Monday, 29 March 2010

ဦးအောင်ရွှေ ရဲ့  လုပ်ရပ်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွက်သေရေးရှင်ရေး အခြေအနေ တွင် ဦးအောင်ရွှေ အစည်းဝေးသို့ မလာနိင်ခဲ့ပါ။ ၂၀၀၈ နာဂစ်မုန်တိုင်း ဖြစ်စဉ်က ပြည်သူ ၈သောင်းနီးပါး သေဆုံးပြီး သန်းနဲ့ ချီဒုက္ခ ရောက်စဉ် က လည်း ဦးအောင်ရွှေ အေရာဝတီတိုင်းသို့ မသွားခဲ့ပါ။

6 comments :

Anonymous said...

ဒီအချိန်မှာ ဦးအောင်ရွှေကို တိုက်ခိုက်နေတာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုရှိနေလို့လား။
ကိုမိုးသီး ခင်ဗျားလည်း ခင်ဗျားကို ပက်ပက်စက်စက် ညစ်ညစ်ညမ်းညမ်း ဝိုင်းဆဲနေတဲ့ ခင်ဗျားရဲ့ အပေါင်းအသင်းဟောင်းတွေနဲ့ ထူးမခြားနားပဲလား။
မယောင်ရာ ဆီလူးနေတာနဲ့ တိုင်းပြည်အရေးက ဘေးရောက်ရောက်သွားတယ်။

Anonymous said...

This comment is very good comment for this time.

Anonymous said...

I agree, this post is too childish and does not sound like coming from experienced politician.

Always said...

တော်လှန်ရေးသမားဆိုတာက တော်လှန်ရေးစာမျက်နှာ တခုဘဲ ဖတ်တယ်။ ငါ့နှမ၊ ငါ့ညီ၊ ငါ့မိဘ မကြည့်ဘူး၊ တတိုင်းတပြည်လုံးအတွက်ကြည့်တယ်။ အဲဒါဟာ ၈၈ ကျောင်းသား တော်လှန်ရေးသမား တယောက်ရဲ့ ခံယူချက်၊ ယုံကြည်ချက် ဖြစ်တယ်။

Anonymous said...

NLD အပေါ်မှာ အပြုသဘောနဲ့သာဝေဖန်တာကို
လက်ခံပေမယ့် ပုဂ္ဂိုလ်ရေးအရ....ခုလိုပြော
နေတာတွေက..အများအမြင်မှာ..မသင့်တော်ပါ။

ကိုသန်း said...

ဟုက်တယ်ဗျို့။ အပေါ်ကပေးထားတဲ့ကွန်မန့်ကို ထောက်ခံတယ်။ ဖြစ်နိုင်ရင် ပထမဆုံးအာဏာသိမ်းဖို့ဘိုနေဝင်းကို တိုက်တွန်းခဲ့တာတွေပါ တင်ထားစရာမလိုပါတော့ပါဘူးဗျာ။ သမိုင်းမှန်းဖော်ထုတ်တယ်ဆိုရင်လဲ ဘာကြောင့်ဒီလိုတိုက်တွန်းကြတယ်ဆိုတာကိုပါ ပြည့်ပြည့်စုံစုံဆောင်းးပါးရေးပြီးတင်ချင်လဲတင်ပေါ့ဗျာ။ ဦးအောင်ရွှေ တကဲ့အစည်းအဝေးကျမှမလာနိုင်တာကို ကျွန်တော်လဲအမြင်မကြည်ပါဘူး။ ဒါပေမယ့်သူ့အသက်အရွယ်ကိုမထောက်အခုထက်ထိနိုင်ငံအတွက်လုပ်ဆောင်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာသူတို့ရဲ့ခေါင်းဆောင်ပဲ သူ့ရဲ့အဆုံးအဖြတ်ကိုလေးစားမယ်လို့အတိအလင်းဝန်ခံတာတွေကိုပါဖော်ပြရမှာပါ။နိုမို့ဆိုရင် ဒါဟာပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုသက်သက်ဖြစ်သွားမှာပါ။ ဦးအောင်ရွှေအသက်အရွယ်နဲ့ အစိုးရဖိနှိပ်မှုမျိုးနဲ့ဆိုရင် နာဂစ်ဒေသကိုသူသွားလိုက်မှ တားတာဆီးတာတွေနဲ့ ပါတီကနေ ဘာမှလုပ်ပေးလို့ရမယ်လို့မထင်ပါဘူး။