Monday, 29 March 2010

သူသေကိုယ်ရှင် တိုက်ပွဲဝင်သံချပ်များ

စစ်အာဏာရှင်စနစ်ကြီးစိုးနေသမျှ လူ့ဂုဏ်သိက္ခာပြည့်ပြည့်ဝဝနဲ့ လူတန်းစေ့နေနိုင်ရေးဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်ရလို ဖြစ်နေအုံးမှာပါ။ ဒီ အနိဋ္ဌာရုံတွေဟာ အတာရေနဲ့ဆေးကြောလို့လဲ ကွယ်ပြောက်သွားမယ့် အရာတွေမဟုတ်ပါဘူး။ အခုဆိုရင် စစ်အဏာရှင်စနစ်ကို ဆက်ဆိုးရှည်စေမယ့် စစ်ဖွဲ့စည်းပုံကို အဓမ္မအတည်ပြု ခဲ့သလို စစ်အုပ်စုက အနှစ်နှစ်ဆယ်ကြာ ဗြဟ္မာကြီးဦးခေါင်းကို လက်ကိုင်ထားသလိုဖြစ်နေတဲ့ ၁၉၉၀ ပြည် ရွေးကောက်ပွဲရလာဒ်ကို မျက်ကွယ်ပြုပြီး လူထုတရပ်လုံးကို အဆုံးစွန်စိန်ခေါ်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေ လည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီစစ်ဖွဲ့စည်းပုံအရပေါ်ထွက်လာမယ့် စစ်ဗိုလ်တမတ်သား ပါလီမန်ဟာလည်း စိတ်တော်သိပေါင်းတော်ညိမ့်ရမယ့် ရုပ်သေးပါလီမန်မျှသာဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး... ဒီပုံအတိုင်းသာဆက်သွားမယ်ဆိုရင် မြန်မာပြည်ဟာ စစ်ကျွန်ဘဝက ဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ဒီလို စစ်ကျွန်ဘဝကရုန်းထွက်ပြီး...... အပြည့်အစုံသို့

No comments :