Thursday, 4 February 2010

Hip-pop Monk in Japan by CNN



 ဂျပန်မှာ ဗုဒ္ဓဘာသာအခြေအနေမကောင်းဘူး။ ဒါကိုစိုးရိမ်တဲ့ ဦးဇင်း ဟက်ပီးက သူနည်းသူဟန်နဲ့  ဗုဒ္ဓဘာသာကို သစ်ဆန်းတယ်။ လူထုနဲ့ထိစပ်အောင်လုပ်တယ်။ လူထုခံစားချက် လူထု လက်တွေဘ၀ထဲကိုကွင်းဆင်တယ်။  ဒါကတော့ လူငယ်တွေနဲ့ ထိစပ်အောင် ဟစ်ပေါ့ကိုကိုယ်တိုင် သီဆိုလိုက်ခြင်းပဲဖြစ်တယ်။ လူတွေက အရက်ဘားတွေမှာခေါင်းနစ်ထားတာကိုသူမကြိုက်ဘူး။ ဒီတော့အရက်ဘားဖွင့်ပြီး အရက်ရောင်းတယ်။ အရက်ခွက်ကိုချပေးတိုင်း ငရဲကိုသွားမဲ့အရက် သောက်ပေတော့ လို့  ဆုံးမလိုက်တယ်။ နောက်ပြီးတော့ ရိုးရာဘုရားစာတွေကခက်တယ်လူငယ်တွေနားမလည်ဘူး။ ဒီတော့အလွယ်နည်းနဲ့သူကတရားဟောပါသတဲ့။  သူကြောင့်လူငယ်တွေ ဗုဒ္ဓဘာသာကို ပြန်လည်စိတ်ဝင်စားလာတယ်။  အဟံဘန်းဒေသိသရေန ဆိုတဲ့ပျင်းစရာကောင်းတဲ့ အသံနဲ့မစဘူး ။ အဟန်ဘန်းဒေကို ဟစ်ပေါနဲ့ စဖွင့်တယ်။ တီထွင်ရဲတယ်။  သူရဲ့ လူသားဆန်တဲ့ ချဉ်ကပ်မှုကြောင့် ဘုန်းကြီးကျောင်းကိုလူငယ်တွေစိတ်ဝင်စားလာတယ်။   ဂျပန်တွေရဲ့  ကောင်းတာတခုကတော့ ဒီဘုန်းတော်ကြီးရဲ့ တီထွင်မှုကိုမရှုတ်ချ ကြဘူး။   တခြားဘုန်းကြီးကျောင်းတွေကလည်း ဘယ်လိုလဲကိုယ်တော် တပည့်တော်တို့ ကိုပြစ်မထားနဲ့ နည်းပေးပါဦးလို့ အီးမေးလ်ကနေတောင်းခံလာတယ်ဆိုပဲ။  ဗုဒ္ဓသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင်တော့ ဒီကိုယ်တော်ကို
အသုံးချ ဗုဒ္ဓ ဘာသာ ( Apply Buddhisim )  ထုးချွန်မှုနဲ့  ဆုချမှာသေချာတယ်။

11 comments :

KO KO said...

ဗုဒ္ဓတရားတော်ကို သီချင်းလိုဆို၍ လူငယ်များကိုစိတ်ဝင်စားလာစေသည်ကို မပြောလိုသော်လည်း
ဘားဖွင့်၍ အရက်ရောင်းတာကတော့ ဗုဒ္ဓဘာသာရဲ့အခြေခံ ငါးပါးသီလကို ချိုးဖောက်စေလို့ ငရဲရစေပါတယ်။
ဆောင်းပါးရှင်ရဲ့ "ဗုဒ္ဓသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင်တော့ ဒီကိုယ်တော်ကို
အသုံးချ ဗုဒ္ဓ ဘာသာ ( Apply Buddhisim ) ထုးချွန်မှုနဲ့  ဆုချမှာသေချာတယ်။" ကလွဲနေပါတယ်။
ဗုဒ္ဓဘာသာရဲ့အခြေခံ ငါးပါးသီလကို ချိုးဖောက်စေလို့ ရှုံ့ချမှာသေချာပါတယ်။

Anonymous said...

ဆိုးလိုက်တဲ့ပို့စ်
စာတကြောင်း စာလုံးတလုံး ကို အတုယူ မှားသွားစေတယ် ဆိုတဲ့စေတနာ..
စာဖတ်သူ တွေ အပေါ်တကယ် စေတနာ ရှိတယ် ဆိုရင် အရေးအသား ဆင်ခြင်သင့် တယ်..
နုနယ် တဲ့ လူငယ် တွေ စိတ်ကူး တွေ လုပ်ရပ် တွေ မှားသွားနိုင် တယ် ဆိုတာ သတိပြုပါ။

မောင်ချမ်းငြိမ်း said...

this is not Buddhism. I'm 21. I live in the United States. I worship Buddha everynight and every morning. what i pictured peacefulness is not this. im not impressed nor interested in going to that kind of place. this is wrong.

အရှင်ဝရသာမိ said...

"ဗုဒ္ဓသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင်တော့ ဒီကိုယ်တော်ကို
အသုံးချ ဗုဒ္ဓ ဘာသာ ( Apply Buddhisim ) ထုးချွန်မှုနဲ့  ဆုချမှာသေချာတယ်။"

ဗုဒ္ဓသာ ရှိရင် ထူးချွန်ဆုပေးမှာ သေချာလောက်တယ်
မောဃပုရိသ-အချည်းနှီးယောက်ျား၊(အလကားကောင်)
တု စ္ဆ- အနှစ်မဲ့တဲ့ ယောကျော်း၊
မဟာစောရ-ဗုဒ္ဓကို ပုန်ကန်သူ သူပုန်ကြီး
ဂေါသီလ,ဂေါဝတ,မိစ္ဆာတပ,မာယာတပ-စတဲ့
ဘွဲ့တွေ တသီကြီးပေးပြီး ဆုချလိမ့်မယ်။

နုနယ်တဲ့ လူငယ်တွေကို အတုယူမှားအောင်
ရေးသားသူ ပို့စ်ပိုင်ရှင်ကိုပါ ဦးဇင်းက
ဗုဒ္ဓကိုယ်စား ချီးမြင့်ခဲ့မယ် မြတ်ဗုဒ္ဓအမြတ်နိုးဆုံး သုံးတတ်တဲ့ စကားလုံးလေးပေါ့
မောဃပုရိသ-အလကားလူ
တုစ္ဆ-အနှစ်မဲ့တဲ့ ယောကျော်း၊
နောက်ထပ် လိုချင်သေးတယ် ဆိုရင် လာပြီးချီးမြင့်ပါအုံးမယ်

Anonymous said...

ပြဿနာရှာ ဖွပြန်ပြီ။

Anonymous said...

မင်းဟာဗုဒ္ဓဘာသာကို သာမန်မျှလောက်တောင် ယုံကည်မှုမ၇ှိတာသိသာပါတယ်။ ကောင်းတာက ဗုဒ္ဓဘာသာနဲ့ ပါတ်သတ်ပီး အဆိုးေ၇ာအကောင်းေ၇ာ ဘာမှ မေ၇းတာကောင်းပါတယ်။

ကိုဦး(ထားဝယ်) said...

ဗုဒ္ဓမြတ်စွာဘုရား ချမှတ်တော်မူထားတဲ့
ဝိနည်းတော်များကို မလေးစားတော့တဲ့
သဘောလား..

သီဟ said...

အရှင်ဝရသာမိဘုရား။ သာဓု သာဓု သာဓုပါဘုရား။ ထိရောက်မှန်ကန်လှပါတယ်။.

မောဃပုရိသ-အလကားလူ
တုစ္ဆ-အနှစ်မဲ့တဲ့ ယောကျော်း၊

ထိုက်တန်လှတဲ့ ဘွဲ့မည်တွေပါပဲ။ ဒါပေမယ့် ဒီပို့စ် ရေးသူနဲ့ မထိုက်တန်သေးပါဘူး။

တပည့်တော် ထပ်ချီးမြှင့်ပါရစေ။

တဏှာရူး၊ သာသနာဖျက်
ကာမအိုး
သာသနာကို စောကားရမှ စားဝင်အိပ်ပျော်မယ့် ဒုဿီလ

သျှင်သာမိ - မုံရွာ said...

ဘလော့မှာ တင်ထားသော မတရားတာ တွေ့ရင် ဒါမတရားဘူးလို့ပြောပါ ဆိုတဲ့ စာကြောင်းလေးကတော့ သဘောကျစရာ ကောင်းပါပေ၏။
မှန်ပေသည် ဦးဇင်းကလည်း မတရားတာ တွေ့လျှင်
မတရားတဲ့ အကြောင်းကိုပဲ ပြောတတ်ပါသည်။
ပြောတဲ့အခါမှာ နုနုနယ်နယ် မပြောတတ် တစ်တစ်ခွခွ ပြောတတ်ပါသည်။
ထေရ၀ါဒ ကို စော်ကားလာလျင်၊ မြတ်ဗုဒ္ဓ ကိုပုန်ကန်လာလျင်၊ ဓမ္မ ကို စော်ကားလာလျင် နည်းနည်းလေးမှ သည်းမခံတတ်ချေ။
ဓမ္မကို စော်ကားလာလျင် မည့်သူ့ကိုမဆို မိမိတတ်စွမ်းသမျှ သုဓ်သင်ရပါလိမ့်မည်။

ဆောင်းပါရှင်သည်
မိမိကိုယ်တိုင်က မှိုင်းမိနေ၍ မလွန်ဆန်နိုင်ခဲ့လျှင် မိမိတစ်ယောက်ထည်းသာ မဟုတ်မမှန် အဓမ္မတရားတွေကို ကျင့်သုံးသင့်၏ သူယုတ်မာကို ပြောင်ပြောင်တင်းတင်းဖော်ပြ၍ စာဖတ်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် မလုပ်သင့်။
ခုတော့ ထိုသို့မဟုတ် မိမိသည်သာ သူယုတ်မာဝါဒကို ထောက်ခံနေသည် မဟုတ် မသိနားမလည်ကုန်သော
နုနယ်သော လူငယ်တွေရဲ့ စိတ်ဓာတ်ကိုပါ ဖျက်ဆီးဖို့
ကျိုးစားနေပေသည်။
ဘားဖွင့်၍ အရက်ရောက်တဲ့နေရာမှာ ဗုဒ္ဓရဲ့ တရားတော်ကို သီချင်းလုပ်၍ ဆိုသောပုဂ္ဂိုလ်မှာ
ဘယ်လိုပုဂ္ဂိုလ် ဖြစ်သနည်း ဆိုတာ
မြတ်ဗုဒ္ဓဟောသော တရားတော်များနှင့် နှိုင်းယှဉ်သုံးသပ်ပြရလျှင်

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။
မှားသော လွတ်မြောက်မှု့ ရှိ၏။
ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။
(အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)

ဤဒေသနာ အရ သုံးသပ်ကြည့်လျင်
ဗုဒ္ဓတရားတော်ကို သီချင်းလိုဆို၍ ဟောသော ထိုရဟန်းသည် မိစ္ဆာတပ-မိစ္ဆာအကျင့်၊ ဂေါသီလ- နွားအကျင့် တိရိစ္ဆာန် အကျင့်ကို ကျင့်သော သူယုတ်ဖြစ်ပေသည်။

ထိုသူယုတ်ကိုမှ အထင်တကြီးတလေးတစားနဲ့
ပို့စ်တင်၍ ဖြန့်ဝေနေသူမှာ မည်သို့သော ပုဂ္ဂိုလ်ဖြစ်သနည်း ဆိုတာ
မြတ်ဗုဒ္ဓဟောသော တရားတော်များနှင့် နှိုင်းယှဉ်သုံးသပ်ပြရလျှင်

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)
ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။
သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။ သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့
ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်
(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဒေသနာတော်တို့ အရကြည့်လျှင် ဤဘလော့မှ ပုဂ္ဂိုလ်များသည် မိမိတို့သည်သာ အသိဥာဏ်မဲ့ကြသည် မဟုတ် သူတစ်ပါးကိုလည်း အသိဥာဏ်မဲ့အောင် တိုက်တွန်းနေကြ၏။
ဗုဒ္ဓကို ပုန်ကန်နေသော မဟာစောရ-သူခိုးကြီးများပါတကား။
“ပါပေန ပါပတရော” ယုတ်မာသူထက် ယုတ်မာသူ၊
(၀ါ) ကမ္ဘာ့အယုတ်မာဆုံး သူယုတ်မာများပါတကား။

salai han said...

ဒီပို့စ်ကို ဖတ်ပြီး ရလာတဲ့ အသိကတော့ ဗုဒ္ဓဘာသာကို သေချာမသိပဲ ဘာမှ မရေးတာ အကောင်းဆုံးပါ။ ရေးတဲ့လူကို မေးပါရစေ။ မြန်မာပြည်မှာရော ဒီလိုလုပ်စေချင်လို့များ တိုက်တွန်းတဲ့သဘောလား။ မလုပ်ပါနဲ့ဗျာ။ တရားဓမ္မနဲ့ ဂီတ၊ အရက်ဆိုတဲ့ ကာမဂုဏ်အာရုံတွေက ဆန့်ကျင်ဖက်ပါ။ တခုက ကိလေသာငြိမ်းအောင်လုပ်ပေးတယ်။ တခုက တိုးပွားလာအောင် မီးထိုးပေးတယ်။ အပ်စပ်လို့ မရဆုံး အရာ ၂ ခုကို တွဲစပ်လို့ အဆင်မပြေနိုင်ပါဘူး။ ဒီအကျင့်သာ ကြီးထွားလာရင် ဘုန်းကြီးကျောင်းတွေဟာ သီချင်းဆိုတဲ့၊ တီးမှုတ်တဲ့ စတူဒီယိုတွေ ဖြစ်ကုန်ပြီးတော ဘုန်းကြီးတွေကလည်း အဆိုတော်တွေ၊ တေးရေးတွေ ဖြစ်ကုန်မှာပါ။ ဒါဆိုရင် ပေါ့စေလို ကြောင်ရုပ်ထိုး ဆေးကြောင့်ပိုလေး ဆိုသလို ဖြစ်နေမှာ အမှန်ပါပဲ။

Nge Naing said...

ဦးမိုးသီးဇွန်

ဒီပို့စ်ကို မဖတ်ခင် ပုံကိုကြည့်လိုက်တော့ သရော်ပြီး တင်ထားတဲ့ ပို့စ်လို့ ထင်ခဲ့တယ်။ နောက်မှ စာကို ဖတ်ကြည့်တော့ ဦးမိုးသီးဇွန်က သဘောကျပြီး တင်ထားတာ တွေ့ရလို့ ကျွန်မ တကယ်ပဲ အံ့သြခဲ့ရတယ်။ ဒီအတိုင်းဆိုရင်တော့ အပေါ်က မှတ်ချက်တွေမှာ ပြောထားတဲ့အတိုင်းပဲ ဦးမိုးသီးဇွန်ဟာ ဗုဒ္ဓဘာသာကို ဘာမှ နားမလည်ဘဲ ရေးထားတယ်ဆိတာ ကျွန်မ လက်ခံတယ်။ သာသနာရဲ့ အသက်ဟာ ၀ိနည်းဖြစ်တယ်လို့ ဘုရားဟောထားပါတယ်။ အခု ဒီအထဲက ဘုန်းကြီးက လူသာမန် တယောက်လောက်တောင် ၀ိနည်း သိက္ခာ မရှိတာကို ဦးမိုးသီးဇွန်က အားပေးထားတယ်ဆိုတော့ သာသနာ ဖျက်တာကို အားပေးနေသလို ဖြစ်နေတယ်။ ဦးမိုးသီးဇွန်က ဒါကို ကောင်းတယ်လို့ ထင်ရင်ထင်ပါ လူတယောက်ရဲ့ ထင်မြင်ယူဆချက်ကို ဘယ်သူမှ တားလို့မရပါဘူး။ ဒါပေမဲ့ မသိနားမလည်တဲ့ လူငယ်တွေ ငယ်ရွယ်တဲ့ ဘုန်းကြီးလေးတွေက အကောင်းထင်ပြီး အတုယူကာ ၀ိနည်းကျိုးမှာကို စိုးရိမ်မိလို့ ဒီလို အဓိပ္ပါယ်မရှိတဲ့ ပို့စ်တွေ မတင်ဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ ဘုရားဟာ ဓမ္မမကို လူတွေ လက်ခံဖို့အတွက် ဘယ်တုန်းကမှ ကိလေသာနဲ့ မြူဆွယ် စည်းရုံးဖို့ မဟောခဲ့ဖူးဘူးဆိုတာကိုလည်း သိစေချင်ပါတယ်။ မသိရင်လည်း မရေးတာ ကောင်းပါတယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်။