Wednesday, 24 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များသို့ အိပ်ဖွင့်ပေးစာ


အဖွဲ့ ချုပ်ခေါင်းဆောင်များသိသာစေရန်မှာ မိမိတို့ သည်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ရပ်တည်ချက် ဆုံးဖြတ်ချက်မှန်ကန်လိမ့် မည်ဟု ယုံကြည်ထားခဲ့ပါသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်းသစ္စာရှိလိမ့်မည်ဟုယုံကြည်ခဲ့ပါသည်။နှစ်ပေါင်းနှစ်ဆယ်ကျော်လုံးလုံးNLDအပေါ်အားမလိုအားမရဖြစ်ခဲ့သည်မှလွှဲ၍NLD ပါတီ အနေနှင့်ပြည်သူလူထုအပေါ်သစ္စာဖောက်သည့်လုပ်ရပ် မလုပ်ဟုလည်းယုံကြည်ခဲ့ပါသည်။။

အကယ်၍ပါတီခေါင်းဆောင်များမှ မဲခွဲဆုံးဖြတ်ခြင်းဖြင့်အများစုအရည်အတွက်နှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲအားမှတ်ပုံတင်မည်ဆိုလျှင် ပါတီအပေါ်သစ္စာရှိရှိနှင့်အနစ်နာခံပေးဆပ်နေသော ထောင်တွင်း၇ှိ NLD အလုံးစုံအား ပါတီခေါင်းဆောင်များက သတ်ပစ်သည် ဟုပင် မိမိ တို့ ခံစားနားလည်ပါသည်။။

အကယ်၍ရွေးကောက်ပွဲဝင်ခဲ့လျှင်အမျိုးသားဒီမိုကရေစီအဖွဲ ချုပ်၏ အသက်သွေးကြောဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ်ပါတီခေါင်းဆောင်များထားသည့်စိတ်ထားမှာဗိုလ်ချုပ်အောင်ဆန်း
အားဂဌုန်ဦးစောသတ်သလိုလုပ်ကြံသတ်ဖြတ်သကဲ့သို့ မိမိတို့ ခံစားနားလည်ပါသည်။။
အကယ်၍အဖွဲ့ ချုပ် မှ ရွေးကောက်ပွဲကို စမ်းသပ်သည့်နည်းနှင့် ၀င်ရောက်ခဲ့လျှင် စစ်အုပ်စု၏
အမျိုးသားညီလာခံတက်ပြီးမှ ပြန်လည်လှည့်ပြန်လာသောအမတ်များနည်းတူ ဆုံးရှုံးမှု နှင့်သာ
ရင်ဆိုင်ရမည်ဖြစ်သည်။

NLD ပါတီသည်တိုင်းပြည်နှင့် အ၀ှမ်း ကမ္ဘာနှင့် အ၀ှမ်း အာဏာရှင်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သော
ဂုဏ်သိက္ခါအားစစ်အုပ်စု၏ အာဏာစက်အောက်တွင် အကျရှုံးမခံသင့်ဟုမိမိတို့ မှအကြံပြုလိုပါသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲ ဥပဒေသည် လူထုခေါင်းဆောင်တစ်ဦးတစ်ယောက်အပေါ်ဦးတည်
ကန့် သတ်ထားသည့်အပြင် ၁၉၈၈ ရဟန်း ရှင် လူတို့ အသက်သွေးပေးခဲ့ရသည့် တော်လှန်ရေး အသီးအပွင့်များကိုလည်းကောင်း၊ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် ပြည်သူလူထု ၏တစ်ခဲနက်ထောက်ခံမှုရရှိခဲ့သည့်ပြည်သူ့ ဆန္ဒများကိုလည်းကောင်း၊ကျောင်း

သားထု၊အလုပ်သမားထ၊ုပြည်သူလူထုတစ်ရပ်လုံးကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်
သည့် ဥပဒေတစ်ရပ်ဖြစ်နေသည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များပင်
မဆိုထားနှင့်သာမာန်အရပ်သားပင်လျှင် မခံမရပ်နိုင်ရှိနေသည်ကို သိသိ နှင့်ရွေးကောက်ပွဲအားပါဝင်ပတ်သတ်လို သည့် ဆန္ဒနှင့်သဘောထားများဖြစ်ပေါ်လာကြခြင်းမှာ စစ်အုပ်စုနှင့် မခြား အာဏာကို အာသာငမ်းငမ်းမျော်မှန်းကြသူများ၏စဉ်းစားချက် များသာဖြစ်သည်။

သို့ အတွက်ကြောင့် မိမိတို့ သည်တော်လှန်ရေးသစ္စာဖြင့် တိုက်တွန်းလို သည်မှာ မိမိတို့ လက်နှင့် မိမိတို့ ခေါင်းဆောင် “ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်”ကို မသတ်မိစေရန် ရွေးကောက်ပွဲအားပြတ်ပြတ်သားသားဆန့် ကျင်ရန်လိုအပ်ပါသည်။။

တိုင်းပြည်နှင့်လူမျိုးအပေါ်ပြည်သူလူထုအပေါ်သစ္စာရှိရန်မှာရဲရဲဝံ့ဝံ့ရင်ဆိုင်၍ အာဏာရှင်အယူအဆ မှန်သမျှကို ဆန့် ကျင်ရမည်ဖြစ်သည်။အကယ်၍ လူထုခေါင်းဆောင်အားမျက်ကွယ်ပြု၍ ပါတီဗဟိုမှ တစ်ချို့ ပုဂ္ဂိုလ်များရွေးကောက်ပွဲ နှင့်ပတ်သတ်သွားမည်ဆိုလျှင် မိမိတို့ မှ မိမိတို့  ဘ၀ နှင့် အသက်နှင့် ရင်း၍ ရပ်တည်ခဲ့ရသောတော်လှန်ရေးခံယူချက်အပေါ် သစ္စာထား၍ မှတ်ပုံတင်သူများကို နည်းပေါင်းစုံနှင့် ဆန့့်ကျင်သွားပြီး တော်လှန်ရေးသစ္စာဖောက် များအဖြစ်သတ်မှတ်ကြေညာ၍ သမိုင်းတရားခံ အဖြစ်သတ်မှတ်သွားမည်ဖြစ်သည်။

Movement Watchdog
20-3-2010

----------------
  Watchdog  မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ ဆီနီယာ အဖွဲ့ ဝင်တဦးဖြစ်ပါတယ်။

No comments :