Monday, 8 March 2010

ရွေးကောက်ပွဲ ဥပေဒေထွက်လာပြီ ။

 ရွေးကောက်ပွဲဥပဒေ ထွက်ရှိပြီဖြစ်ကြောင်း စစ်အစိုးရ ၀ါဒ ဖြန့် ချီရေး ရုပ်မြင်သံကြားသတင်း မှာ ဒီနေ့ ညနေ ၄ နာရီက ကြေညာသွားပါတယ်။ မနက်ဖန် မှာ သတင်းစာတွေမှာ ပါမှာဖြစ်ပြီး စာအုပ်ကို စတင်ရောင်းချမယ်လို့ သိရပါတယ်။
ထိုကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး ဥပဒေတို့ ပါဝင်သည်။

နအဖက ဥပဒေ အမှတ် ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ရွေးကောက်ပွဲ ဥပဒေ ၅ မျိုးအတွက် ဥပဒေ ၅ ခု ထုတ်လိုက်ပြီး အသေးစိတ်ကို မနက်ဖြန် သတင်းစာများတွင် ဖော်ပြသွားမည်ဟု တပါတည်း ပြောဆိုသွားကြောင်းသိရှိရပါတယ်။

ဥပဒေမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့  ၈၈ မျိုးဆက်ခေါင်းဆောင်တွေရွေးကောက်ပွဲကို
မ၀င်နိင်အောင်လုပ်ထားမှာသေချာတယ်လို့  ပြည်တွင်းရှိ အမည်မဖေါ်လိုတဲ့  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးမှာ မှတ်ချက်ပေးပါတယ်။

No comments :