Friday, 19 February 2010

Burma VJ ၂၀၁၀ ခုနှစ် အကောင်းဆုံးမှတ်တမ်းတင်ကားဆု ရရှိရေး လှုပ်ရှားမှု

( နယူးယောက်သတင်းထောက်တဦးမှ ပေးပို့သည် )


Burma VJ မှတ်တမ်းတင်ကား

ဒီကနေ့ည နယူးယောက်မြို့ရှိ ကမ္ဘာ့နာမည်ကြီး အနုပညာပြတိုက်တစ်ခုဖြစ်တဲ့
Museum of Modern Art (MoMA) မှာ ၂၀၁၀ ခုနှစ် အကောင်းဆုံး မှတ်တမ်းတင်ကား
အော်စကာဆု စကာတင်ရွေးချယ်ခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်က
ဖြစ်ပွါးခဲ့တဲ့ ရွှေဝာရောင်တော်လှန်ရေးကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့
Burma VJ ရုပ်ရှင်ကားကို ပြသခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ
နယူးယောက်မြို့မှာရှိနေတဲ့ အရေးပါလှတဲ့ အနုပညာအသိုင်းအဝန်းကို Burma VJ
ရုပ်ရှင်ကားအတွက် အမေရိကန်နိုင်ငံ ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Oscilloscope
က ဖိတ်ခေါ်ပြသတာဖြစ်ပြီး ရုံအပြည့် လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိပါတယ်။

ရုပ်ရှင်မပြခင်မှာ ဒါရိုက်တာဖြစ်တဲ့ Anders Ostergaard က ထုပ်လုပ်သူ
Lise-Lense Møller နဲ့အတူ ရွှေဝါရောင်လှုပ်ရှားမှုမှာ ထိပ်ဆုံးကနေ
ဦးဆောင်ပာဝင်ခဲ့တဲ့ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးဃောသိတ တို့က Burma VJ ကို
မိတ်ဆက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရုပ်ရှင်ပြသပွဲအပြီးမှာတော့
လာရောက်ကြည့်ရှုသူတွေကို နယူးယောက်မြို့ မန်ဟန်တန်မြို့လယ်ရှိ နာမည်ကြီး
စားသောက်ဆိုင်တစ်ခုမှာ ဖတ်ခေါ်ကျွေးမွေးပြီး Burma VJ ဒါရိုက်တာ၊
ထုတ်လုပ်သူ၊ ဖြန့်ချိသူတွေနဲ့အတူ ဦးဃောသိတလည်း နယူးယောက်မြို့နေ
သရုပ်ဆောင်တွေ၊ ဒာရိုက်တာတွေ၊ အနုပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကို
မိတ်ဆုံစကားပြောကြားပြီး ရွှေဝါရောင်တော်လှန်းရေးအလွန် မြန်မာနိုင်ငံရဲ့
လက်ရှိအခြေအနေမေးမြန်း လျှောက်ထားချက်တွေကို ခင်မင်ရင်းနှီးစွာ ဖြေကြားပေးခဲ့ပါတယ်။



ဖေဖဝါရီလ ၁၆ ရက်နေ့ကလည်း Burma VJ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့
ဖြန့်ချိသူတွေနဲ့အတူ ဦးဃောသိတဟာ ၂၀၁၀ ခုနှစ် အော်စကာဆု
စကာတင်ရွေးချယ်ခံရသူတွေရဲ့ မိတ်ဆုံ နေ့လည်စာစားပွဲကိုလည်း
ကမ္ဘာ့ရုပ်ရှင်မြို့တော်ကြီးဖြစ်တဲ့ လော့စ်အိန်းဂျယ်လိစ် မြို့ရှိ
ဘေဗာလီဟေလ်တန်ဟိုတယ်လ်မှာ နာမည်ကြီးထင်ရှားသူတွေဖြစ်တဲ့ ဂျော့ဂ်ျကလူနီ၊ မရယ်စတရစ်၊
ကွယ်ရန်တရန်တီနိုတို့အပါအဝင် ရုပ်ရှင်အသိုင်းအဝန်းမှ ဧည့်သည် ၁၂၀
ကျော်တို့နဲ့အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရေးရာ လျှောက်ထားချက်တွေကို
ဖြေကြားပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွေမှာ ဦးဃောသိတက Burma VJ
ရုပ်ရှင်ရဲ့ အောင်မြင်မှုဟာ မြန်မာတစ်နိုင်ငံထဲသာမက တကမ္ဘာလုံးမှာရှိတဲ့
အဖိအနှိပ်ခံလူသားတွေကို ကိုယ်စားပြုတာဖြစ်လို့ ယခုနှစ်
အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းတင်ကားဆု ရသင့်တယ်လို့
ပြောကြားခဲ့ကြာင်း သိရပါတယ်။



၂၀၁၀ ခုနှစ် မှတ်တမ်းတင်ရုပ်ရှင်ကားတွေ အော်စကာရနိုင်ရေးအတွက်
အများပြည်သူထံမှ အင်တာနက်ပေါ်က မဲဆန္ဒကောက်ယူမှုတစ်ခုကိုလည်း
http://documentaries.about.com/b/2010/02/06/opinion-poll-which-documentary-will-win-the-oscar.htmမှာ ကောက်ခံလျှက်ရှိပြီး Burma VJ ရုပ်ရှင် အော်စကာဆုရနိုင်ရေးအတွက်
တဖက်တကမ်းမှ မဲပေးပြီး ကူညီပေးနိုင်ကြောင်းလည်း သိရှိရပါတယ်။

( နယူးယောက်သတင်းထောက်တဦးမှ ပေးပို့သည် )

No comments :