Sunday, 7 February 2010

Super Bowl : Colts vs Saints ဒီနေ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမည်


-ဖိုးထောင်-

အမေရိကန်နိုင်ငံမှာ စိတ်ဝင်စားဆုံး၊ အားပေးမှုအများဆုံး၊ လက်မှတ်ဈေးအကြီးဆုံး နှင့် ကြော်ညာခ ဈေးအကြီးဆုံး အားကစားကို ပြောပါဆိုလျင် Super Bowl လို့ခေါ်ဆိုတဲ့ အမေရိကန်ဘော်လုံးအားကစား ဗိုလ်လုပွဲကြီး လို့ပဲပြောရပေလိမ့်မည်။

၂၀၁၀ ဖေဖေါ်ဝါရီလ ၇ ရက် ဒီနေ့ ဖလော်ရီဒါပြည်နယ် မာယာမီမြို့ Sun Life ဘော်လုံးကွင်းမှာ အင်ဒီယားနား ပြည်နယ် Colts အသင်းနှင့် လူစီယားနားပြည်နယ် မှ နယူးအော်လန် Saints တို့ ၄၄ ကြိမ်မြောက် အမေရိကန်ဘော်လုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး၊ အမေရိကန်မှာလူပေါင်း သန်း ၉၀ က ရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ကြည့်ရှု့ ကြလိမ့်မယ်လို့ခန့်မှန်းထားကြတယ်။ နိုင်ငံပေါင်း ၂၀ ကျော်က သူတို့ဘာသာစကားဖြင့် ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသကြမှာဖြစ်ပြီး ကမ္ဘာ့ပရိသတ် သန်းရာနဲ့ချီ ကြည့်ရှု့ အားပေးကြမှာဖြစ်ပါတယ်။
 
 
Colts and Saints Sexy-Cheerleaders

ယှဉ်ပြိုင်ကစားကြမည့် Sun Life ဘော်လုံးကွင်းဟာ ပွဲကြည့်ပရိသတ် ၇၄,၀၀၀ လာရောက် အားပေးကြည့်ရှု့ နိုင်ပြီး၊ လတ်မှတ်တစ်စောင် ဈေးနှုန်းဟာ နေရာပေါ်မှုတည်ပြီး အမေရိကန် ဒေါ်လာ ၁၀၉၉ ကနေ ၅၆၀၀ ထိ ပေးဝယ်ခဲ့ကြရပါတယ်။ ဘော်လုံးပြိုင်ပွဲအတွင်း ပြသကြမည့် ကြော်ညာဟာ စက္ကန့် ၃၀ အတွက် အမေရိကန်ဒေါ်လာ ၃.၁ သန်း ကုန်ကျ ကြမှာဖြစ်ပြီး ၂၀၀၉ ခုနှစ်က ကြော်ညာခ အမေရိကန်ဒေါ်လာ ၂၀၆ သန်းရရှိခဲ့တယ်လို့ NBC ရုပ်မြင်သံကြား က ဖော်ပြခဲ့တယ်။ ၂၀၁၀ Super Bowl ကို CBS ရုပ်မြင်သံကြား ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပြီး၊ အမေရိကန် နှင့် ကမ္ဘာ့ နံမည်ကြီး အဆိုတော်များက အံမခန်း သီဆိုဖျော်ဖြေ တင်ဆက်ကြပါလိမ့်မယ်။

Colts နှင့် Saints သန်းနဲ့ချီ အားပေးသူတွေကတော့ ဒီနေ့ ညနေ ၆ နာရီ မှာ ကစားကြမည့် Super Bowl ပွဲကြီးကို သည်းထိတ်ရင်ဖိုစွာဖြင့် ကြည့်ရှု့ အားပေးဖို့ ပြင်ဆင်နေကြပါပြီ။

အမေရိကန်ဘော်လုံးဝါသနာအိုးများ အနေဖြင့် ဘယ်အသင်းနိုင်မလဲဆိုတာ မိမိတို့ရဲ့ ထင်မြင်ချက်များကို ပေးသွားနိုင်ပါသည်။

2 comments :

Anonymous said...

အရေးမပါတာတွေ တင်တော့ အရေးပါတာတွေ အောက်ကို မြန်မြန်ရောက်ပြီး ပျောက်ကုန်တယ်။
တော်လှန်ရေး ဖြေးဖြေးပဲလား။
မော်ဒယ်မလေး ဂျင်းနီကို ဝအောင်ထိုင်ကြည့် ပြီးမှ
အထီးမှန်း အမမှန်းမသိတဲ့ မြင်းစီးပြီး
တော်လှန်ရေးဆိုတဲ့ခရီး ဆက်မှာလား။

ဒီ blog ဟာ ကိုယ့်တိုင်ပြည်အတွက်
မျှော်လင့်ချက် တစ်ခုလို့ ယုံကြည်နေဆဲပါပဲ။

Anonymous said...

ဒီအဖြူကောင်တွေဥသျှစ်သီးလုနေတာကိုသတင်းတင်နေရအောင်မြန်မာ.တော်လှန်ရေးနဲ.ဘာများပါတ်သက်နေလို.ပါလဲ။အမေရိကန်sexy ပုံတွေကြည်.ချင်လို.ဒီဘလော.ဂ်
ကိုကြည်.တာမဟုတ်ဘူး။နိုင်ငံရေးသမားလား။သတင်း
သမားလား။ကိုယ်.ကိုယ်သိမှာပေါ့နော်။ပြည်ပကနိုင်ငံရေး
သမားအားလုံးနီးပါးဟာသတင်းသမားယောင်ယောင်ဖြစ်
သွားကြတယ်နော်ဘာလို.လဲတော.မသိဘူး