ဒီနေ့ ညနေ ကျပ်ပြေးမှာ နှုတ်ဆက်ပွဲရှိတယ်လို့ သိရတယ်။ နှုတ်ဆက်ပွဲကတော့ ကံဆိုးသူမောင်ရှင်တွေ
ဗောင်းဘီချွတ်ပြီး ရွေးကောက်ပွဲဝင်ကြရတော့မှာ ဖြစ်ပါတယ်။ ကြပ်ပြေးက ၀န်ထမ်းတွေအလုပ်များနေကြတယ်။ ငိုပွဲကြီး ဗျ လို့ အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက ၀မ်းသာအားရ
ဆိုပါတယ်။ ဗောင်ဘီချွတ်ပြီး ပုဆိုး ၀တ်ရတော့မယ်ပွဲ ဖြစ်ပါတယ်။ မြန်မာတပ်မတော်ရဲ့ 
အစဉ်အလာအရ ဗောင်ဘီချွတ်လိုက်တာနဲ့  အာဏာ မရှိတော့ဘူးဆိုတာကို သူတို့ သိထားကြပါတယ်။
ဒါကြောင့် အိမ်သာတက်ချိန် ကလွဲလို့  ရေချိးချိန်နဲ့  ညအိပ်တဲ့အချိန်တွေ အထိ သူတို့ ဟာ ဗောင်းဘီကိုကြာကြာ မချွတ်ရဲ ကြပါဘူး။ သေချင်တဲ့ကျား တောပြောင်းသွား လို့ အချင်းချင်း နောက်နေကြတယ်လို့ သိရ ပါတယ်။
ခုတော့ ဗောင်းဘီချွတ်ဖို့  အမိန့် ကျထားတဲ့ ဗိုလ်ချုပ်တွေက ကိုယ်အသုဘ အခန်းအနားကိုယ်တက်နေရတဲ့ မျက်နာတွေနဲ့ ဖြစ်နေတယ်လို့  အတွင်းလူတယောက်က ဆိုပါတယ်။
အကျင့်ပျက် စစ်ဗိုလ်တဖြစ်လဲ ကနေ အကျင့်ပျက် နိင်ငံရေးသမား တွေ အဖြစ်
ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကို မကြာခင် နိင်ငံရေး ငွေရောင်ပိတ်ကားမှာ ရူစားရပါလိမ့်မယ်။
3 comments :
Most of the general are already millionaire. They don't really care about their trousers being took off.
They just need a visa to go to Disneyland. Remember whoever win a tournament must go to Disneyland and whoever lose a tournament must go to Jail!
တရာမျှတမှု့မရှိတဲ့..ရွှေးကောက်ပွဲက..တင်
မြှောက်လိုက်တဲ့..မတရားတဲ့..အစိုးရကို
ဘယ်အစိုးရ...ဘယ်လူမျိုးက..မှအသိအမှတ်
မပြုဘူး...မယုံရင်စောင့်ကြည့်..
စစ်အစိုးရ..ကနေ..အာဏာရှင်အစိုးရ
ဘဲဖြစ်မှာ..
မိုးဟေကို
ညလေးပြောတာမှန်တယ်..မှန်တဲ့အတွက် ညလေးက တမှတ်..ကိုကို လိုးရှင်းလိမ်းပေးမယ်
Post a Comment