် ။ နိုင်ငံရေးပေါင်း
စပ် လုပ်လို့ ရမှမဟုတ်ပါဘူး လူမှုရေးအနေနဲ့ တွေ့ဆုံစကား
ပြောနေမှု ၇ှိကိုရှိနေရမှာပါ ။ ဒါ့ကြောင့် ယုံကြည်ပါတယ် ။
ပတ္တမြားရွှေဂူ ကဗျာထဲကစာသားလိုပဲကျမတို့  ကျင့်ကြရင် ရွှေလရောင် ပြောင်မပျက်ကယ်ထွန်းလျက်ပင်သာ -- ဖြစ်နေရမှာပါ ။

Anonymous said...

ကိုမိုးသီး ရဲ့တင်ပြထားချက်ကိုအပြည့်အ၀ထောက်ခံပါတယ်
ဘာကြောင့်လဲပြောရင် ကျမတို့ တွေထဲ မှာ အချင်းချင်းပဲ
ဆိုတဲ့ စကားလုံးရှိနေတုန်းပါ ။ စစ်အုပ်စုနဲ့ကျမတို့ ကြားမှာ
ဘယ်လိုမှ အချင်းချင်း လို့ ပြောနိုင်စရာမရှိခဲ့တာကြောင့် ဒီ
ရည်ရွယ်ချက်တူကိုအတူ စရပ်တည်မိသူခြင်း ဟာ ရန်သူမှ
မဟုတ်တာ - အမြင်တွေ သဘောထားတွေ အပြင် တည်ရှိ
နေမှုနေပါကွဲလွှဲနေပေမဲ့ တွေ့ ဆုံဆွေးနွေး ရင်းနှီးနှီးဆက်
ဆံနေမှုဟာ သိတ်ကောင်းမြတ်ပါတယ် ။ နိုင်ငံရေးပေါင်း
စပ် လုပ်လို့ ရမှမဟုတ်ပါဘူး လူမှုရေးအနေနဲ့ တွေ့ဆုံစကား
ပြောနေမှု ၇ှိကိုရှိနေရမှာပါ ။ ဒါ့ကြောင့် ယုံကြည်ပါတယ် ။
ပတ္တမြားရွှေဂူ ကဗျာထဲကစာသားလိုပဲကျမတို့  ကျင့်ကြရင် ရွှေလရောင် ပြောင်မပျက်ကယ်ထွန်းလျက်ပင်သာ -- ဖြစ်နေရမှာပါ ။
မေအိခင် (လယ်ဝေး)

Anonymous said...

ok! Ko Moe Thee,can i ask you one thing? You all said Students and Political Leaders must engage with Military Leaders who want Peace and Development for Burma, don't want Stupid Military Junta's Leadership.Then, how will you arrange or support for those Soldiers who want to cooperate with you all? How is your way? How will you all do or continue?

Anonymous said...

ကိုမိုးသီး
ခင်များဘာလုပ်လုပ် ကောင်းပါတယ်..ဘာလို့လဲဆိုတော့ ခင်များက အချောင်သမား စာရင်းမ၀င်သေးဘူး...၀င်မယ်လို့လဲ မထင်ဘူး...။ခင်များကံကောင်းမှာပါ တိုင်းပြည်ကိုချစ်တဲ့အတွက်..
Good Luck

ရှင်မင်း said...

ရွာစားရေ...
အပြောလေးတွေအသာထား...
အလုပ်နဲ့ သက်သေ ပြရအောင်လားဗျို့။
တစ်ယူဇနာလောက်ကနေ လက်သီးလက်မောင်တန်းပြီး သူရဲကောင်းလုပ် နေသူတွေကို တစ်ပါတည်း အပါ ခေါ်ပြီး ပြည်တွင်းကို ပြန်လာခဲ့ပါ။ ကျွန်တော်တို့ ပြည်သူတွေမှာ ၂၀၁၀ ကို ရင်ဆိုင်ကြဖို့ ခေါင်းဆောင်တွေ လိုနေပါတယ်။ကြိုဆိုပါရစေ။

အိုးဝေအောင် said...

to blogger,
ရေးထားတဲ့နာမည်တွေထဲမှာ..
(မဥမ္မာ၊ကိုဌေးအောင်၊ကိုတင်အေး၊ကိုငွေလင်း၊
ကိုမောင်မောင်ကျော်၊ကိုနိင်အောင်၊ ကိုမိုးသီး၊ ကိုအော်ကျော်ဦး၊ ကိုနေနွယ် ၊ကိုသောင်းထွန်း )..
သတ်ပုံတခု မှားနေတယ်။အောင်ကျော်ဦးကို အော်ကျော်ဦးလို့ မှားရေးထားတော့ အဓိပ္ပါယ်တမျိုးဖြစ်သွားတယ်။
ဒါနဲ့စကားမစပ်.. အမေရိက၊ဟာဝိုင်ယီပြည်နယ်၊ဟိုနိုလူလူမြို့မှာ နိုင်ငံရေး မလုပ်တော့ဘဲ မိသားစုဘဝ တိုးတက်ရေးလုပ်နေတဲ့ ကိုကျော်စွာ(ကိုမောင်မောင်ကျော်ကြီး)ကို ဒီနေရာ ဒီဓါတ်ပုံထဲမှာ ဝဝဖြိုးဖြိုး ဆံပင်ရှည်ရှည် ညှင်းသိုးသိုးကြီးနဲ့တွေ့လိုက်ရတော့ သိပ်အံ့အားသင့်သွားတယ်။တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ၂၀၁၀ မှာ နိုင်ငံရေးပြန်လုပ်ဖို့ ဆံပင်ရှည် ပြန်ထားထားတာဖြစ်နိုင်တယ်။သူ နိုင်ငံရေးလုပ်တော့မယ်ဆိုရင် ဆံပင်ရှည်နဲ့လုပ်တတ်တယ်လို့ အတွင်းသိတွေကတဆင့်
ကြားသိမှတ်ခဲ့ရတယ်။ဟုတ် မဟုတ် စောင့်ကြည့်ရမှာပဲ။
ကျနော်နဲ့ ၁၉၈၉က သာယာဝတီထောင်ထဲမှာ သူ အချုပ်သားအဖြစ် အချုပ်ဆောင်ကို ရောက်လာတော့ ဆံပင်ရှည်နဲ့။အပြင်မှာ ပြန်တွေ့တော့ ဆံပင်တိုနဲ့။
တခါ ၂၀၀၅ခုနှစ်မှာ ဟာဝိုင်အီမှာ ပြန်တွေ့တော့ ဆံပင်တိုနဲ့။ဘယ်အချိန် စကားပြောပြော ပြုံးရယ်ပြီး နေတတ်တဲ့ သူ့စတိုင်ကတော့ ဒီအတိုင်းပါပဲ။ဆံရှည်နဲ့
ကိုကျော်ကြီးကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပြန်တွေ့ရတာ သိပ် ဝမ်းသာတယ်။ ကိုကြီးကျော်စတိုင်နဲ့ မူးလဲမူးတယ်
ထူးလဲထူးတယ် ဒို့ ကိုကြီးကျော် အဖြစ်မျိုးတော့ မမြင်မတွေ့ ပါရစေနဲ့။ လူဆိုတာ ရိုးရိုးဝလာတာ ရှိသလို ..အသောက်များလို့ ဖော လာနေတာကို ဝလာတာလို့ ရောချလို့ မရဘူးနော်။(ရေရောမချရင် အသေစောလှချည့်ရဲ့လို့ ကျန်ရစ်သူ ဆရာမကြီး မညည်းနဲ့နော့..)(အဲ အဲ စကားကောင်းပြောနေရင်း မဲဆောက်အရက်သမားတွေဆီ စိတ်ရောက်သွားတယ်..ဘွာတေး..)