လွန်ခဲ့တဲ့ မတ်လ ၁၉ ရက်က နယူးဒေလီက မြန်မာသံရုံးရှေ့မှာ "၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ ဒေလီရောက် မြန်မာ နိုင်ငံသား၇၂ ယောက်" ဟာ ဆန္ဒပြနေတုန်းမှာ အိန္ဒိယရဲတွေ အတင်းအဓမ္မ ဝင်ဖမ်းဆီးတာ ခံလိုက်ကြရပါတယ်။ အကြောင်းကတော့ ဒေလီရောက် မြန်မာ နိုင်ငံသား တွေက "သန်းရွှေ ရဲ့ မတ္တရားတဲ့ အမိန့်အာဏာကို ဖီဆန်တဲ့အနေနဲ့ ဆန္ဒပြဖို့ရာ သတ်မှတ်ပေးထားတဲ့ ဂျန်တားမန်တား ပန်းခြံနေရာမှာ ဆန္ဒမပြကြဘဲ နယူးဒေလီက မြန်မာသံရုံးရှေ့မှာ အပြင်းအထန် ဆန္ဒပြထုပ်ဖော်ခဲ့ကြလို့" ဖြစ်ပါတယ်။ ချန်နကရာ ပူရီ ရဲစခန်းမှာ "အဖမ်းခံရသူတွေထဲက မြန်မာ နိုင်ငံသား(၂၆ )ယောက်ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုထားပါတယ်။" သူတို့ကို မတ်လ ၂၃ ရက်မှာ ဒေသတရားရုံးဖြစ်တဲ့ နယူးဒေလီမြို့ ရှိ ပါတီးယားလား တရားရုံးမှာ စီရင်ချက်ချမှာဖြစ်တယ်။ ဒီဆန္ဒပြပွဲ ဟာ မြန်မာနိုင်ငံသား အားလုံးအတွက် နအဖ ရဲ့ အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ မြန်မာ နိုင်ငံသား တိုက်ပွဲဝင်သူရဲကောင်းတွေမို့ သူတို့လွတ်မြောက်ရေးအတွက် အန္ဒိယ ဝန်ကြီးချုပ် ထံ စာရေးတောင်းဆို ထားပါတယ်။ နယူးဒေလီ မြန်မာသံရုံးရှေ့က မြန်မာ နိုင်ငံသား ဒေါသပုံရိပ်ဓါတ်ပုံ များကို http://anyarnwaytamarmyay.blogspot.com/2010/03/blog-post_19.html ကြည့်ရှူ့အားပေး နိုင်ပါတယ်။ သူတို့လွတ်မြောက်ရေးအတွက် အန္ဒိယ ဝန်ကြီးချုပ် ထံ ပေးစာ ကို လည်း ကြည့်ရှူ့နိုင် ပါတယ်။ အားလုံးပါဝင်လက်မှတ်ရေးထိုးတောင်းဆိုနိုင်တဲ့ အွန်လိုင်း လင့် ကတော့ http://www.petitionspot.com/petitions/26Burmeseactivist/ ဖြစ်ပါတယ်။
Letter to PM of India for the Release of 26 Bumese Activist FINAL
Monday, 22 March 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment