Wednesday, 10 March 2010

အော်စကာဆုနဲ့ ပတ်သက်ပြီး ကိုမိုးသီး ရဲ့  အမြင်


ကိုမင်းဇော် (အေဘီအက်စ်ဒီအက်ဖ် ) - ကိုမိုးသီးခင်ဗျား - ဘာမားဗွီဂျေ က အော်စကာ ဆု မှ အပြီးသတ်ကျမှပြုတ်သွားတယ်။ လင်းပိုင်တွေအကြောင်းမှတ်တမ်းတင်ထားတဲ့ The cove ရှပ်ရှင်က အကောင်းဆုံး ဆုအနေနဲ့  ရရှိသွားတယ်။ ဒါနဲ့ ပတ်သက်လို့  မြန်မာ့အရေးလှုပ်ရှားသူတွေကြားမှာ အားမလိုအားမရဖြစ်ကြရတယ်။ တချို့ ကလည်း သံဃာတွေ၊လူတွေသတ်ခံနေရတာထက် လင်းပိုင်တွေအသတ်ခံနေရတာ ပိုအရေးကြီးလား လူသားက အရေးမကြီးတော့ဘူးလားလို့ လည်းဆွေးနွေးကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲခင်ဗျား။

မိုးသီး- ကျနော်လည်း ဘားမာဗွီဂျေဆုရပါစေလို့ ဆုတောင်းခဲ့ပါတယ်။ အားပေးခဲ့ပါတယ်။ ဖိုင်နယ်လ်အထိပါလာတာကိုလည်း ဒိုမြန်မာပြည်လွတ်မြောက်ရေးကို နိင်ငံတကာက အားပေးနေတာကိုတွေ့ ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ လင်းပိုင်လေးတွေအကြောင်း မှတ်တမ်းတင်ထားတဲ့ The Cove ရသွားတဲ့အတွက်လည်း မုဒိတာပွားကြပါလို့တိုက်တွန်းပါရစေ။

နိင်ငံတကာရဲ့ အမြင် သို့ မဟုတ် အလေးထားမှု ( International Concern ) မှာ လင်းပိုင်ပဲဖြစ်ဖြစ်၊ဝေလငါးပဲဖြစ်ဖြစ်၊ သာရဲတိရိစ္ဆာန်တွေ စောင့်ရှောက်ရေးဟာလည်း လူအခွင့်အရေး တိုက်ပွဲ လို ပဲ အရေးကြီးရတဲ့ပြသာနာတခုလို့ ခံယူလာကြပါတယ်။ သဘာဝပတ်ဝန်းကျင်မှာ တိရိစ္တာန်တွေဟာ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ဖို့ အတွက် တိရိစ္တာန်တွေဟာ အရေးကြီးတဲ့နေရာက ပတ်သက်နေကြတယ်။ တရိစ္ဆာန်တွေဟာ ကမ္ဘာကြီးမှာနေထိုင်ခွင့်ရိရမယ်ဆိုတဲ့ အမြင်ဟာ ကျယ်ပြန့် လာတယ်။ ခိုင်မာလာတယ်။ ဒါဟာ မှန်ကန်ပါတယ်။ ထောက်ခံရမယ်။

နောက်တခုက လင်းပိုင် သို့ မဟုတ် တရိစ္ဆာန်တွေဟာ အသက်ရှင်ရပ်တည်နိင်ရေး ( Survival ) အတွက် အားနည်းချက် ( Venerable) ရှိ ကြပါတယ်။  သူတို့ အကြောင်းကို လူသားကိုယ်တိုင်ကပြောပေးမှရမယ်။
သူတို့ ကိုလူက ကယ်တင်ပေး မှရမယ်။

ကျနော်တို့ က လူသားတွေပါ။ ကျနော်တို့ ရပ်တည်နိင်ရေးအတွက် ကျနော်တို့ ရဲ့ အသိညဏ်နဲ့  လွတ်မြောက်အောင် သူတို့ ထက်ပို ပြီးဆောင်ရွက်နိင်ပါတယ်။ အားနည်းတဲ့ လင်းပိုင်တွေအတွက် အော်စကာ ဆုကို ကျနော်တို ကိုယ်တိုင် ပဲ ပေးလိုက်ကြပါစို့ လား။







4 comments :

Anonymous said...

Great answer

Anonymous said...

Thank. I like this view.

Anonymous said...

it ia a respectable attitude.

Anonymous said...

I totally agree with you.