Wednesday 31 March 2010

အစည်းဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း

အစည်းဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အစည်းအဝေး ( Seminar) ကို နယ်စပ်တနေရာမှာ ကျင်းပမယ်။ ဒါက ဖုန်းမော်နှစ်ပတ်လည် မှာ စုစည်းမိတဲ့ အမြင်တူ ရင်ခုန်သံတူတွေရဲ့  ဒုတိယမ္ပိ စုစည်းပွဲ။ ဒီမှာ သံဃာတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်သားတွေ၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ အလုပ်သမားတွေ၊ သတင်းသမားတွေ ၊ လူမှုအဖွဲ့ အစည်းက မိတ်ဆွေ တွေ တက်ရောက်ဆွေးနွေးကြမယ်။

‘’ မှတ်ပုံမတင်ဘူး။ ရွေးကောက်ပွဲမ၀င်ဘူး’’ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ‘’ ငါတို့ ဘာဆက်လုပ်မလဲ “ ဆိုတဲ့ မေးခွန်းပေါ်မှာ အဖြေရှာကြမယ်။ ‘’ ၂၀၁၀ ကိုဘယ်လို တိုက်ဖျက်မလဲ ။‘’ ဘယ်လို လှုပ်ရှားမှုတွေလုပ်ကြမလဲ ‘’

ပါတီရှိဖို့ ထက် နိင်ငံရေးရှိဖို့ က ပိုအရေးကြီးတယ် ဆိုတဲ့ ဆရာကြီးဦးဝင်းတင်ရဲ့  စကား ကပြည်တွင်းသာမဟုတ် ပြည်ပက အဖွဲ့ တွေလည်း သတိပြုဖို့ လိုနေပြီ။ ဒါကြောင့် ငါဘယ်ပါတီက၊ ဘာ ပရောဂျက်၊ ဘာလူကြီးဆိုတာတွေ ဘေးချိတ်ထားခဲ့ကြ။

‘’ တခေါင်းတဉာဏ်’’ ‘’ တယောက်ယူသော်မရ၊ တသောင်းယူသော်ရ သည် ‘’
ဆိုတဲ့စကားလို ၀ိုင်းဝန်းဆွေးနွေးမယ်။ အဖြေရှာမယ်။
‘’ တိုက်ပွဲအပေါ် ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တယ်။ ‘’
အောင်ပွဲအပေါ် ယုံကြည်တယ် ဆိုရင် ဖြင့် သင်တို့ကို ကျွန်ုပ်တို့ကြိုဆိုနေပါတယ်။

ပြည်ပရောက်ရဲဘော်များ၊ မိတ်ဆွေများ -

သင် ဘယ်ဘဲရောက်ရောက်၊ ဘာတွေပဲစားစား သင်ဟာ မြန်မာ ရေနဲ့ မြန်မာ့ မြေ ကိုမမေ့ ဘူးဆိုတာကိုယုံကြည်နေတယ်။ တော်လှန်ရေးနဲ့ ရဲဘော်တွေကိုမမေ့ သေးဘူးဆိုတာဒို့ ယုံကြည်နေတယ်။   သင်ဟာ တော်လှန်ရေးကို ရရာနေရာ ကနေ လုပ်နိင်စွမ်းရှိတယ်ဆိုတာ
ကိုမမေ့ စမ်းပါနဲ့   ။  ရဲဘော်တို့ အတွက် စကိုင်းပီ ( Skype) ကနေ တဆင့် ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။စကိုင်ပီ နာမည်တွေကို ကွန်မင့်မှာ ရီဂျက်စတာလုပ်ခဲ့ပါ။ ရေးထားပေးခဲ့ပါ။


ဆွေးနွေးပွဲနေ့……… ဧပြီလ ၃ ရက်၊ ၂၀၁၀ ( စနေနေ့ )

ကိုဂါမဏိ (089-565-8810) gamanii@gmail.com
ကိုမင်းဇော် (085-735-1457 ) minzaw101@gmail.com
ကိုသံဒုတ် (086-119-9091 )tdoke@gmail.com
ကိုလွဏ်းဆွေ (081-284-1418) lunswe@gmail.com
ကိုယဉ်ထွေး ( 084-575-5416 )yinhtway@gmail.com  တို့ ကိုဆက်သွယ်နိုင်ပါတယ်။


မှတ်ချက်- နံနက်စာကို လ္ဘက်ရည်နဲ့ မုန့်  ( ကိုလွမ်းဆွေ မှ တာဝန်ယူထားတယ်။)
နေလည်စာကို ဗူးသီးနဲ့ ဝက်သားချဉ်ရည်ဟင်း၊ ငပိဘာလချောင် နဲ့ တည်ခင်းပါမယ်။ ( ကို သံဒုတ် BLSO တာဝန်ယူထားပါတယ်။) 

23 comments :

victorOway said...

နံနက်စာကိုဘာနဲ့ကျွေးမှာလည်း၊ခင်ဗျားရေးထားတာက ကိုလွမ်းဆွေက လက်ရည်နဲ့ကျွေးမယ်ဆိုလို့  လက်ရည်ဆိုရင်တော့ ဘယ်သူမှ စားမယ်မထင်ဘူး။စာလုံးပေါင်းလေးဘာလေးနည်းနည်းသတိထားပါဦး။

victorOway said...

Sky name-jargyi1

victorOway said...

Sky name-jargyi1

birumasamurai said...

birumasamurai127(skype)
Aung Myat Win(Law)
Kwansei Gakuin University
JAPAN

Anonymous said...

My Skype Name is mgmyanmar88
Want to know what time it is going to be.

Anonymous said...

Hello,
I want to particaipte in disccussion. My Skype name is "mgmyanmar88".
And I want to know what time it is going to be. Is it Myanmar Standard Time or Thailand? Or Greenwhich Mean Time?
Thanks

---- said...

ဒီလိုမျိုးကိုယ်ထူကိုယ်ထ အစည်းအဝေးကို စိတ်ဝင်စားတယ်။ လာဝါးမယ်။

ဘုန်းကျော်(လူ့ဘောင်ချစ်)

rosary said...

kokomin2

Rakhaingthar said...

My skype name is khaing.aung.kyaw.

ဒါနဲ့ဘဲ ဆက်သွယ်လိုက်ပေါ့နော် ။ပြောကြဆိုကြတာပေါ့

Rakhaingthar said...

my skype name is kaing.aung.kyaw

mgmingyithar said...

www.Ustream.com is better for live broadcast. just tell us when it will gona be and we can watch. Thanks

Anonymous said...

My skype name is htinaungkyaww

Htin Aung Kyaw

mgmingyithar said...

www.Ustream.com is better website to live broadcast. just tell us when it will gona be and we can watch and chat. Thanks

Anonymous said...

တော်တော် ချမ်းသာတဲ့ တော်လှန်ရေးသမားတွေပါလား။ ကျွေးမွေဖို့တောင် တယောက်တည်းတာဝန်ယူနိုင်တယ်။ တော်လှန်ရေးကြီး အဓွန်ပရှည်ပါစေ

နီတွတ် said...

virago2002
ရောက်တဲ့နေရာကနေပြီးဒေါ်စုကိုအားပေးယုံကြည်ပါတယ်ကျွန်တော်လဲဆွေးနွေးပါရစေ။နိုင်ငံရေးကိုတော့သိပ်နားမလည်သေးပါဘူး။ဒါပေမဲ့တိုက်ပွဲခေါ်သံတွေတော့ကြားနေရပါပြီ
အောင်ပွဲနဲ့လည်းနီးပြီလို့ထင်ပါတယ်။

ni tut said...

တိုက်ပွဲခေါ်သံတွေတော့ကမ္ဘာအနှံကြားနေရပါပြီဒေါ်စုနဲ့မြန်မာပြည်သူလူထုရဲ့အောင်ပွဲကိုကျွန်တော်လဲတတ်နိုင်သလောက်လေးပါဝင်ချင်ပါတယ်။

Anonymous said...

ပရိုပိုဆယ် မရှိဘူး။ ကိုယ်ထူကိုယ်ထကို လက်တွေ့စလုပ်ပြနေတယ် ဆိုတဲ့ဘက်က ကြည့်လိုက်ပါ။ မနာလိုမဖြစ်နဲ့ အနောနီးမတ်။
ဒီမှာက နိုင်ငံခြားသားတွေ အဖြူတွေ ခေါ်တွေ့ ခေါ်ကျွေးမှ ဗမာချင်းတွေ့နေကြတာ။ ဗမာချင်း ပြောနေကြတာ။
ခုက ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ် ပေါင်းသင်းဆက်ဆံဖို့ စတင်လုပ်ပြလိုက်တာ.. အပျက်ချည်းမကြည့်နဲ့။ မင်းလဲ ပါလို့ရတယ်။ ဘေးထိုင်ဘုပြော ဆိုတာ ဖျောက်ကြည့်လိုက်ပါဦး

Anonymous said...

တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေ
နအဖနဲ့ တေဇတို့ ဇော်ဇော် တို့ ၇ဲ့ အကြွင်း အကျန်သာ
စားနေရသော ဒူးမနာသား များအမြန်ဆုံးကျဆုံးပါစေ

ထင်အောင်ကျော်

Anonymous said...

21st century Skype revolutionists cannot have breakfast and lunch at this time. Eat your own Sushi and Hamburgers however refund will be given by organizing committee. Keep your own receipt for redemption. Thank you for your attention. :)

Anonymous said...

ဘူးသီင်္းနဲ့ ဝက်သားချဉ်ရေဟင်း ကျွေးနိင်တာ
ချမ်းသာလို့ မဟုတ်ပါဘူး။ သွေးစည်းမှုကို ပြသာတာ
ဖြစ်ပါတယ်။ ခင်ဗျားတို့ လည်းတတ်နိင်သလောက်
လူဒန်းနိင်ပါတယ်။ ကျနော်တို့ က ကိုယ်ထူကိုယ်ထ
တော်လှန်ရေးလုပ်နေတာပါ။

Aung Myint Htun said...

Hi
I want to particaipte in disccussion. My Skype name is " aung.myint.htun "

Thanks
Aung Myint Htun
Joint Action Democratic Forces for Boycott 2010 Election in Burma .

Myo Thein said...

Hello,

This is Myo Thein.

My skype name is

myo.thein19

KO said...

skppe name .. kokoaung2
country .. Japan